Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

အတိတ်နဲ့ ပစ္စုပ္ပန်ကြားက ထိတ်လန့်သည်းဖို ဘောလိဝုဒ်ရုပ်ရှင် Pari (2018)

$
0
0

ဒီတခါမှာတော့ IMDB Rating (6.6) ရရှိထားတဲ့ Horror, Mystery ရုပ်ရှင်အမျိုးအစား ဘောလိဝုဒ်ဇာတ်ကား ကောင်းတကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။

ဒီဇာတ်ကားကိုတော့ ဒါရိုက်တာ Prosit Roy က ရိုက်ကူးထားပြီး PK မင်းသမီးလို့လူသိများတဲ့ မင်းသမီး Anushka Sharma ၊ မင်းသား Parambrata Chatterjee ၊ Rajat Kapoor နဲ့ အခြားသော သရုပ်ဆောင်များစွာ ပါဝင် သရုပ်ဆောင်ထားကြတာ ဖြစ်ပါတယ်။

ဇာတ်လမ်းအကျဉ်းကတော့ Arnab ဆိုတဲ့ ကောင်လေးဟာ မိဘတွေ သဘောတူထားတဲ့ ကောင်မလေး တယောက်နဲ့တွေ့အပြီး အပြန်လမ်းမှာပဲ သူတို့စီးလာတဲ့ ကားရှေ့ကို တစုံတခု ပေါ်လာပြီး တိုက်လိုက်မိတဲ့ အတွက်ကြောင့် သူတို့ မိသားစု သုံးယောက်လုံး ခြေမကိုင်မိ လက်မကိုင်မိတွေ ဖြစ်ကုန်ကြပါတော့တယ်။

မိုးရေထဲ အရုပ်ကြိုးပြတ် လဲကျနေတာကတော့ အဘွားအိုတဦးဖြစ်ပြီး အဲဒီနားမှာ နေထိုင်တဲ့ ရွာသားတွေရဲ့အဆိုအရ အဘွားအိုဟာ ခွေးလေခွေးလွင့်တွေ မွေးထားတတ်ပြီး ညဘက် ညဘက်တွေဆို သူ့ရဲ့နာကျင်မှုကြောင့် အော်ဟစ်နေသံ တွေလည်း ကြားရလေ့ရှိတယ်လို့ ဆိုပါတယ်။

အဘွားအိုရဲ့ အလောင်း ရင်ခွဲရုံရောက်တဲ့ အချိန်မှာတော့ ရင်ခွဲရုံ ဝန်ထမ်းတဦးဟာ အဘွားအို လက်မှာရှိတဲ့ အမှတ်တံဆိပ်တခုကြောင့် အသည်းအသန် ဖုန်းခေါ်ဆိုမှုတခုကို ပြုလုပ်ပါတော့တယ်။

ဒီလိုနဲ့ Arnab ဟာ အဘွားအိုနေအိမ်ရှိတဲ့ တောအစပ်ကို ရောက်ရှိသွားချိန်မှာတော့ ခွေးတွေအပြင် သံကြိုးနဲ့ ခြေထောက်ကို တွဲလျက်ချည်ထားတဲ့ မိန်းကလေးတဦးကိုပါ တွေ့ရှိရပါတော့တယ်။ Ruksana လို့ ခေါ်တဲ့ အဲဒီမိန်းကလေးဟာ အဘွားအိုရဲ့ တဦးတည်းသော သမီးဖြစ်ပြီး သားအမိ နှစ်ယောက်လုံး အပြင်လောကနဲ့ အဆက်အသွယ် ပြတ်နေကြပုံလည်း ပေါ်ပါတယ်။

Arnab ဟာ Ruksanaအပေါ် အပြစ်မကင်းသလို ခံစားရတာကြောင့် သူမအမေရဲ့ ဈာပနကိစ္စအထိ လိုက်လံကူညီပေးခဲ့ပြီး အိမ်အပြန်လမ်းမှာ ငွေသားတချို့ ပေးခဲ့ပေမယ့် Ruksana က ငြင်းပယ် ခဲ့ပါတယ်။ အဲဒီအချိန်မှာပဲ ရင်ခွဲရုံက ဝန်ထမ်းရဲ့ ဖုန်းခေါ်ဆိုမှုကို လက်ခံရရှိခဲ့တဲ့ ပရော်ဖက်ဆာ Qasim Ali ဟာ Ruksana ကို သူ့တပည့် တပန်းတွေနဲ့ လိုက်ရှာနေခဲ့ပြီပဲ ဖြစ်ပါတယ်။

Ruksana ကို ဘာကြောင့် အသည်းအသန် လိုက်ရှာကြတာလဲ၊ Ruksana တို့ သားအမိကရော ဘာကြောင့် တောထဲမှာ ခြေရာဖျောက် ရှောင်ပုန်းနေကြသလဲဆိုတာကိုတော့ စိတ်ဝင်တစားနဲ့ ဆက်လက် ကြည့်ရှုကြရမှာ ဖြစ်ပါတယ်။

“Pari” လို့ အမည်ရတဲ့ ဒီရုပ်ရှင်ဇာတ်ကားဟာဆိုရင် ကြည့်ရှုချိန် ၂ နာရီနဲ့ ၁၆ မိနစ် အတွင်းမှာ ရုပ်ရှင်ကြည့်သူတွေကို အချိန်ပြည့် ကြောက်လန့်နေစေမှာ မဟုတ်ဘဲ အချစ်အလွမ်းနဲ့ ကြည်နူးမှုတွေ တလှည့် ၊ ချောက်ချား တုန်လှုပ်စရာတွေတလှည့်နဲ့ မရိုးနိုင်အောင် တွေ့မြင်ခံစားကြရမှာပဲ ဖြစ်ပါတယ်။

အတိတ်နဲ့ လက်ရှိကာလကို ချိတ်ဆက်ထားတဲ့ ထိတ်လန့်အံ့သြစရာတွေ ၊ လူနှစ်ယောက်ကြားထဲက အချစ်ကြောင့် ကြည်နူးနှစ်သက်စရာတွေ၊ နောင်တနဲ့ ယူကြုံးမရခြင်းတွေနဲ့ ပြည့်နှက်နေတဲ့ ဒီရုပ်ရှင် ဇာတ်ကားဟာ ဇာတ်လမ်းအစကနေ အဆုံးအထိ စိတ်ဝင်စားစရာကောင်းအောင် ဆွဲခေါ်သွားမှာ ဖြစ်ပါတယ်။ ဒါကြောင့်မို့မို့ ရုပ်ရှင်ချစ်ပရိသတ်အတွက် ဒီဇာတ်ကားကို ညွှန်းဆို ပေးလိုက်ပါတယ်။

The post အတိတ်နဲ့ ပစ္စုပ္ပန်ကြားက ထိတ်လန့်သည်းဖို ဘောလိဝုဒ်ရုပ်ရှင် Pari (2018) appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...