Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

အိန္ဒိယရုပ်ရှင် “Mersal” တရုတ်နိုင်ငံတွင် မကြာမီ ပြသမည်

$
0
0

တရုတ်နိုင်ငံမှ HGC Entertainment ဟာ အိန္ဒိယ ဒရာမာ ရုပ်ရှင်တခုဖြစ်တဲ့ “Mersal” ကို ပြသခွင့် ရရှိသွားပြီ ဖြစ်ပါတယ်။ တရုတ်မန်ဒရင်း နောက်ခံစကားပြောနဲ့အတူ ဒီနှစ်ကုန်ပိုင်း ဒါမဟုတ်ရင် ၂၀၁၉ ခုနှစ် အစောပိုင်းလောက်မှာ ပြသနိုင်ဖို့ စီစဉ်ထားတယ်လို့ဆိုပါတယ်။

Thenandal Studio Limited ကထုတ်လုပ်ပြီး ဒါရိုက်တာ Atlee ရိုက်ကူးထားတဲ့ အဲဒီရုပ်ရှင်မှာတော့ တမီးလ်စကား ပြောရုပ်ရှင် စတား Vijay က ဇာတ်ရုပ် ၃ ခုနဲ့ ပါဝင်ထားပါတယ်။

အခြားသရုပ်ဆောင်တွေအဖြစ် Samantha Akkineni, Kajal Aggarwal နဲ့ Nithya Menen တို့ ပါဝင်ထားကြပါတယ်။ နောက်ခံတီးလုံးနဲ့ သီချင်းတို့ကိုတော့ အော်စကာဆုနဲ့ ဂရမ်မီဆု ရရှိထားတဲ့ A R Rahman က ဖန်တီးပေးထားတာ ဖြစ်ပါတယ်။

အခုရုပ်ရှင်ကို အိန္ဒိယနိုင်ငံနဲ့အခြားဈေးကွက်တွေမှာ ၂၀၁၇ ခုနှစ် နှစ်ကုန်ပိုင်းလောက်က ဖြန့်ချိခဲ့တာ ဖြစ်ပြီး ဝင်ငွေ ကန်ဒေါ်လာ ၃၅ သန်းရရှိခဲ့ပါတယ်။ ပြီးတော့ မကြာသေးခင်နှစ်များအတွင် တရုတ်နိုင်ငံမှာ ဖြန့်ချိပြမယ့် ပထမဆုံး တမီးလ်ရုပ်ရှင်တကား ဖြစ်လာမှာပါ။

ဇာတ်လမ်းအကြောင်းအရာကတော့ အိန္ဒိယနိုင်ငံရဲ့ ဆေးကုသရေးစနစ်မှာ ဖြစ်ထွန်းနေတဲ့ အကျင့်ပျက်ခြစားမှုနဲ့ မလုံလောက်မှုတွေကို တိုက်ဖျက်ဖို့ ကြိုးပမ်းရတဲ့ ဆရာဝန်တဦးနဲ့ မျက်လှည့်ပညာရှင်တဦးတို့အကြောင်း ရိုက်ကူးထားတာ ဖြစ်ပါတယ်။

ဒါဟာ အိန္ဒိယနိုင်ငံကနေ တင်သွင်းလာတဲ့ ဈေးနှုန်းချိုသာတဲ့ ဆေးဝါးတွေအကြောင်း ဇာတ်အိမ်တည်ထားတဲ့ “Dying to Survive” ရုပ်ရှင်က ရုံဝင်ငွေ ဒေါ်လာ သန်း ၄၀၀ ရရှိခဲ့ပြီးနောက် တရုတ်ရုပ်ရှင် ရေစီးကြောင်းမှာ အိန္ဒိယ ဝင်ရောက်လာတာပဲ ဖြစ်ပါတယ်။

အဲဒီရုပ်ရှင်ရဲ့ အောင်မြင်မှုဟာ တရုတ်နိုင်ငံမှာ အစိုးရရဲ့ မူဝါဒအပေါ် လွှမ်းမိုးနိုင်ခဲ့တဲ့ ရှားရှားပါးပါး ဖြစ်စဉ်တခုကို ဖြစ်ပေါ်စေခဲ့ပါတယ်။ အိန္ဒိယနိုင်ငံရဲ့ အချက်အလက် အခြေခံတဲ့ ရုပ်ရှင်ဇာတ်လမ်းတွေဟာ မကြာသေးခင်ကစလို့ တရုတ်ပရိသတ်ကို အသိဉာဏ်ပညာနဲ့ စိတ်ခံစားမှု အပိုင်းတို့မှာ ချိတ်ဆက်နိုင်ခဲ့ပြီး ဖြစ်ပါတယ်။

တရုတ်နိုင်ငံမှာ အောင်မြင်မှုရခဲ့တဲ့ အိန္ဒိယရုပ်ရှင်တွေထဲမှာ Dangal,” “Secret Superstar” နဲ့ “Bajrangi Bhaijaan” တို့လည်း ပါဝင်ပါတယ်။ ဘောလိဝုဒ်မင်းသား Salman Khan ပါဝင် သရုပ်ဆောင်ထားတဲ့ “Sultan” ရုပ်ရှင်ဟာလည်း အခုလကုန်ပိုင်းမှာ ပြသတော့မှာဖြစ်တယ်လို့ ယခုလ အစောပိုင်းမှာ ကြေညာထားပြီး ဖြစ်ပါတယ်။

Sri Thenandal Films ကုမ္ပဏီလို့ လူသိများတဲ့ TSL ကုမ္ပဏီကတော့ ဒါရိုက်တာ Rama Narayanan က တည်ထောင်ထားပြီး သက်တမ်း ဆယ်စုနှစ် ၄ ခုကြာပြီဖြစ်တဲ့ ထုတ်လုပ်ရေးနဲ့ ဖြန့်ချိရေး ကုမ္ပဏီတခု ဖြစ်ပါတယ်။ “Muni 2,” “Kanchana” နဲ့ “Kanna Laddu Thinga Aasaiya” တု့ိလိုမျိုး ရုပ်ရှင်တွေကို ထုတ်လုပ်ခဲ့ပြီးလည်း ဖြစ်ပါတယ်။

HGC ကုမ္ပဏီကတော့ တရုတ်နိုင်ငံရဲ့ သက်တမ်းအရင့်ဆုံး အိန္ဒိယရုပ်ရှင်ဖြန့်ချိရေး ကုမ္ပဏီ ဖြစ်ပါတယ်။ “Dhoom 3,” “The Mechanic” နဲ့ “Hellboy 3” တို့လိုမျိုး ရုပ်ရှင်တွေကို ဖြန့်ချိခဲ့သလို Hugo ဆုရှင် Liu Cixin ရဲ့ ဇာတ်လမ်းကို အခြေခံထားတဲ့ “Of Ants and Dinosaurs” အပါအဝင် အန်နီမေးရှင်းရုပ်ရှင် ၃ ခုကို ဖန်တီးလျက်ရှိနေပါတယ်။

Ref: variety

The post အိန္ဒိယရုပ်ရှင် “Mersal” တရုတ်နိုင်ငံတွင် မကြာမီ ပြသမည် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


နောင်တော်ကြီးမင်း၏ နောက်ဆုံးည


တားမြစ်ထားတဲ့ သီချင်းလေးတွေ...


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


မြတ်ဗုဒ္ဓ သာသနာ၏ အနှစ်သုံးပါး ( သီလ )


သမ္မတ ဖြစ်ချင်တဲ့ နောက်တစ်ဦး က ဗိုလ်ချုပ်ဟောင်း ဦးဌေးဦး


ဒုတိယအကြိမ်မြောက် တာချီလိတ်မြို့နယ်လုံးဆိုင်ရာ ဆင့်ပွားဓမ္မစကူးလ်...


တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ဇ နီး...


အမျိုးသမီး ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၁) သင်တန်းဖွင့်ပွဲ ကျင်းပ


ဝင်းအောင်ကြီး(မောင်အောင်မွန်) - ရှုမ၀မောင်ဆွေတင့်နှင့် မောင်ဆွေတင့်၏ ရှုမဝ


အီကြာအော် - ဖွတ်ကလေး၊ အီကြာအော်နှင့် ခက်သေးရွာ သမဒဂျီးလဲပွဲ