Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

ရုံဝင်ငွေစာရင်း ထိပ်ဆုံးကနေ ရပ်တည်နေတဲ့ “The Meg” ရုပ်ရှင်

$
0
0

ပြီးခဲ့တဲ့ သီတင်းပတ်ကုန်ပိုင်းကနေစလို့ ရုံတင်ပြသခဲ့တဲ့ “The Meg” ရုပ်ရှင်ဟာ မြောက်အမေရိက ရုံဝင်ငွေစာရင်းမှာ ထိပ်ဆုံးနေရာကို ရယူထားနိုင်တာတွေ့ရပါတယ်။

ရိုက်ကူးကုန်ကျစရိတ်များပြားတဲ့ Warner Bros ရုပ်ရှင်ထုတ်လုပ်ရေးရဲ့ သည်းထိတ်ရင်ဖို ငါးမန်းရုပ်ရှင်ဟာ မြောက်အမေရိကဒေသမှာရှိတဲ့ ရုပ်ရှင်ရုံပေါင်း ၄ ထောင်ကျော်မှာ ပြီးခဲ့တဲ့ အပတ်ကစလို့ ရုံတင်ပြသခဲ့ပြီး ဒေါ်လာ ၄၄ ဒဿမ ၅ သန်း ဝင်ငွေ ရရှိခဲ့ပါတယ်။

တတိယမြောက်သီတင်းပတ်ကာလကို ရောက်ခဲ့ပြီဖြစ်တဲ့ “Mission: Impossible – Fallout” ရုပ်ရှင်ကတော့ ရုံဝင်ငွေ ဒေါ်လာ သန်း ၂၀နဲ့ ဒုတိယနေရာမှာ ရပ်တည်နေတာကို တွေ့ရပါတယ်။

တရုတ်နိုင်ငံနဲ့အတူ ပူးတွဲထုတ်လုပ်ထားတဲ့ “The Meg” ရုပ်ရှင်ဟာ ရိုက်ကူးထုတ်လုပ်ကုန်ကျစရိတ် ဒေါ်လာ သန်း ၁၃၀ တောင်ရှိခဲ့ပါတယ်။ ငွေကြေးအကုန်ကျခံရိုက်ကူးထားတဲ့နည်းတူ နိုင်ငံတကာရပ်ဝန်းကနေ ရုံဝင်ငွေ စုစုပေါင်း ဒေါ်လာ ၉၆ ဒဿမ ၈ သန်းရရှိထားပြီး ဖြစ်ပါတယ်။

ဒေါ်လာ ၄၄ ဒဿမ ၅ သန်း ဝင်ငွေ ရရှိခဲ့တဲ့ “The Meg” ရုပ်ရှင်ဟာ Warner Bros ရုပ်ရှင်ထုတ်လုပ်ရေးရဲ့ အခုနှစ် အတွင်းမှာပဲ ရုံတင်ခဲ့တဲ့ “Ready Player One” နဲ့ “Ocean’s 8” ရုပ်ရှင်တို့ကို ကျော်တက်ပြီး ဒီနှစ်အတွက်အကောင်းဆုံး အဖွင့်ရုံဝင်ငွေအများဆုံးရုပ်ရှင် ဖြစ်လာခဲ့ပါတယ်။

အခုသြဂုတ်လမှာ ဖြန့်ချိဖို့ စီစဉ်ထားတဲ့ စတူဒီယိုရဲ့ ဈေးကွက်နည်းဗျူဟာအတိုင်း ခန့်မှန်းထား တာထက်ပိုပြီး ဝင်ငွေရရှိခဲ့တဲ့အကြောင်း Warner Bros. ရဲ့ ပြည်တွင်းဖြန့်ချိရေး အကြီးအကဲ Jeff Goldstein ကဆိုပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်မှာပဲ ရုံစတင်ခဲ့တဲ့ “BlacKkKlansman” ရုပ်ရှင်ဟာ ရုံဝင်ငွေ ဒေါ်လာ ၁၀ ဒဿမ ၈ သန်းနဲ့ ပဉ္စမနေရာမှာ ရပ်တည်နေပါတယ်။ ဒါဟာ ဆယ်စုနှစ်တခုအတွင်းမှာ ဒါရိုက်တာ Spike Lee အတွက်တော့ အကောင်းဆုံးအဖွင့်လှခဲ့တဲ့ ရုပ်ရှင်လည်းဖြစ်ပါတယ်။

လူအသေအပျောက်ရှိခဲ့တဲ့ Charlottesville လူထုစုဝေးပွဲ နှစ်ပတ်လည်နေ့မှာ စတင်ပြသခဲ့တဲ့ အဲဒီရုပ်ရှင်ဟာ Rotten Tomatoes ရုပ်ရှင် အမှတ်ပေးဝက်ဘ်ဆိုက်မှာ ၉၇ ရာခိုင်နှုန်းကောင်းမွန်မှု ဖော်ပြခံထားရပါတယ်။ ၂၀၀၆ ခုနှစ်က ထွက်ရှိခဲ့တဲ့ ဒါရိုက်တာ Lee ရဲ့ “Inside Man” ရုပ်ရှင်ဟာ ဒေါ်လာ ၂၈ သန်းနဲ့ ပွဲဦးထွက်ခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့သီတင်းပတ်အတွင်းမှာပဲ စတင်ပြသခဲ့တဲ့ Sony ရဲ့ “Slender Man” ရုပ်ရှင်ကတော့ ဒေါ်လာ ၁၁ ဒဿမ ၃ သန်းနဲ့ စတုတ္ထနေရာမှာ ရပ်တည်ခဲ့ပါတယ်။ ရိုက်ကူးကုန်ကျစရိတ် ဒေါ်လာ ၁၀ သန်းသာ ရှိခဲ့တဲ့ အဲဒီရုပ်ရှင် အတွက်တော့ အစကောင်းတယ်လို့ ပြောရမှာပါ။ “Dog Days” ရုပ်ရှင်ကတော့ ရုံတင်ခဲ့တဲ့ ပထမဆုံး သီတင်းပတ်မှာပဲ ဒေါ်လာ ၂ ဒဿမ ၆ သန်းရရှိထားပါတယ်။

Disney ရုပ်ရှင်ထုတ်လုပ်ရေးရဲ့ “Christopher Robin” ရုပ်ရှင်ကတော့ တတိယနေရာမှာ ဒေါ်လာ ၅၀ ဒဿမ ၃ သန်းနဲ့ ရပ်တည်နေပါတယ်။ Universal ရဲ့ “Mamma Mia! Here We Go Again” ရုပ်ရှင်ကတော့ အခုဆိုရင် မြောက်အမေရိက ရုံဝင်ငွေ စာရင်းမှာ ဒေါ်လာ သန်း ၁၀၀ ရရှိထားပြီး ကမ္ဘာတဝန်းမှာတော့ ဒေါ်လာ သန်း ၂၈၀ ရရှိထားပြီးဖြစ်ပါတယ်။

Ref:Reuters

The post ရုံဝင်ငွေစာရင်း ထိပ်ဆုံးကနေ ရပ်တည်နေတဲ့ “The Meg” ရုပ်ရှင် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...