Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

မင်းသား Russell Crowe နဲ့တွဲနေတယ်လို့ သတင်းထွက်နေတဲ့ အဆိုတော် Celine Dion

$
0
0

အဆိုတော် Celine Dion ဟာ ခင်ပွန်းကွယ်လွန်ပြီး နှစ်နှစ်ကြာခဲ့ပြီးတဲ့နောက် အချစ်ဇာတ်လမ်းအသစ်တခု စနေပြီ ဆိုတဲ့သတင်းတွေ ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာ ထွက်ပေါ်လာခဲ့ပါတယ်။ နာမည်ကျော်အဆိုတော် Celine ဟာ မင်းသား Russell Crowe နဲ့တွဲနေတယ်လို့ သတင်းတွေ ဟိုးလေးတကျော် ထွက်ပေါ်လာခဲ့တာလည်း ဖြစ်ပါတယ်။

သူတို့နှစ်ဦးဟာ ခိုင်မာတဲ့ဆက်ဆံရေးရှိတယ်လို့ သတင်းရင်းမြစ်တခုကဆိုပါတယ်။ အတွင်းသတင်း တခုက “သူတို့နှစ်ဦး တိုးတိုးတိတ်တိတ်တွဲနေကြတာ သီတင်းပတ်အနည်းငယ်လောက်ရှိပါပြီ။ သူတို့တွဲတာ သိပ်မကြာသေးပေမယ့် သူတို့နှစ်ဦး သိကျွမ်းခဲ့တာ ကြာခဲ့ပါပြီ” လို့ OK! မဂ္ဂဇင်းကို ပြောကြားခဲ့ပါတယ်။

မင်းသား Crowe ဟာ သူတို့နှစ်ဦးမဆုံတွေ့ခင်ကတည်းက ကနေဒါပေါ့ပ်အဆိုတော် Celine ကို သဘောကျနေခဲ့တာလို့ ဆိုပါတယ်။ သတင်းရင်းမြစ်တခုက “သူတို့ကိုလုံးဝ နားလည်တဲ့ လူတယောက်ကို တွေ့ခဲ့တယ်လို့ ခံစားခဲ့ကြရတာပါ။ တယောက်နဲ့ တယောက် ရင်ဖွင့်ဖြစ်ပြီး တဦးအပေါ် တဦးနှစ်သိမ့်ပေးကြပါတယ်” လို့ ကောလာဟလထွက်ပေါ်နေတဲ့ ချစ်သူနှစ်ဦးအကြောင်း ပြောပြခဲ့ပါတယ်။

“Gladiator” ရုပ်ရှင်စတား Crowe ဟာ Celine ရဲ့ ခင်ပွန်းသည် Rene Angeli ကွယ်လွန်ခဲ့ပြီးတဲ့နောက် စိတ်မကောင်းဖြစ်ရတဲ့အကြောင်းရေးသားထားတဲ့ စာနဲ့အတူ ပန်းတွေကိုလည်း ပေးပို့ခဲ့တာမျိုးရှိခဲ့ပါတယ်။

နယူးဇီလန်နိုင်ငံမှာ မွေးဖွားခဲ့တဲ့ မင်းသား Crowe ဟာ ဇနီးဟောင်း Danielle Spencer နဲ့ ကွာရှင်းခဲ့ရတဲ့ အကြောင်း ကိုလည်း ပြောပြထားပြီးဖြစ်ပါတယ်။

မင်းသား Crowe နဲ့အဆိုတော် Celine တို့ဟာ မိဘရေးရာနဲ့ ဂီတရေးရာ အကြောင်းအရာတွေနဲ့ နီးစပ်ခဲ့ကြတာ ဖြစ်ပြီး နှစ်ဦးသားအတွက် ရင်ဖွင့်ရာ၊ စိတ်အပန်းပြေရာ ဖြစ်ခဲ့ကြတယ်လို့လည်း ဆိုပါတယ်။ Celine ရဲ့ ကိုယ်စားလှယ်ကတော့ အခုလိုမျိုးအချစ်ရေး ကောလာဟလသတင်းတွေကို ငြင်းဆိုထားပါတယ်။

မင်းသား Croweနဲ့ ကောလာဟလသတင်းမထွက်ခင်မှာ အဆိုတော် Celine ဟာ သူရဲ့ နောက်ခံအကသမား Pepe Munoz နဲ့ တွဲခဲ့တယ်လို့လည်း သတင်းထွက်ခဲ့ပါသေးတယ်။ အဲ့ဒီသတင်းတွေက ပြီးခဲ့တဲ့နှစ် နွေကာလမှာ ထွက်ခဲ့တာဖြစ်ပေမယ့် သူတို့နှစ်ဦးဟာ သူငယ်ချင်းတွေသာ ဖြစ်တယ်လို့ ကိုယ်စားလှယ်တွေက ပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်၊ ဧပြီလမှာ “My Heart Will Go On” သီချင်းအဆိုတော် Celine ဟာ ချစ်သူထားဖို့ အဆင်သင့် မဖြစ်သေးတဲ့အကြောင်း ပြောကြားခဲ့ဖူးပါတယ်။

ဇွန်လ ၂၆ ရက်နေ့ကစလို့ “Live 2018” ဆိုတဲ့ ကမ္ဘာလှည့်ဖျော်ဖြေပွဲကို ပြုလုပ်နေတဲ့ Celine ဟာ ကွယ်လွန်သူ ခင်ပွန်းနဲ့ ကလေး ၃ ဦးရရှိထားပါတယ်။

အကြီးဆုံးသား Rene-Charles Angelil ကို ၂၀၀၁ ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက်နေ့မှာ မွေးဖွားခဲ့ပြီး အမွှာလေးတွေဖြစ်တဲ့ Eddy နဲ့ Nelson Angelil တို့ကိုတော့ ၂၀၁၀ ခုနှစ် အောက်တိုဘာလ ၂၃ ရက်နေ့မှာ မွေးဖွားခဲ့တာဖြစ်ပါတယ်။ မင်းသား Crowe မှာလည်း ဇနီးဟောင်းနဲ့ ရရှိထားတဲ့ ကလေးနှစ်ဦးကိုပိုင်ဆိုင်ထားပါတယ်။

Ref:aceshowbiz

The post မင်းသား Russell Crowe နဲ့တွဲနေတယ်လို့ သတင်းထွက်နေတဲ့ အဆိုတော် Celine Dion appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...