Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

နောက်ဆက်တွဲ ရုပ်ရှင်တွေ ထွက်ရှိလာဦးမယ့် “ကမ္ဘာကျော်ရုပ်ရှင်ကားများ”

$
0
0

ကျော်ကြားတဲ့ ရုပ်ရှင်တွေကို ထုတ်လုပ်ရေးကုမ္ပဏီတွေကနေ နောက်ထပ်နောက်ဆက်တွဲ ရုပ်ရှင်တွေ ဆက်လက် ထုတ်လုပ်ခြင်းဟာ အစဉ်အလာတခုလိုဖြစ်လာပြီး အနုပညာအရရော စီးပွားရေးအရပါ ပြိုင်ဆိုင်မှုတွေ ပြင်းထန်လာခဲ့ကြ တာပဲဖြစ်ပါတယ်။

အခုဖော်ပြပေးမှာကတော့ ထပ်မံထွက်ရှိလာဦးမယ့် ကမ္ဘာကျော်ရုပ်ရှင်တွေရဲ့ နောက်ဆက်တွဲ ရုပ်ရှင်ဇာတ်ကားတွေ အကြောင်းပဲ ဖြစ်ပါတယ်။

(၁) Avatar 2

ဒါရိုက်တာ James Cameron ရဲ့ “Avatar 2” ရိုက်ကူးရေးဟာ စတင်နေပြီလို့ သိရပြီး မူလသရုပ်ဆောင်တွေဖြစ်တဲ့ Sam Worthington နဲ့ Zoe Saldana တို့ပဲ ပြန်လည်သရုပ်ဆောင်ထားကြတာ ဖြစ်ပါတယ်။

ဒီတကြိမ်မှာတော့ အဓိကဇာတ်ကောင်တွေဖြစ်ကြတဲ့ Jake Sully နဲ့ Neytiri တို့ကို မိဘတွေအဖြစ်တွေ့မြင်ကြရမှာဖြစ်ပြီး Na’ vi တွေကို ဆက်လက်ကယ်ဆယ်ကြမှာပဲဖြစ်ပါတယ်။ ၂၀၂၀ ခုနှစ်မှာ ထွက်ရှိဖို့ လျာထားတာဖြစ်ပြီး တနှစ်ကို တကားနှုန်းနဲ့ ဒါရိုက်တာက အစီအစဉ်ဆွဲထားတယ်လို့လည်း သိရပါတယ်။

(၂) Mulan

Disney ဟာ သူတို့ရဲ့ အောင်မြင်မှုကို “Beauty And The Beast” မှာ ဆက်လက်ရရှိခဲ့တဲ့အတွက်ကြောင့် အခုတခါမှာ လည်း Mulan ကို live-action အဖြစ်အသက်သွင်းဖို့ ဆုံးဖြတ်ထားပြီးဖြစ်ပါတယ်။

Mulan ရုပ်ရှင်ဟာလည်း ၂၀၂၀ ခုနှစ်မှာ ပြသဖို့ရှိပြီး ငယ်ရွယ်လှပတဲ့ အမျိုးသမီးသရုပ်ဆောင် ၁၀၀၀ ထဲကမှ တရုတ်မင်းသမီး Yifei Liu ကို Disney က Mulan ဇာတ်ကောင်အတွက် ရွေးချယ်ခဲ့တာပဲဖြစ်ပါတယ်။

(၃) It : Chapter Two

သရုပ်ဆောင်တွေအကုန်လုံး အသက်ကြီးလာကြပြီး ဇာတ်အိမ်တည်ထားတဲ့အချိန်ကစရင် ၂၇ နှစ်ကြာမြင့်ခဲ့ပြီလည်း ဖြစ်ပါတယ်။

၂၀၁၉ခုနှစ်မှာ ပြသမှာဖြစ်ပြီး အဓိကဇာတ်ကောင်တွေဖြစ်တဲ့ Bev နဲ့ Bill နေရာမှာတော့ Jessica Chastalinနဲ့ James McAvoy တို့ ပါဝင်သရုပ်ဆောင်ထားကြတာပဲဖြစ်ပါတယ်။ ဖုန်းခေါ်ဆိုမှုတခုရဲ့အလွန်မှာ It : Chapter Two ဟာ ဘယ်လိုဆွဲဆောင်မလဲဆိုတာ စိတ်ဝင်စားစရာကောင်းနေပြီပဲ ဖြစ်ပါတယ်။

(၄) X-Men : Dark Phoenix

၂၀၁၉ ခုနှစ်ရဲ့ ဆောင်းရာသီမှာ X-Menရဲ့ အခွဲတခုဖြစ်တဲ့ Dark Phoenix ဟာ ထွက်ရှိလာတော့မှာပဲဖြစ်ပါတယ်။

ဒီရုပ်ရှင်ဟာ Jean Grey ရဲ့ အကြောင်းကို ရိုက်ကူးထားတာဖြစ်ပြီး ယခင် X-Men ရုပ်ရှင်တွေမှာ နယ်သာလန် မင်းသမီး Famke Janssen က သရုပ်ဆောင်ခဲ့ပြီး ယခု Dark Phoenix မှာတော့ Game of Thrones ရဲ့ Sansa Stark အဖြစ် သရုပ်ဆောင်ခဲ့တဲ့ Sophie Turner က Dark Phoenix အဖြစ် သရုပ်ဆောင်မှာပဲ ဖြစ်ပါတယ်။

Ref. brightside.me

The post နောက်ဆက်တွဲ ရုပ်ရှင်တွေ ထွက်ရှိလာဦးမယ့် “ကမ္ဘာကျော်ရုပ်ရှင်ကားများ” appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...