Quantcast
Viewing all articles
Browse latest Browse all 7343

“မြင့်မြတ်အတွက် ဇာတ်လမ်းလေးတွေရှိတယ်ဆိုတဲ့” ရဲမင်းပိုင်

ဝါရင့်သရုပ်ဆောင် ရဲမင်းပိုင်ဟာ သရုပ်ဆောင်အကယ်ဒမီမြင့်မြတ်အတွက် သူကိုယ်တိုင်ရေးသားထားတဲ့ ဇာတ်လမ်းလေး ၂ ခုရှိတယ်လို့ ဆိုပါတယ်။ ဒီဇာတ်လမ်းနှစ်ခုရဲ့ ဇာတ်အိမ်က သူ့ရင်ထဲက ဇာတ်အိမ်လေးတွေဖြစ်ကြောင်း သူ့ Facebook မှာ ရေးသားထားပါတယ်။

”ကျနော့် ရင်ထဲမှာရှိသော ဇာတ်အိမ်လေးနှစ်ခုပါ။ ဒါပေမယ့် ခုချိန်မှာအောင်မြင်မယ်လို့ မယူဆတော့ပါဘူး။ ဒီဇာတ်အိမ်လေးနှစ်ထုပ်ဟာ ပညာပေးအသိပေးကြည့်ရှုသူတွေရဲ့ ရင်ထဲမှာ နင့်ကနဲ တခုခုကျန်ရစ်စေမယ့် ဇာတ်အိမ်လေးနှစ်ခုဖြစ်ပါတယ်။ ကျနော့်စိတ်ကူးထဲမှာလည်းခေါင်းဆောင် သရုပ်ဆောင်ညီငယ် မြင့်မြတ်ကိုရည်စူးပြီး ဖန်တီးစိတ်ကူးထားပါတယ်” လို့ ရဲမင်းပိုင်က သူရဲ့ Facebook မှာ ရေးသားထားပါတယ်။

ရဲမင်းပိုင်ဟာ သူကိုယ်တိုင်ရေးသားထားတဲ့ ဇာတ်ညွှန်းလေးတွေရဲ့ အသေးစိတ်ကိုတော့ ဖော်ပြထားခြင်းမရှိပေမယ့် ခေါင်းစဉ်ရဲ့ နာမည်လေးတွေကိုတော့ ပြောပြထားပါတယ်။ ဒီဇာတ်ကားတွေကတော့ “သစ္စာရှိသော ကတိ” ဇာတ်ကားနဲ့ ” သွေးအတွက် ကြိုးဝိုင်း” ဆိုတဲ့ ဇာတ်ကားတွေ ဖြစ်တယ်လို့ သိရပါတယ်။

”ဒီနေ့ညီငယ်မြင့်မြတ်ဟာ ထွန်းလင်းတောက်ပနေတဲ့အနုပညာရှင်တယောက်ပါ။ ဒါပေမယ့် ကျနော့် စိတ်ကူးယဉ်မှုတွေ အားနည်းသွားပါပြီ။ မကြာခင် အကြောင်းတရားတွေကြောင့် အမိမြေကနေ ထွက်ခွာတော့မှာပါ။ သစ္စာတရားသည် တန်ဖိုးရှိသည်၊ မေတ္တာဓါတ်တို့သည် အေးမြလျှက်ရှိသည်၊ ကံတရားသည် ခန္ဓာအိမ်ကိုပိုင်သည်၊ ဘဝတွင်ဖြစ်ချင်တာ မဖြစ်တတ်၊ မဖြစ်ချင်တွေသာလျှင်ဖြစ်ကြသည်၊ ချမ်းသာစွာတည်ရှိပျော်ရွှင်အောင်မြင်ကြပါစေ”လို့ရေးသားထားပါတယ်။

သရုပ်ဆောင်ရဲမင်းပိုင်ကိုတော့ တခေတ်တခါတုန်းက ဖိုက်တင်မင်းသားတယောက်အဖြစ် နယ်ပရိသတ်၊ မြို့ပရိသတ် တွေအများကြီး အားပေးခဲ့ကြတာပါ။ အဲ့ဒီနောက် အမေရိကကိုရောက်ရှိသွားပြီးနောက်မှာတော့ မြန်မာပရိသတ်တွေနဲ့ အနုပညာအလုပ်တွေကို ၁၀ စုနှစ်အကျော် ဝေးကွာသွားခဲ့တာပါ။

အခုဆိုရင် ရဲမင်းပိုင်ဟာ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလအတွင်းမှာ မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိလာခဲ့တာ ဖြစ်ပြီး ပြန်ရောက်လာတဲ့ အချိန်မှာလည်း ရဲမင်းပိုင်ပြန်လာပြီဆိုတဲ့ ဇာတ်လမ်းတိုလေးကို သူ့ရဲ့ ပရိသတ်တွေဆီအရောက်ပို့နိုင်ဖို့ ရိုက်ကူးခဲ့ပါတယ်။

မကြာခင်မှာလည်း အမေရိကားကို ပြန်တော့မှာဖြစ်တယ်လို့ သူရဲ့ Facebook မှာရေးသားထားပါတယ်။

The post “မြင့်မြတ်အတွက် ဇာတ်လမ်းလေးတွေရှိတယ်ဆိုတဲ့” ရဲမင်းပိုင် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...