Myanmar Idol သီချင်းဆိုပြိုင်ပွဲကြီးရဲ့ ပဲ့ကိုင်ရှင် မမီး(ခေါ်) ဒေါ်နန်းမောက်လောဝ်ဆိုင်ကတော့ Myanmar Idol ပြိုင်ပွဲရဲ့ နောက်လာမယ့် Season တွေမှာ အမှန်ကန်ဆုံး Voting ၊ အချစ်ခင်ရဆုံးသူနှင့် အကောင်းဆုံးပုဂ္ဂိုလ် တွေဖြစ်လာဖို့ အတွက် ရွေးချယ် အားပေးကြပါလို့ ပြောပါတယ်။
“ကျမတို့အားလုံးတယောက်နဲ့ တယောက် ရန်ဖြစ်နေမယ့်အစား ချစ်ချစ်ခင်ခင်နဲ့ နောက်ထပ်လာမယ့် Season တွေ နောက်ထပ်လာမယ့် ပွဲတွေကျရင် အမှန်ကန်ဆုံး Voting၊ အချစ်ခင်ဆုံးသူနဲ့ အကောင်းဆုံးပုဂ္ဂိုလ်တွေဖြစ်လာဖို့အတွက် ရွေးချယ်တာကို အားပေးကြပါလို့ ပြောချင်ပါတယ်။” လို့ မမီး(ခေါ်) ဒေါ်နန်းမောက်လောဝ်ဆိုင်က ပြောပါတယ်။
ယခင်နှစ်များထက် ဝေဖန်မှုများစွာဖြစ်ပေါ်ခဲ့တဲ့ Myanmar Idol Season 3 ရဲ့ သီချင်းဆိုပြိုင်ပွဲကြီးကတော့ ပြီးဆုံးလို့သွားခဲ့ပြီပဲဖြစ်ပါတယ်။ ပြိုင်ပွဲကြီးပြီးဆုံးလို့သွားခဲ့ပေမယ့် ယခုအချိန်ထိ ဝေဖန်မှုတွေက ဆက်လက်ရှိနေဆဲပ ဲဖြစ်ပါတယ်။
“ဖြိုးမြတ်အောင်အတွက် ကွန်ဂရက်ကျူလေးရှင်းပါ။ သမီးလေးကိုလည်း(မောင်ချို) အရမ်းဖြစ်စေချင်ပါတယ်။ အရမ်းကြိုးစားထားတာကို သိတယ်။ ကိုယ်တိုင်လည်း သိထားတာဖြစ်တဲ့အတွက်။ အခြေအနေအချိန်အခါအရ နေမကောင်း မကျန်းမာဘူးဆိုတာ ဘယ်သူမှပြောလို့မရတဲ့ကိစ္စဖြစ်တဲ့အတွက် စိတ်မကောင်းဖြစ်မိပါတယ်။ မှန်တဲ့သစ္စာပါ။ ကလေးတွေအားလုံးကို Winner ဖြစ်ဖို့အတွက် ကိုယ်တိုင်လည်း အပင်ပန်းခံခဲ့ပါတယ်” လို့ မမီးက ပြောပါတယ်။
ရွေးချယ်ခဲ့တဲ့ ပြိုင်ပွဲဝင်အကုန်လုံးကို Winner ဖြစ်စေချင်တဲ့ ဆန္ဒနဲ့ ကိုယ်တိုင်လည်း အပင်ပန်းခံခဲ့ပြီး သီချင်းဆိုတာတခုတည်းတင်မကဘဲ ကိုယ့်ဘဝကိုယ်ပိုင်ဆိုင်တဲ့ Idol တယောက်ဖြစ်ဖို့အတွက်ကို စိတ်ထဲမှာ အမြဲထားပါတယ်လို့ ဆိုပါတယ်။
“ကလေးတွေကို သီချင်းဆိုတာ တခုတည်းထူးချွန်သွားတာ မဟုတ်ဘဲနဲ့ ဘဝအတွက်ရပ်တည်ဖို့ ကိုယ့်ဘဝကိုယ်ပိုင်ဆိုင်တဲ့ Idol တယောက်ဖြစ်ဖို့အတွက်ကို စိတ်ထဲမှာအမြဲထားပါတယ်။ ကျမတို့တနေ့တချိန်မရှိတော့တဲ့အခါကျရင် ဒီကလေးတွေ က ဦးဆောင်ရမှာပါ။ ဒီကလေးတွေနဲ့ နိုင်ငံမှာရှိတဲ့သူတွေအားလုံးက အကောင်းဆုံးတွေပဲရွေးချယ်ပြီးထားမယ်ဆိုရင် တနေ့နေ့တချိန်ချိန်မှာ အကောင်းဆုံးတွေပဲကျန်ရစ်မှာပါ” လို့မမီးကပြောပါတယ်။
Myanmar Idol Season 3 မှာတော့ ပြိုင်ပွဲဝင် ဖြိုးမြတ်အောင်က Winner ဆုကိုရရှိခဲ့ပြီး ချမ်းမြေ့မောင်ချိုကတော့ ကျန်းမာရေးအခြေအနေကြောင့် မယှဉ်ပြိုင်နိုင်ခဲ့ဘဲ 1st Runner Up ကိုရရှိခဲ့ပါတယ်။
Myanmar Idol ပြိုင်ပွဲကြီးဟာ မြန်မာနိုင်ငံမှာကျင်းပခဲ့တာ ၃ နှစ်ရှိပြီဖြစ်ပြီး စောလားထော်ဝါး ၊ သားငယ်နှင့် ယခုနှစ်မှာတော့ ဖြိုးမြတ်အောင်တို့က Winner ဆုများကို အသီးသီးပိုင်ဆိုင်နိုင်ခဲ့ပြီဖြစ်ပါတယ်။
The post “နောင်လာမယ့်ပွဲတွေမှာ အမှန်ကန်ဆုံး Voting ပေးကြပါ” လို့ပြောတဲ့ စီစဉ်သူ မမီး appeared first on ဧရာဝတီ.