မိန်းကလေး ပရိသတ်တွေ အခိုင်အာ ရရှိထားတဲ့ အဆိုတော် စိုင်းစိုင်းခမ်းလှိုင်က သူ့ရဲ့ ရှိုးပွဲကို အောက်တိုဘာလအတွင်း ကျင်းပ ပြုလုပ်သွားမယ်လို့ သူ့ရဲ့ Facebook မှာ ရေးသား ထားပါတယ်။
သူ့ရဲ့ရှိုးပွဲကို စောင့်မျှော်နေကြတဲ့ ပရိသတ်တွေအတွက် သတင်းကောင်းတခုဖြစ်ပြီး ဒီပွဲကျင်းပဖို့ အတွက် နောက်ထက် ၂ လပဲ လိုတော့တာပါ။
အောက်တိုဘာလ ၁၄ ရက်နေ့ (တနင်္ဂနွေနေ့) မှာ ပြုလုပ်မယ့် စိုင်းစိုင်းခမ်းလှိုင်ရဲ့ ဖျော်ဖြေပွဲကြီးကို ရန်ကုန်မြို့မှာရှိတဲ့ အမျိုးသား ကဇာတ်ရုံမှာ ကျင်းပ ပြုလုပ်သွားမယ်လို့ စိုင်းစိုင်းက သူ့ရဲ့ Facebook Page ကရော၊ Facebook Account ကနေပါ ကြေညာခဲ့တာ ဖြစ်ပါတယ်။ လက်မှတ် ဝယ်ယူရမယ့် နေရာ၊ ဈေးနှုန်းတွေကိုတော့ ပြောပြထားခြင်း မရှိသေးပါဘူး။
စိုင်းစိုင်းခမ်းလှိုင်ဟာ ၂၀၁၈ ခုနှစ်မှာ ကျရောက်ခဲ့တဲ့ သူ့ရဲ့ မွေးနေ့ အမှတ်တရ Birthday Show ကို ဧပြီလ ၁၀ ရက်နေ့က ရန်ကုန်မြို့မှာ လုပ်ခဲ့ပါသေးတယ်။ အဲဒီမတိုင်ခင် သူရဲ့ တကိုယ်တော် တေးစီးရီး “Sai Sai is Sai Sai” အခွေကိုလည်း ဧပြီလအတွင်းမှာပဲ ထွက်ရှိခဲ့ပါတယ်။ ဒီအခွေက အရင်အခွေတွေထက် အောင်မြင်မှုတွေ အများကြီး ပိုင်ဆိုင်ခဲ့ပါတယ်။
စိုင်းစိုင်းဟာ အခုလက်ရှိမှာတော့ ဂီတဘက်ကိုပဲ ဦးစားပေးနေတာ တွေ့ရပါတယ်။ သရုပ်ဆောင်နဲ့ပတ်သက်တဲ့ အနုပညာ လှုပ်ရှားမှုတော့ သိပ်မတွေ့ရတော့ပါဘူး။ စိုင်းစိုင်းခမ်းလှိုင်ဟာ စီးပွားရေး အနေနဲ့ Frenzo Production မှာ ဦးဆောင်သူတဦး ဖြစ်သလို SAI Cosmetix ရဲ့ ထုတ်လုပ်သူ တဦးလည်း ဖြစ်ပါတယ်။
ဆက်စပ် သတင်းလင့်ခ် – စိုင်းစိုင်းခမ်းလှိုင် ရေးထားတဲ့ “September 22” ပရိသတ် စိတ်ဝင်စားမှု များနေ
The post အောက်တိုဘာလအတွင်း ရှိုးပွဲ ကျင်းပဦးမယ့် အဆိုတော် စိုင်းစိုင်းခမ်းလှိုင် appeared first on ဧရာဝတီ.