Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

ရုရှားနိုင်ငံမှာ ဆုရခဲ့တဲ့ သမီးအတွက် ဝမ်းသာမျက်ရည်ကျခဲ့တဲ့ အရိုင်း

$
0
0

နိုင်ငံပေါင်း ၁၂ နိုင်ငံ ပါဝင်ယှဉ်ပြိုင်ရပြီး ရုရှားနိုင်ငံ OKEAN Center မှာ ကျင်းပပြီးစီးခဲ့တဲ့ “လူငယ်ပွဲတော်၏ အနုပညာပွဲတော်” မှာ ဟာသသရုပ်ဆောင် အရိုင်းရဲ့သမီး ပန်းနုပျိုမေလည်း ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး တဦးချင်း “သွက်လက်ထက်မြတ်တဲ့ ဆုတံဆိပ်” နဲ့ အဖွဲ့လိုက် “Grand Prix အမြင့်ဆုံးဆု” ရရှိခဲ့ပါတယ်။

သမီးရဲ့အောင်မြင်မှုအတွက် မျက်ရည်ကျတဲ့အထိ ဝမ်းသာရတဲ့အကြောင်း သရုပ်ဆောင် အရိုင်းက ဧရာဝတီကို အခုလို ပြောပါတယ်။

“ကျနော်တို့က တိုင်းပြည်နဲ့ ပတ်သက်လာရင် အရမ်း Sensitive ဖြစ်တယ်။ ရှစ်လေးလုံး အရေးအခင်းတုန်းကဆိုလည်း ကိုယ်တွေ ခံစားချက် ပြင်းပြခဲ့ကြတာပဲလေ။ ဘာလို့လဲ ဆိုတော့ အနုပညာသမားလည်းဖြစ်တဲ့အတွက် နိုင်ငံတော် သီချင်းကြားရရင်ကို ကြက်သီးထပြီး ငိုချင်သလိုလို၊ ရီချင်သလိုလို ခံစားမှုတွေ ကျနော်တို့မှာ ရှိတယ်။ လူမျိုးရေးစိတ်ဓာတ် ပြင်းပြတယ်လို့တော့ ပြောရမှာပေါ့”

“သမီးသတင်းကြားတဲ့အချိန်မှာ ကျနော်ကလည်း အလုပ်ကိစ္စနဲ့ ဂျပန်ရောက်နေတာ။ ဆုတွေ ရတယ်ဆိုပြီး Video Call ခေါ်တော့ အဲဒီအချိန်က ကိုယ်တယောက်တည်း အခန်းထဲမှာ။ ဝမ်းတွေသာပြီး မျက်ရည်တွေကျပြီး ဝမ်းသာစကားပြောမိတာပေါ့နော်။ သူကတောင်မှ ဖေဖေကလည်း ဘာလို့ငိုနေတာလဲတဲ့။ မဟုတ်ပါဘူးလို့။ ငါ့သားတွေ၊ သမီးတွေရဲ့ အောင်မြင်မှုကို ဖေဖေ ဂုဏ်ယူလို့ပါလို့။ သမီးဆုရတာကိုတော့ အဖေတယောက် အနေနဲ့ ဝမ်းသာတာပေါ့။ ဒါပေမယ့် အဖွဲ့အားလုံးအတွက် ဝမ်းသာတာပါ” လို့ အရိုင်းက ပြောပါတယ်။

 

သရုပ်ဆောင် အရိုင်းရဲ့ သမီး ပန်းနုပျိုမေနဲ့ မင်းမော်ကွန်းရဲ့သမီး လေပြေသွေး

 

ဒီပြိုင်ပွဲမှာ ပန်းနုပျိုမေက မြန်မာနိုင်ငံ ကိုယ်စားပြုအနေနဲ့ သွားရောင်ယှဉ်ပြိုင်ခဲ့ပြီး အဖွဲ့ထဲမှာ သရုပ်ဆောင် မင်းမော်ကွန်းရဲ့ သမီးဖြစ်သူ လေပြေသွေးလည်း ပါဝင်ခဲ့တာ ဖြစ်ပါတယ်။ ပြိုင်ပွဲအတွက် ဝိုင်းဝန်း အကြံပြုပံ့ပိုးပေးမှုများနဲ့ ပတ်သက်ပြီးလည်း အရိုင်းက အခုလို ဆိုပါတယ်။

“ဒီအစီအစဉ်ကို ပြီးခဲ့တဲ့နှစ်ကလည်း ကျနော်တို့ နိုင်ငံကို ခေါ်တယ်။ ကျနော်တို့ ဘက်က အဆင်သင့် မဖြစ်လို့ မသွားနိုင်ခဲ့လိုက်ဘူး။ ဒီနှစ်တော့ သွားဖြစ်အောင် သွားပါလို့ နိုင်ငံတော်က လူကြီးတွေကလည်း တိုက်တွန်းသလို PTA က လူကြီးများကလည်း ဆောင်ရွက်တဲ့အခါမှာ သဘင်အစည်းအရုံးကို လှမ်းပြီးတော့ အကူအညီတောင်းရတယ်။ မြန်မာမှုနဲ့ပတ်သက်လို့လည်း သဘင် အစည်းအရုံးမှာက တင်ပြဖို့များတယ်လေ”

“ကျွမ်းကျင် နားလည်မှုရှိကြတဲ့ လူကြီးတွေများစွာ ရှိကြတယ်ဆိုတော့ သူတို့လာ ချဉ်းကပ်တာပေါ့။ ဒီဘက်ကလည်း ကူညီဖို့က အဆင်သင့်ပဲလေ။ ကျနော်ဆို ဘယ်သူက တာဝန်ပေးပေး၊ မပေးပေး ကလေးတွေကိုကူညီပေးတယ်။ ဘာလို့ဆို နိုင်ငံခြားကို သွားတဲ့ အခါမှာ ကလေးတွေလည်း ကလေးတွေ အတိုင်းအတာအရ ကိုယ့်နိုင်ငံရဲ့ Image ကို ထိပ်ဆုံးမှာ ရှိစေချင်တယ်။ ထင်ထင်ပေါ်ပေါ် ရှိစေချင်တယ်။ ဝံ့ဝံ့ကြွားကြွား ရှိစေချင်တဲ့ ဆန္ဒက ကျနော်တို့ တိုင်းသူပြည်သားတွေရဲ့ ဆန္ဒပါ” လို့ အရိုင်းက ဆိုပါတယ်။

ဆက်လက်ပြီး အရိုင်းက “ကျနော်တို့က ကလေးတွေရဲ့ ဉာဏ်မှီ သလောက်ပေါ့။ ကျနော်တို့ ဖတ်ထား မှတ်ထားတာလေးတွေ ပြောပြရတာပေါ့။ အကပိုင်းနဲ့ ပတ်သက်ရင်တော့ ဦးမိုးဝင်းတို့က ကောင်းကောင်း သင်ပြပေးလိုက်နိုင်တယ်။ ပတ္တမြားကေခိုင်တို့ကလည်း လိုအပ်တာတွေအကုန်သင်ပြပေါ့။ ကျနော်တို့က ကလေးတွေကို နိုင်ငံနဲ့ ပတ်သက်တာတွေ နိုင်ငံတော်သီချင်း ဘယ်လိုဆိုရမယ်ဆိုတာတွေလည်း ပြောပြရတာပေါ့။ ပြီးတော့ မြန်မာ့ဂီတ အကြောင်း။ တချို့ဆိုခုထိ မြန်မာ့ဂီတ ဘယ်ကစမှန်း မသိသူတွေ ရှိသေးတယ်။ အဲဒါတွေ သူတို့ကို ပြောပြရတယ်”လို့ အရိုင်းက ပြောပါတယ်။

ကိုယ်တွေခေတ်က မရခဲ့တဲ့ ယခုလို နိုင်ငံတကာပြိုင်ပွဲလိုမျိုး အခွင့်အရေးကို သမီးအပါအဝင် ကလေးငယ်များ ရရှိကြတဲ့အတွက်လည်း ကျေနပ်တယ်လို့ ဆိုပြီး သမီး ဖြစ်သူရဲ့ အနာဂတ်နဲ့ ပတ်သက်လို့လည်း “သူ့အနာဂတ်ကို ဖြောင့်ဖြောင့်တန်းတန်း လျှောက်လှမ်းနိုင်ပါစေလို့ပဲ ကျနော် ဆုတောင်းပါတယ်”လို့ အရိုင်းက ပြောပါတယ်။

The post ရုရှားနိုင်ငံမှာ ဆုရခဲ့တဲ့ သမီးအတွက် ဝမ်းသာမျက်ရည်ကျခဲ့တဲ့ အရိုင်း appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...