Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

ဖခင်ထူးအိမ်သင် ကွယ်လွန်ခြင်း ၁၄ နှစ်ပြည့်အတွက် လှူဒါန်းခဲ့တဲ့ သမီးမိကွန်ထော

$
0
0

လူသေပေမယ့် နာမည် မသေသေးတဲ့ တေးရေး၊ တေးဆို ဂီတပညာရှင် ထူးအိမ်သင် ကွယ်လွန်တာ ယနေ့၊ သြဂုတ်လ ၁၄ ရက်နေ့မှာ ၁၄ နှစ်ပြည့်ခဲ့ပြီ ဖြစ်ပါတယ်။ အဲဒီအတွက် သမီးဖြစ်သူ မိကွန်ထောက ရန်ကုန်အခြေစိုက် ပရဟိတလူငယ်များ ကွန်ရက်ကနေတဆင့် လက်ရှိ ရေဘေးသင့်ဒေသများအတွက် အလှူငွေကျပ် ၃ သိန်း လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

”ထူးအိမ်သင်(ကိုငှက်) ကွယ်လွန်ခြင်း ၁၄ နှစ်ပြည့်အတွက် ရည်စူးပြီး လက်ရှိ ရေဘေးသင့် ဒေသများအတွက် လိုအပ်သည်များကို ရန်ကုန်အခြေစိုက် ပရဟိတလူငယ်များကွန်ရက် မှတဆင့် ကူညီမျှဝေပေးရန် ကိုထူးအိမ်သင်၏ သမီးလေး မိကွန်ထောမှ ငွေကျပ် ၃ သိန်း လာရောက် လှူဒါန်းသွားပါတယ်”

“ပြည်သူတွေရဲ့ အနှိုင်းဆမဲ့ ချစ်ခြင်းတွေ ကမ္ဘာတည်သရွေ့ ရရှိနေမယ့် ချစ်ရသော ကိုငှက်၊ ရောက်လေရာ ကောင်းမွန်သော ဘုံဘဝတွေကနေ သာဓုခေါ်ပါ အစ်ကို” လို့ အစီအစဉ် တင်ဆက်သူ မောင်မောင်အေးက သူ့ရဲ့ Facebook မှာ ရေးသားထားပါတယ်။

တခေတ်တခါက အောင်မြင်ကျော်ကြားတဲ့ အဆိုရှင်တယောက် ဖြစ်တဲ့ ထူးအိမ်သင်က ယခုအချိန်ထိ ပရိသတ်တွေရဲ့ ရင်ထဲမှာ နေရာ တနေရာ ယူထားနိုင်သူ တယောက်လည်း ဖြစ်ပါတယ်။ ထူးအိမ်သင်ရဲ့သီချင်းများကို ယနေ့တိုင် ပရိသတ်တွေက အားပေးနေကြ ပါသေးတယ်။ သူ့ကိုတော့ အနုပညာအသိုင်းအဝိုင်းက မိတ်ဆွေများက “ကိုငှက်ကြီး” လို့ ချစ်စနိုးနဲ့ ခေါ်ကြပါတယ်။ ထူးအိမ်သင် ကွယ်လွန်ချိန်မှာတော့ အသက် ၄၂ နှစ်ရှိပြီ ဖြစ်ပါတယ်။

ထူးအိမ်သင်ရဲ့ သမီးဖြစ်သူ မိကွန်ထောကလည်း ဖခင်ဖြစ်သူကို မေ့မရဘဲ သတိရနေကြောင်း သူ့ရဲ့ Facebook မှာ ရေးသားထားပါတယ်။

“နောက်တနှစ် ထပ်ကြာပေမယ့် အားလုံးကတော့ မနေ့ကလိုဘဲ သတိရနေဆဲပါ။ အဲ့ဒီမှာ အဆင်ပြေရဲ့လား ဖေ ? ဘယ်နေရာကို ရောက်နေရောက်နေ အဖေကကောင်းတဲ့လူ ဖြစ်လို့ အဆင်ပြေနေမယ်ဆိုတာ ယုံပါတယ်’’လို့ မိကွန်ထောက ရေးသားထားပါတယ်။

၂၀၁၆ ခုနှစ်တုန်းကလည်း “ထူးအိမ်သင် ကွယ်လွန်ခြင်း၁၂ နှစ်ပြည့်” အထိမ်းအမှတ်အဖြစ် ထူးအိမ်သင် သီချင်းပေါင်းချုပ် စာအုပ်ထုတ်ခဲ့ပါသေးတယ်။ ထူးအိမ်သင် သီချင်းပေါင်းချုပ် စာအုပ်ကို စိတ်ကူးချိုချိုစာအုပ်တိုက်က တအုပ်ကို ၅၅၀၀ ကျပ်နဲ့ ရောင်းချပေးခဲ့တာ ဖြစ်ပါတယ်။

အဆိုတော် ထူးအိမ်သင်ဟာ ၂၀၀၄ ခုနှစ် သြဂုတ်လ ၁၄ ရက်နေ့မှာ ကွယ်လွန်ခဲ့တာ ဖြစ်ပါတယ်။ သူရေးသားထားတဲ့ သီချင်းတွေက ဒီနေ့အချိန်ထိ ဂီတလောကမှာ အောင်မြင် ကျော်ကြားလျက် ရှိနေပါတယ်။

“ထူးအိမ်သင် ကွယ်လွန်ခြင်း” အမှတ်တရအနေနဲ့ သြဂုတ်လ ၁၂ရက်နေ့က ရန်ကုန်မြို့၊ မြောက်ဒဂုံမှာ ရှိတဲ့ “အလင်းဆိုင် Gallery Café” မှာ ထူးအိမ်သင်ပရိသတ်များ ဆုံစည်းရာ အဖွဲ့က ဦးဆောင်ပြီး သတိရအောက်မေ့ပွဲကိုလည်း ပြုလုပ်ခဲ့ပါတယ်။

The post ဖခင်ထူးအိမ်သင် ကွယ်လွန်ခြင်း ၁၄ နှစ်ပြည့်အတွက် လှူဒါန်းခဲ့တဲ့ သမီးမိကွန်ထော appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...