Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

ကမ္ဘာတဝန်းမှာ ရုံဝင်ငွေ စံချိန်တင်နေတဲ့ “Along With The Gods 2” ရုပ်ရှင်

$
0
0

တောင်ကိုရီးယားနိုင်ငံမှာ ပြီးခဲ့တဲ့ သီတင်းပတ် နှစ်ပတ်က ရုံတင်ခဲ့တဲ့ “Along with the Gods: The Last 49 Days” ရုပ်ရှင်ဟာ အခု ကမ္ဘာတဝန်းမှာလည်း ရုံဝင်ငွေ စံချိန်တွေ တင်နေတာ တွေ့ရပါတယ်။

“Along with the Gods” ရုပ်ရှင်စီးရီးရဲ့ ဒုတိယမြောက် ဇာတ်လမ်းဖြစ်ပြီး ပြီးခဲ့တဲ့ သြဂုတ်လ ၁ ရက်နေ့ကနေစလို့ ရုံတင်ခဲ့တဲ့ အဲ့ဒီရုပ်ရှင်ဟာ ပြီးခဲ့တဲ့ သီတင်းနှစ်ပတ် အတွင်းမှာတော့ ကိုရီးယားနိုင်ငံမှာ မရေမတွက်နိုင်တဲ့ စံချိန်တွေကို တင်ထားခဲ့ပြီး ဖြစ်ပါတယ်။

ပထမဆုံး စတင်ပြသတဲ့နေ့မှာ လာရောက်ကြည့်ရှုတဲ့ ပရိသတ်အရေအတွက် ၁ သန်း ကျော်ခဲ့တဲ့ ပထမဆုံး ကိုရီးယားရုပ်ရှင် ဖြစ်ခဲ့ရုံသာမက သြဂုတ်လ ၄ ရက် တရက်တည်းမှာ ကြည့်ရှုသူ ၁ ဒဿမ ၄ သန်းအထိ ရောက်ရှိခဲ့အတွက် တရက်တည်းမှာ ကြည့်ရှုသူ အများဆုံး ရုပ်ရှင် အဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။

ဒါ့အပြင် အဲဒီရုပ်ရှင်ဟာ ကမ္ဘာတဝန်းမှာရှိတဲ့ အခြားနိုင်ငံတွေမှာလည်း ရုံဝင်ငွေ အခြား စံချိန်တွေကို ဆက်တိုက်ချိုးနေတာကိုလည်း တွေ့ရပါတယ်။ ထိုင်ဝမ်မှာတော့ သိုင်းကားမှာ လူကြည့်အများဆုံး ရုပ်ရှင်ဖြစ်လာခဲ့ပြီး ၇ ရက်အတွင်းမှာ လက်မှတ်ရောင်းရချမှုဟာ ကန် ဒေါ်လာ ၅ ဒဿမ ၈ သန်းအထိ ရှိခဲ့တာကိုလည်း တွေ့ရပါတယ်။

နာမည်ကျော် ဟောလိဝုဒ် ရုပ်ရှင်ဖြစ်တဲ့ “Mission: Impossible Fallout” ကို ဖြတ်ကျော် နိုင်ခဲ့ရုံသာမက “Avengers: Infinity War” နဲ့ “Jurassic World: Fallen Kingdom” တို့ပြီးရင် တတိယမြောက် ပထမသီတင်းပတ် လက်မှတ်ရောင်းချရမှု အများဆုံး ရုပ်ရှင် ဖြစ်လာခဲ့ပါတယ်။

ဒါ့အပြင် ရုံတင်ပြီး သီတင်းနှစ်ပတ်အကြာ သြဂုတ်လ ၁၄ ရက်နေ့မှာတော့ ကြည့်ရှုသူ အရေအတွက် ၁၀ သန်းအထိ ရောက်ရှိခဲ့ပြီဖြစ်တယ်လို့လည်း သိရပါတယ်။

ဟောင်ကောင်မှာလည်း ကိုရီးယားရုပ်ရှင်တွေထဲမှာ ပထမဆုံး သီတင်းပတ်အတွင်း လက်မှတ်ရောင်းချရမှု အများဆုံးနဲ့ ၂၀၁၈ ခုနှစ်အတွင်း လက်မှတ်ရောင်းချရမှု အများဆုံး အာရှရုပ်ရှင် ဖြစ်လာခဲ့ပါတယ်။ သီတင်းပတ် တပတ်တည်းမှာပဲ ဟောင်ကောင် ရုံဝင်ငွေအဖြစ် ဒေါ်လာ ၃ ဒဿမ ၃ သန်းရရှိထားပြီး ဖြစ်ပါတယ်။

ဒါ့အပြင် မြောက်အမေရိက၊ သြစတေးလျ၊ နယူးဇီလန်နဲ့ ဗီယက်နမ်နိုင်ငံတို့မှာလည်း ပထမသီတင်းပတ် ရုံဝင်ငွေအများဆုံး ကိုရီးယားရုပ်ရှင်စံချိန်တွေကိုလည်း တင်ခဲ့ပါတယ်။ ကိုရီးယားရုပ်ရှင်သမိုင်းမှာ အကြီးမားဆုံး နယ်လှည့်သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပြီး နိုင်ငံပေါင်း ၇ နိုင်ငံကိုသွားရောက်ခဲ့ကာ မီဒီယာပေါင်း ၂၅၀ လောက်နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။

“Along with the Gods: The Last 49 Days” ရုပ်ရှင်ကို ထိုင်း၊ မြန်မာ၊ အင်ဒိုနီးရှား၊ လာအို၊ ကမ္ဘောဒီးယား၊ စင်ကာပူ၊ မလေးရှားနဲ့ ဖိလစ်ပိုင်နိုင်ငံတို့ အပါအဝင် နိုင်ငံပေါင်း ၁၁ ခုမှာ ရုံတင်ပြသဖို့ စီစဉ်ထားပါတယ်။

ဆက်စပ် သတင်းလင့်ခ်ပထမဆုံး ရုပ်ရှင်ထက် ပိုကောင်းတဲ့ “Along With the Gods 2” ရုပ်ရှင်

Ref:soompi

The post ကမ္ဘာတဝန်းမှာ ရုံဝင်ငွေ စံချိန်တင်နေတဲ့ “Along With The Gods 2” ရုပ်ရှင် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...