ကမ္ဘာကျော်အမျိုးသားအဆိုတော်အဖွဲ့တခုဖြစ်တဲ့ One Direction ဟာ မကြာမီပြန်လည်ပေါင်းစည်းနိုင်မယ်လို့ ထင်တဲ့အကြောင်း ဂီတထုတ်လုပ်သူု Simon Cowell က ပြောကြားခဲ့ပါတယ်။
အသက် ၅၈ အရွယ် ဂီတထုတ်လုပ်သူ Simon က ‘The X Factor’ ပြိုင်ပွဲပြီးတဲ့နောက် ဒီအဖွဲ့ကို သူဖွဲ့စည်းပေးခဲ့ပြီး ၆ နှစ်အကြာ ၂၀၁၆ ခုနှစ်ကစလို့ အနုပညာလှုပ်ရှားမှုတွေ ရပ်ဆိုင်းနေတဲ့ အဆိုတော် အဖွဲ့အနေနဲ့ မကြာမီ ပြန်လာနိုင်လာနိုင်မယ် လို့ မျှော်လင့်တဲ့အကြောင်း ပြောဆိုလိုက်ပါတယ်။
သူက “တချိန်ချိန်မှာ ပြန်လာမလာနိုင်ဘူးဆိုတာက အရမ်းကိုကြီးလွန်းတယ်လို့ ကျနော် ထင်ပါတယ်။ ဘာလို့လဲဆိုတော့ သူတို့မှာ သီချင်းတွေလည်း အပြည့်အစုံရှိနေပြီ။ သူတို့မှာ နာမည်ကျော်သီချင်း ဘယ်လောက်များနေပြီလဲဆိုတာ ကျနော် မယုံကြည်နိုင်ခဲ့ပါဘူး။ သူတို့ပြန်လာနိုင်ပြီဆိုတဲ့အချိန်မှာတော့ တကယ့်ကို ပွဲကြီးပွဲကောင်း ဖြစ်မှာပါ” လို့ ပြောကြားခဲ့ ပါတယ်။
ဒါ့အပြင် အဖွဲ့သားတဦးချင်းစီဟာ ကိုယ်ပိုင်အလုပ်တွေလုပ်နေကြတဲ့အပြင့် သူတို့အားလုံးဟာလည်း အခုချိန်မှာအောင်မြင် နေကြပေမယ့် တချိန်မှာ အဖွဲ့ပြန်ဖွဲ့ဖို့ဖြစ်လာနိုင်ကြောင်း ထင်မြင်တယ်လို့လည်း ဆိုပါတယ်။
အဖွဲ့သားတွေ ဖြစ်တဲ့ Louis Tomlinson, Harry Styles, Liam Payne, Niall Horan နဲ့ အဖွဲ့ဝင်ဟောင်း Zayn Malik တို့ဟာ အတူပေါင်းပြီး သီချင်းအသစ်တွေဖန်တီးတာမျိုး မရှိပေမယ့် ဖျော်ဖြေပွဲတွေလုပ်နေတဲ့အတွက် သူ့ပရိသတ် တွေက ကျေနပ်လိမ့်မယ်လို့လည်း မျှော်လင့်တယ်လည်း ဆိုပါတယ်။
‘Entertainment Tonight’ နဲ့ လုပ်ခဲ့တဲ့ အင်တာဗျူးတခုမှာတော့ သူက “သူတို့ဟာ တဦးချင်းစီ ကောင်းမွန်ပါတယ်။ အဖွဲ့ဟာ တသားတည်းဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် လူတိုင်းဟာ သူတို့ ပြန်လည် ပေါင်းစည်းမှာကို မြင်ချင်ကြပါတယ်” လို့ ဖြေကြားခဲ့ပါတယ်။
အဖွဲ့ဝင်တဦးဖြစ်တဲ့ Liam ကတော့ မကြာမီအနာဂတ်ကာလတခုမှာ အဖွဲ့ ပြန်လည်ပေါင်းစည်းဖို့ ဖြစ်နိုင်ချေရှိတဲ့ အကြောင်း မကြာသေးခင်က ပြောကြားခဲ့ပေမယ့် လာမယ့်နှစ်ကုန်ပိုင်းအထိ သူ့ရဲ့ တကိုယ်တော်ပွဲဦးထွက် အယ်လ်ဘမ်နဲ့ အချိန်တွေ ပြည့်နေပြီး နောက်နှစ်တနှစ်လုံးမှာလည်း နယ်လှည့်ဖျော်ဖြေပွဲ ပြုလုပ်ဖို့ စီစဉ်နေပါတယ်။
Ref: contactmusic
The post One Direction ပြန်လည်ပေါင်းစည်းနိုင်မည်ဟု Simon Cowell ခန့်မှန်း appeared first on ဧရာဝတီ.