Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

သရုပ်ဆောင်တယောက်အနေနဲ့ အကောင်းဆုံးအချိန်ကို ရောက်နေပြီလို့ဆိုတဲ့ Akshay Kumar

$
0
0

ဘောလိဝုဒ်မင်းသား Akshay Kumar က ရုပ်ရှင်အမျိုးအစားများစွာကို ဖန်တီးရန် အခွင့်အလမ်းတခုကို ရရှိနေတဲ့အတွက် သူ့အနုပညာလုပ်ငန်းများ အကောင်းဆုံးအချိန်ကို ရောက်နေပြီဖြစ်ကြောင်း ပြောကြားလိုက်ပါတယ်။

သူရဲ့ ကနဦးနေ့ရက်တွေမှာ အက်ရှင်စတားတဦးအနေနဲ့ သတ်မှတ်ခံခဲ့ရတဲ့ မင်းသား Akshay ဟာ အချစ်ဒရမ်မာ၊ ဟာသ၊ နိုင်ငံရေး အခြေခံရုပ်ရှင်တွေမှာ ဆယ်စုနှစ် ၃ ခုနီးပါးကြာ ပါဝင်သ ရုပ်ဆောင်ခဲ့ပြီးတဲ့နောက် အခုအသက် ၅၀ အရွယ်မှာ အကောင်းဆုံးအချိန်ကို ရောက်နေပြီလို့ ပြောလိုက်တာ လည်း ဖြစ်ပါတယ်။

သူက “ကျနော့်အတွက် သရုပ်ဆောင်တယောက်အနေနဲ့ အကောင်းဆုံးအချိန်ဖြစ်ပါတယ်။ ပုံရိပ်ကောင်းတခု ကို ရရှိဖို့အမြဲတမ်း သတိထားခဲ့ရပါတယ်။ ကျနော် ရုပ်ရှင်လောကထဲ ဝင်ရောက်လာတဲ့အခါမှာ အက်ရှင်ဟီးရိုးဆိုပြီး ကျနော့်ကို တံဆိပ်ကပ်လိုက်ကြတယ်။ ဘယ်သူကမှ အချစ်၊ ဟာသရုပ်ရှင်တွေကို မကမ်းလှမ်းကြပါဘူး။ အက်ရှင်ရုပ်ရှင်တွေကိုပဲ ကျနော့်ကို ကမ်းလှမ်းကြတာပါ” လို့ ပြောကြားခဲ့ပါတယ်။

ဆက်ပြီးသူက “ကျနော် အက်ရှင်ရုပ်ရှင်တွေမှာ သရုပ်ဆောင်တာ ၁၄ နှစ်လောက်ရှိပါပြီ။ တိုးတက်မှုမရှိခဲ့ပါဘူး။ အက်ရှင်ရုပ်ရှင်အနေနဲ့ ‘Kesari’၊ ဟာသရုပ်ရှင်အနေနဲ့ ‘Housefull 4’ တို့လိုမျိုး ရုပ်ရှင်တွေတော်တော်များများ မှာပါဝင်နိုင်ခဲ့တဲ့အတွက် အကောင်းအချိန်အရောက်ပြီလို့ ကျနော်ခေါ်ချင်ပါတယ်။ ဇာတ်ကောင်တွေအများကြီးနဲ့ ရုပ်ရှင်အမျိုးအစားမျိုးစုံကိုလည်း ရိုက်ချင်ပါသေးတယ်။ လို့ အင်တာဗျူးတခုမှာ ပြောဆိုခဲ့ပါတယ်။

ဒါပေမယ့် အဲဒီအက်ရှင်မင်းသားဆိုတဲ့နေရာကနေ အနားယူဖို့ သူ့အတွက်တော့ ခက်ခဲနေတယ်လို့ ဆိုပါတယ်။ သူက “အဲဒါဟာ ခက်ခဲတဲ့အဆင့်ဖြစ်ပါတယ်။ အက်ရှင်မင်းသားဆိုတဲ့ ပုံရိပ်ကို ဖျောက်ဖို့ ခက်ပြီး အခုလိုမျိုး လုပ်နိုင်တာ ကံကောင်းတယ်လို့ဆိုတဲ့ဟာ ပဲ ထွက်လာပါတယ်” လို့ဆိုပါတယ်။

သူနဲ့လက်တွဲပြီး ရိုက်ကူးနေကျ ဒါရိုက်တာ Priyadarshan ဟာလည်း ယုံကြည်ရတဲ့သူဖြစ်တဲ့အကြောင်း ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် ‘Me Aur Mrs Khiladi’ ရုပ်ရှင်ကို ရိုက်ကူးပေးခဲ့တဲ့ ဒါရိုက်တာ David Dhawan နဲ့ ‘Khakee’ ကိုရိုက်ကူးပေးခဲ့တဲ့ ဒါရိုက်တာ Rajkumar Santoshi ကိုလည်း ကျေးဇူးတင်တဲ့အကြောင်း ပြောဆိုခဲ့ပါတယ်။

Ref:ptinews

The post သရုပ်ဆောင်တယောက်အနေနဲ့ အကောင်းဆုံးအချိန်ကို ရောက်နေပြီလို့ဆိုတဲ့ Akshay Kumar appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...