Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

“ကျနော် Gay တယောက် မဟုတ်ဘူး”လို့ ပြောလိုက်တဲ့ သရုပ်ဆောင် ဒေါင်း

$
0
0

အနုပညာအလုပ်တွေကို တဖြည်းဖြည်းချင်း လုပ်ကိုင်နေတဲ့ သရုပ်ဆောင် ဒေါင်းဟာ အခုဆိုရင် ရုပ်ရှင်ဇာတ်ကားတွေ ဆက်တိုက် ရိုက်ကူးနေပါတယ်။ သရုပ်ဆောင် ဒေါင်းကို Gay ဆိုတဲ့ ဝေဖန်မှုတွေလည်း ရှိနေတာကြောင့် Gay တယောက် မဟုတ်ကြောင်း ဒေါင်းက အခုလို ဆိုပါတယ်။

”အမှန်တော့ အဲဒါတွေကို ဖုံးဖိစရာ မလိုဘူး။ အမှန်တိုင်းပြောမှာ။ ကျနော်က Gay ဆိုရင် Gay လို့ပဲ ပြောလိုက်မှာ။ ဖုံးဖိနေရတာက လောကမှာ ဘာမှ အရေးမပါဘူး။ မဟုတ်ရင် မဟုတ်ဘူး၊ ဟုတ်ရင် ဟုတ်တယ်ပေါ့။ ဘာမှ အရေးမပါတဲ့ ကိစ္စဖြစ်တာကြောင့် ကျနော်အတွက် အရေးမကြီးဘူး၊ အခုတော့ ကျနော် မိန်းကလေးပဲ စိတ်ဝင်စားတယ်” လို့ ဒေါင်းက ပြောပါတယ်။

တက္ကသိုလ်ကျောင်းသားပုံစံနဲ့ ကာရိုက်တာကို စိတ်ကူးယဉ်ခဲ့ဖူးတဲ့ သရုပ်ဆောင် ဒေါင်းဟာ တက္ကသိုလ် ကျောင်းသားဘဝကို မခံစားခဲ့ရဘူးလို့ ဆိုပါတယ်။ ကိုယ်ဖြစ်ချင်တာပဲ ကိုယ်ဇွတ် လုပ်နေတဲ့သူဖြစ်လို့ တကယ့် ကျောင်းသားဘဝ စစ်စစ်ကို ပြန်ယူတဲ့အနေနဲ့ “အရုပ်ကျရာ ဆေးစက်ထင်”ဆိုတဲ့ ရုပ်ရှင်ကို လက်ခံ ရိုက်ကူးခဲ့တာပါလို့ ပြောပါတယ်။

”ကျနော်အရမ်းရိုက်ချင်တဲ့ ကျနော်ခံယူချက်တခု ဖြစ်နေလို့ကို ကျနော်ဒီဇာတ်ကားကို လက်ခံတာ။ ထပ်တူလည်း ကျတယ်။ ကျောင်းသားဇာတ်။ အဲဒီလို ဇာတ်လမ်းမျိုးကို အရမ်း မှတ်တမ်းတင်ချင်တာ။ ဘယ်လိုပဲ ရိုက်ရိုက် ဒီဇာတ်လမ်း ဖြစ်အောင်ရိုက်မယ်လို့ စိတ်ကူးလိုက်တယ်။ အကောင်းဆုံးရိုက်မယ်ဆိုတာကိုပဲ တွေးထားတယ်” လို့ ဒေါင်းက ဆိုပါတယ်။

“ကျနော်က ကျောင်းသားဘဝဆိုတာကို မဖြတ်သန်းခဲ့ရဖူးဘူး၊ ကျနော့်ဘဝကို ကိုယ်ဖြစ်ချင်တာပဲ ကိုယ်ဇွတ် လုပ်နေတာ။ တက္ကသိုလ်ကို အဝေးသင်ပဲ တက်တယ်။ Final Year သာ ရောက်တယ်။ Final Year မဖြေဖြစ်ဘဲ ကိုးလို့ကန့်လန့်နဲ့ ပြီးသွားခဲ့တယ်။ တကယ့် ကျောင်းသားဘဝကို ကျနော်ရချင်တယ်။ အဲဒီအတွက် ကျနော်ပြန်ယူတာပါ” လို့ ဒေါင်းက ပြောပါတယ်။

ဒေါင်း ပါဝင်သရုပ်ဆောင်သွားမယ့် “အရုပ်ကျရာ ဆေးစက်ထင်” ရုပ်ရှင်ဇာတ်ကားကြီးမှာ မင်းမော်ကွန်း၊ ထွန်းထွန်း၊ မင်းဦး၊ နေအောင်၊ ဇင်ဝိုင်း၊ ပိုင်ဖြိုးသု၊ ထွန်းအိန္ဒြာဗို၊ ဖူးစုံနဲ့ အနုပညာရှင်များစွာ ပါဝင်တယ်လို့ သိရပါတယ်။

The post “ကျနော် Gay တယောက် မဟုတ်ဘူး”လို့ ပြောလိုက်တဲ့ သရုပ်ဆောင် ဒေါင်း appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...