Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

အိပ်ယာထဲမှာ မစင်စွန့်ခဲ့ကြောင်း မင်းသား Johnny Depp ရဲ့ ပြောဆိုချက်ကို ဇနီးဟောင်း ငြင်းဆို

$
0
0

ဟောလိဝုဒ်မင်းသား Johnny Dep က သူတို့နှစ်ဦး အိမ်ထောင်ရေး ပြိုကွဲမှုဆီ ဦးတည်စေခဲ့တဲ့ ကတောက်ကဆက် ဖြစ်မှုပြီးခဲ့တဲ့နောက် အိပ်ယာထဲမှာ ဇနီးဟောင်း Amber Heard က မစင်စွန့်ခဲ့ကြောင်း မကြာသေးခင်က စွပ်စွဲ ပြောဆိုခဲ့ပါတယ်။

The Mirror သတင်းရဲ့ အဆိုအရ မင်းသား Depp နဲ့ ဇနီးဟောင်း Heard တို့ဟာ ဇနီးဟောင်းရဲ့ အသက် ၃၀ နှစ်ပြည့်မွေးနေ့ပါတီကို နှစ်နာရီလောက် နောက်ကျပြီးမှ မင်းသားက ပြန်ရောက်လာခဲ့တာကို လက်တုံ့ပြန်တဲ့အနေနဲ့ မင်းသမီး Heard က အိပ်ယာထဲမှာ အလေးစွန့်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

ဒါပေမယ့် မင်းသမီး Heard ရဲ့ အဆိုအရ အဲဒီမစင်ဟာ သူ့ရဲ့ ခွေးလေး Boo က စွန့်ခဲ့တာဖြစ်ကြောင်း ပြောခဲ့ပေမယ့် အဲဒီမစင်ကို ရှင်းလင်းခဲ့ရတဲ့ အိမ်တော်ထိန်းကတော့ အဲဒီမစင်တွေဟာ သူတို့ရဲ့ ခွေးက စွန့်ပစ်ခဲ့တာမဟုတ်နိုင်ပဲ အရွယ်အစားကြီးလွန်းကြောင်း ပြောဆိုခဲ့ပါတယ်။

အခြားသတင်းရင်းမြစ်တခုရဲ့ အဆိုအရ အဲဒီမစင်ပုံနဲ့ မင်းသမီး Heard ဆက်နွယ်နေတဲ့ ဓာတ်ပုံအထောက်အထား ခိုင်ခိုင်မာမာရှိတဲ့ အကြောင်းနဲ့ မင်းသမီးဟာ မင်းသား Depp ကို နောက်ပြောင်ဖို့ ချန်ထားခဲ့ခြင်းသာဖြစ်တဲ့အကြောင်း ပြောဆိုတာ တွေလည်း ရှိနေတာပါ။

မင်းသမီးရဲ့ ကိုယ်စားလှယ်တဦးကတော့ “ခွေးလေး Boo ဟာ မစင်ခွက်ထိန်းချုပ်တဲ့ ပြဿနာတက်နေတာပါ။ ဟာသ လုပ်တာမျိုးလည်း မရှိခဲ့ပါဘူး။ မလေးမစားလုပ်ခဲ့တာမျိုးလည်း မဟုတ်ပါဘူး။ ဒါဟာ အပြစ်မဲ့တဲ့ အရာတခုပါ၊ ဒါဟာ အိမ်မွေးတိရိစ္ဆာန်တွေ လုပ်တတ်တာမျိုးပါ။ကျနော်တို့မှာ ပြောစရာစကားတော့ မရှိပါဘူး။ မစ္စစ် Heard ဟာ ရှေ့ဆက် လုပ်ဆောင်နေပြီးတော့ ဒီလိုမျိုး အဓိပ္ပါယ်မရှိတာတွေနဲ့လည်း ကျနော်တို့ မပတ်သက်ချင်ပါဘူး” လို့ The Mirror သတင်းစာကို ပြောကြားခဲ့ပါတယ်။

အခုလိုမျိုး ခွေးလေး Boo ကိုခေါင်းစဉ်တင်တာ ဒါပထမဆုံးအကြိမ်မဟုတ်ပါဘူး။ ၂၀၁၆ ခုနှစ်တုန်းကလည်း မင်းသား Depp နဲ့ ဇနီး Heard တို့ဟာ သြစတေးလျနိုင်ငံထဲကို လူဝင်မှုကြီးကြပ်ရေးအချက်အလက်အတုတွေနဲ့ အတူ ခွေးလေး Boo နဲ့ ခွေးလေး Pistol တို့ကို ခေါ်သွားခဲ့တဲ့အတွက် သူတို့နှစ်ဦးက တောင်းပန်ခဲ့ရပါသေးတယ်။

သူတို့နှစ်ဦးဟာ ၂၀၁၆ ခုနှစ်မှာ ကွာရှင်းခဲ့ပြီး မင်းသား Depp ဟာ အိမ်တွင်းအကြမ်းဖက်မှု လုပ်ဆောင်ခဲ့တဲ့ အကြောင်း တရားစွဲဆိုခဲ့ပါတယ်။ အဲဒီနောက် မင်းသမီးဘက်ကနေ အဲဒီတောင်းဆိုချက်ကို ပြန်လည်ရုပ်သိမ်းခဲ့ပါတယ်။ မင်းသမီးဟာ တရားရုံးစေ့စပ်ချက်ထဲမှာ ခွေးနှစ်ကောင်ကို ထိန်းသိမ်းစောင့်ရှောက်ခွင့် တောင်းဆိုထားတာလည်း ပါဝင်ပါတယ်။

Ref: etcanada

The post အိပ်ယာထဲမှာ မစင်စွန့်ခဲ့ကြောင်း မင်းသား Johnny Depp ရဲ့ ပြောဆိုချက်ကို ဇနီးဟောင်း ငြင်းဆို appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles