Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

“မူးယစ်ဆေးဝါးသုံးစွဲတဲ့သူတွေကတရားခံတွေ မဟုတ်ပါဘူး၊ သားကောင်တွေပါ”

$
0
0

အနုပညာရှင်တွေမူးယစ်ဆေးသုံးစွဲမှုနဲ့ ဖမ်းခံနေရတာနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ ဦးဇင်ဝိုင်းက မူးယစ်ဆေးဝါးဆိုတာ အနုပညာသမားမှမဟုတ်ဘူး နိုင်ငံရဲ့ လူလတ်ပိုင်းတွေထိကို ထိုးဖောက်ဝင်ရောက်လာတဲ့ အလွန်ကြီးမားတဲ့ အန္တရာယ်တခုဖြစ်တယ်လို့ ဧရာဝတီကိုပြောပါတယ်။

“မူးယစ်ဆေးဝါးဆိုတာ ကျနော်တို့ အနုပညာသမားမှ မဟုတ်ဘူး ။ ကျနော်တို့ နိုင်ငံလူလတ်ပိုင်းတွေထိကို ထိုးဖောက် ဝင်ရောက်လာတဲ့ အလွန်ကြီးမားတဲ့အန္တရာယ်တခုဖြစ်ပါတယ်။ ကျနော်တို့ ရုပ်ရှင်အစည်းအရုံးကနေပြီး ကူညီမှုအနေနဲ့ ဒါရိုက်တာမိုက်တီးဟာ ကျနော်တို့ အဖွဲ့အစည်းဝင်လည်း ဖြစ်တယ်။ ကျနော်ဥက္ကဋ္ဌဆိုတဲ့ အခါမှာ ကိုယ့်လောကသား ဆိုတော့ ကိုယ့်သားသမီးလိုလည်း ဖြစ်တော့ သူ့ရဲ့ လူမှုရေးအကူအညီတွေလိုအပ်တာတွေကို ဆောင်ရွက်ပေးမှာပါ”လို့ ပြောပါတယ်။

ဒါရိုက်တာ မိုက်တီးကို မူးယစ်ဆေးဝါးလက်ဝယ်တွေ့ရှိမှုနဲ့ ဖမ်းဆီးထားပြီး ဒီလိုအနုပညာရှင်များ မူးယစ်ဆေးဝါး လက်ဝယ်တွေ့ရှိမှုကိုနဲ့ပတ်သက်ပြီးလည်း ဦးဇင်ဝိုင်းက သူ့ရဲ့ အမြင်ကို အခုလိုဆိုပါတယ်။

“အနုပညာရှင်တွေလုပ်လို့ လူငယ်တွေလိုက်လုပ်တာမယ်ဆိုတာမျိုး ဒီဘက်ခေတ်လူငယ်တွေ အတွေးမတိမ်တော့ ပါဘူး။ အနုပညာရှင်တွေလုပ်လို့ လိုက်လုပ်တယ်ဆိုတာမျိုးလည်း လက်မခံပါဘူး။ မူးယစ်ဆေးဝါးဆိုတာကျနော်တို့ နိုင်ငံမှာ လူငယ်တွေ အားလုံးကိုထိုးဖောက်ပြီးမှ ဒုက္ခပေးနေတဲ့ အန္တရာယ်ပါ။ ခေတ်စနစ်ဆိုးတွေရဲ့ မှားယွင်းခဲ့တဲ့ စနစ်တွေ ကြောင့်ဖြစ်ပေါ်လာတဲ့ ကိစ္စပါ”

“ဒီလူငယ်တွေဆိုတာလည်း တရားခံတွေမဟုတ်ပါဘူး။ သားကောင်တွေပါ။ စစ်ဆိုးစနစ်ဆိုးကြောင့် သားကောင်ဖြစ်ခဲ့ကြတဲ့ သူတွေပါ။ မူးယစ်ဆေးဝါးနဲ့ ပတ်သက်ရင် နှစ်ပိုင်းရှိပါတယ်။ ၁ အချက်ကသုံးစွဲတဲ့ အပိုင်းပေါ့။ သုံးစွဲတဲ့ အပိုင်းနဲ့ ပတ်သက်လို့ကတော့ နိုင်ငံတကာစံချိန်အနေနဲ့ ဖြစ်လာအောင်လွှတ်တော်မှာတောင် ပြန်လည်ပြီး ပြစ်မှုပြစ်ဒဏ်တွေကို စဉ်းစားနေပါပြီ” လို့ ဦးဇင်ဝိုင်းက ဆိုပါတယ်။

ဆက်လက်ပြီး ဦးဇင်ဝိုင်းက “ သုံးစွဲတဲ့သူတွေကတရားခံတွေ မဟုတ်ပါဘူး။ သားကောင်တွေပါ။ နှစ်အချက်ကတော့ ဖြန့်ချိရောင်းချတဲ့ သူတွေရှိပါတယ်။ ဒါတွေကတိုင်းပြည်ကို မြောင်းထဲရောက်အောင်လုပ်နေသလို လူငယ်တွေကိုပါ မြောင်းထဲရောက်အောင် လုပ်နေတဲ့သူတွေပါ။ ဒါတွေကို ပြင်းပြင်းထန်ထန် ထိရောက်အောင်လုပ်ဖို့လိုပါမယ်။ အနုပညာရှင် တွေဆိုတာလည်း သာမန်လူသားထဲကလူတွေပါပဲ ။ ဒီထဲမှာကောင်းတဲ့ သူရှိမယ်ဆိုးတဲ့ သူရှိမယ်။ ပုထုဇဉ်လူသားတွေပါပဲ”

“ မူးယစ်ဆေးဝါးနဲ့ ပတ်သက်တဲ့ကိစ္စတွေဖြစ်လာတယ် ဆိုတာလည်း နိုင်ငံတော်က ဖိဖိစီးစီးလုပ်လာပါပြီ။ သတင်းပေးမှုတွေ အရေးယူမှုတွေလုပ်လာလို့ ဖမ်းဆီးမှုတွေများလာတာပါ။ တနှစ်တနှစ် မြန်မာတပြည်လုံးမှာ မူးယစ်ဆေးဝါးနဲ့ ဖမ်းတဲ့အမှုတွေ များစွာရှိပါတယ်”လို့ ဦးဇင်ဝိုင်းက ပြောပါတယ်။

မူးယစ်ဆေးဝါးလက်ဝယ်တွေ့ရှိမှုနဲ့ ဖမ်းဆီးခြင်းခံထားရတဲ့အနုပညာရှင်တွေကတော့ မိုးအောင်ရင် ၊ အဆိုတော်ရွှေထိုက်၊ အဆိုတော်ရသ နဲ့ အခု ဒါရိုက်တာမိုက်တီး တို့ပဲဖြစ်ပါတယ်။

The post “မူးယစ်ဆေးဝါးသုံးစွဲတဲ့သူတွေကတရားခံတွေ မဟုတ်ပါဘူး၊ သားကောင်တွေပါ” appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...