Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

“မူးယစ်ဆေးဝါးနဲ့ ပတ်သက်ပြီး အရင်းအမြစ်အကြီးကြီးကိုလည်း ဖမ်းမိစေချင်ပါတယ်”

$
0
0

ယခုရက်ပိုင်းအတွင်းမှာ မူးယစ်ဆေးနဲ့ ပတ်သက်ပြီး အနုပညာရှင်များ ဖမ်းဆီးခံရမှုတွေ ရှိလာပါတယ်။ ဒါနဲ့ ပတ်သက်ပြီး အစီအစဉ် တင်ဆက်သူလည်းဖြစ် သရုပ်ဆောင် တယောက်လည်းဖြစ်တဲ့ ကျော်ထက်အောင်က သေးသေးလေးတွေ ဖမ်းမယ့်အစား အရင်းအမြစ်အကြီးကြီးကိုလည်း ဖမ်းစေချင်ပါတယ်လို့ ဧရာဝတီကို ပြောပါတယ်။

“ဒီမနက်ကမှ ဦးမိုက်ရဲ့သတင်းကြားတယ်။ အရမ်းနှမြောပါတယ်။ အနုပညာ လောကသားတွေက တချို့ကျတော့လည်း အနုပညာဆိုတာ တခုခုရှိမှ ခံစားချက်ကို တခုခု နစ်အောင် ထည့်ရင်း ဘာလုပ်ရမလဲ မသိတဲ့အခါမှာ ဆေးသုံးမိသွားတာတွေ ရှိတယ်။ ရေလိုက် လွဲသွားတွေပေါ့။ အဲဒါတွေကြောင့် ပြဿနာတွေ ဖြစ်လာတာပေါ့”

“ဆေးသုံးစရာ မလိုဘဲ အနုပညာကို ဘယ်လိုတီထွင်မလဲ၊ ကြံဆမလဲဆိုတာကို ပြန်စဉ်းစားမယ့် အပိုင်းလေးတွေလည်း ရှိတာပေါ့။ တကယ့် တကယ်ကျရင် သေးသေးလေးတွေအစား အရင်းအမြစ်အကြီးကြီးကိုလည်း ဖမ်းမိစေချင်ပါတယ်” လို့ ကျော်ထက်အောင်က ပြောပါတယ်။

မကောင်းတာကို မကောင်းဘူးလို့ သိဖို့အတွက်အမှန်တကယ်လိုအပ်ပြီး လူငယ်တိုင်းကလည်း အသစ်အဆန်းများကို စမ်းသုံးချင်ကြတယ်လို့ သူ့ရဲ့အမြင်ကိုလည်း ပြောပြခဲ့ပါတယ်။

“မကောင်းတာကို မကောင်းသလို သိတဲ့အသိက ခက်ပါတယ်။ ဒီပစ္စည်းတခုကို သုံးမယ်ဆိုရင် ကျနော်တို့ လူငယ်တိုင်းဟာ အသစ်အဆန်းဆိုရင် စမ်းသုံးချင်ကြတယ်။ အဲဒီအတွက်ကြောင့် မကောင်းဘူးဆိုတာကို မကောင်းဘူးလို့ တကယ်သိဖို့ လိုပါတယ်”

“မကောင်းတာကို စည်းစိမ်တခုလိုသတ်မှတ်ရင် ငွေကုန်ကြေးကျ များလာမယ်။ တခြားသောရောဂါတွေ ဝင်လာ နိုင်မယ်။ အဲဒီအချိန်မှာ ဗဟုသုတကို ကပ်မှာ အသိတရား၊ အဲဒီအသိတရားကပ်လာမှသာ တကယ်မကောင်းဘူးဆိုတာ သိခွင့်ရှိမှာ။ ဒါမျိုးဆိုတာ ဆက်လုပ်သင့်၊မလုပ်သင့်ဆိုတာ စဉ်းစားဆုံးဖြတ်နိုင်စွမ်း ရှိမှာပေါ့နော်” လို့ ကျော်ထက်အောင်က ပြောပါတယ်။

ကျော်ထက်အောင်အနေနဲ့ အနုပညာလောကထဲကို မရောက်ရှိရသေးတဲ့အချိန်က သူ့ရဲ့ သူငယ်ချင်းတွေထဲမှာ မူးယစ်ဆေးဝါးကြောင့် သေဆုံးခဲ့ရတာတွေ ရှိခဲ့ဖူးပြီး သူတို့တွေ အနေနဲ့ ငွေကြေးကို ဘယ်နေရာမှာ အသုံးချရမလဲ ဆိုတာကို မသိတဲ့အတွက် မူးယစ်ဆေးဝါး သုံးရတာကို ပျော်ရွှင်သွားခဲ့ကြတာလို့ ပြောပါတယ်။

“ကျနော်တို့ သူငယ်ချင်းတွေထဲမှာ မူးယစ်ဆေးသုံးပြီး ဆုံးသွားတာတွေလည်း ရှိဖူးတယ်။ ဒီလောက်ထဲ မရောက်ခင်ကပေါ့။ သူတို့ဆိုရင်လည်း ငွေတွေအများကြီး ရလာတဲ့အခါမှာ ဘယ်နေရာမှာ သွားသုံးမလဲပေါ့။ နာမည်ကြီးတံဆိပ်တွေလည်း ဝယ်ပြီးပြီ။ နေရာပေါင်းစုံလည်း လျှောက်လည်ပြီးပြီ။ အဲဒီအချိန်မှာ သူတို့ Enjoy ဖြစ်တဲ့ဟာက မူးယစ်ဆေး ဖြစ်သွားတာပါ” လို့ ကျော်ထက်အောင်က ပြောပါတယ်။

ယခုလ သြဂုတ်လဆန်းပိုင်းမှ စတင်ကာ အနုပညာလောကအတွင်း စိတ်ကြွမူးယစ်ဆေးဝါး လက်ဝယ်တွေ့ရှိမှုများကို ဖမ်းဆီးမှုများရှိလာခဲ့ပြီး သြဂုတ်လ ၉ရက်နေ့က အဆိုတော် ရွှေထိုက်နဲ့ အမျိုးသားတဦးကို စိတ်ကြွရူးသွပ်ဆေးပြား ၁၁၉၉၄ ပြား၊ အိုက်စ် ၇၇၃ဂ ရမ် ၊ ဘိန်းဖြူ ၁၁ဂရမ်နဲ့ ဆေးခြောက် ၁၂ဂရမ် တို့နဲ့အတူ ဖမ်းဆီးရမိခဲ့တာ ဖြစ်ပါတယ်။

သြဂုတ်လ ၁၅ ရက်နေ့မှာတော့ အဆိုတော် ရသ အပါအဝင် အပေါင်းအပါ ၃ ဦးကို မန္တလေးမြို့မှာ စိတ်ကြွရူးသွပ်ဆေးပြား စုစုပေါင်း ၁၆၅၅ပြားတို့နဲ့ ဖမ်းမိခဲ့ပြီး မနေ့က သြဂုတ်လ ၁၆ ရက်နေ့ညပိုင်းမှာတော့ ဒါရိုက်တာ မိုက်တီးကို သူရဲ့ ကားပေါ်မှာ မူးယစ်ဆေးဝါးများနဲ့ အတူ ဖမ်းမိခဲ့တာ ဖြစ်ပါတယ်။

ဆက်စပ် သတင်းလင့်ခ် – “မူးယစ်ဆေးဝါးသုံးစွဲတဲ့သူတွေကတရားခံတွေ မဟုတ်ပါဘူး၊ သားကောင်တွေပါ” 

The post “မူးယစ်ဆေးဝါးနဲ့ ပတ်သက်ပြီး အရင်းအမြစ်အကြီးကြီးကိုလည်း ဖမ်းမိစေချင်ပါတယ်” appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...