Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

“မူးယစ်ဆေးဝါးဆိုတာ အနုပညာကို ဘယ်လိုမှ အထောက်အကူ မပြုပါဘူး”

$
0
0

မြန်မာနိုင်ငံ မူးယစ်ဆေးဝါး ဆန့်ကျင်ရေးအသင်းရဲ့ လူမှုဆက်ဆံရေး သံတမန်တဦးဖြစ်တဲ့ အဆိုတော် ဖြူဖြူကျော်သိန်းက လက်ရှိ အနုပညာလောကမှ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးခံနေရတာနဲ့ ပတ်သက်ပြီး မူးယစ်ဆေးဝါးဆိုတာ အနုပညာကို ဘယ်လိုမှ အထောက်အကူ မပြုပါဘူးလို့ ဧရာဝတီကို ပြောပါတယ်။

“စိတ်မကောင်းဖြစ်မိပါတယ်။ လူတယောက်အနေနဲ့ရော အနုပညာရှင်တယောက် အနေနဲ့ရော ပြောချင်တာက ရှေးအဆက်ဆက် လူကြီးသူမတွေ ပြောဆိုခဲ့တဲ့အတိုင်း တကယ်တမ်းကျတော့ မူးယစ်ဆေးဝါးဆိုတာ အနုပညာကို ဘယ်လိုမှ အထောက်အကူ မပြုပါဘူး။ ဖြူဖြူလည်း အနုပညာလောကထဲကို စဝင်လာခဲ့ကတည်းက အမြဲတမ်း ပြောခဲ့တာ တခုရှိပါတယ်။ ကိုယ့်အရှေ့ စီနီယာတွေထဲမှာလည်း ကိုညီထွဋ်တို့ ရပ်တည်ခဲ့ကြတယ်။ ဖြူဖြူလည်း အဲဒီလိုမျိုးရပ်တည်လာခဲ့ပါတယ်” လို့ ဖြူဖြူကျော်သိန်းက ပြောပါတယ်။

အနုပညာရှင်များဖြစ်ကြလို့ အခုလိုမျိုး မူးယစ်ဆေးဝါး အမှုတွေဟာ ဟိုးလေးတကျော်ကျော် ဖြစ်သွားကြမျိုး ဖြစ်ပြီး ရိုးရိုးသာမန် လူများထဲမှာလည်း အများကြီးရှိနေတာ ဖြစ်ပြီး မြန်မာနိုင်ငံမှာ မူးယစ်သားကောင်တွေက အရမ်းကို များပါတယ်လို့ ဖြူဖြူကျော်သိန်းက ပြောပါတယ်။

“အနုပညာရှင်တွေ ဆိုတာက လူတွေကြားထဲ ပေါ်ပြူလာဖြစ်တဲ့သူတွေ သတိထား ခံရတဲ့သူတွေ ဖြစ်နေလို့ပါ။ တကယ်တမ်းကျတော့ ဖြူဖြူတို့နိုင်ငံမှာ မူးယစ် သားကောင်တွေက အရမ်းကို များပါတယ်။ ရိုးရိုးသာမန် လူတွေထဲမှာလည်း အများကြီး ရှိပါတယ်။ အနုပညာရှင်ဖြစ်လို့သာ အာရုံစိုက်ခံရလို့ဆိုပြီး ဟိုးလေးတကျော်ကျော် ဖြစ်ကြတာပေါ့နော်။ တကယ်တမ်းကျတော့ လူငယ်တွေကြားထဲမှာ မူးယစ်သားကောင် ဖြစ်နေတာတွေ အများကြီးပါ။ သိပ်စိတ်မကောင်းစရာ ကောင်းပါတယ်” လို့ ဖြူဖြူကျော်သိန်းက ပြောပါတယ်။

သူမကတော့ သံတမန်တယောက်အနေနဲ့ အဆင်ပြေတဲ့အချိန်များမှာတော့ တက္ကသိုလ်များမှာ မူးယစ်ဆေးဝါးအကြောင်းများနဲ့ ပတ်သက်ပြီး သွားရောက် ဟောပြောပေးဖြစ်တယ်လို့ ဆိုပါတယ်။

“ဒီကိစ္စက ပေါ်ပင်ကိစ္စတခုအနေနဲ့ လုပ်ရတာမဟုတ်ပါဘူး။ ဖြူဖြူ ၂၀၁၃ ၊ ၂၀၁၄ ခုနှစ် လောက်ကတည်းက မြန်မာနိုင်ငံမူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်းရဲ့ လူမှုဆက်ဆံရေး သံတမန်တဦးအဖြစ် အလုပ်လုပ်ခဲ့ပါတယ်။ ဟောပြောပွဲတွေ ရှိတဲ့အခါ ရန်ကုန် တက္ကသိုလ်ထဲမှာဖြစ်ဖြစ် နယ်တက္ကသိုလ်မှာပဲဖြစ်ဖြစ် အားတဲ့အခါမျိုးဆိုရင် ဖြူဖြူ လိုက်သွားဖြစ်ပါတယ်” လို့ ဖြူဖြူကျော်သိန်းက ပြောပါတယ်။

ယခုရက်ပိုင်းအတွင်း အနုပညာရှင်များဖြစ်ကြတဲ့ အဆိုတော် ရွှေထိုက်၊ ရသနဲ့ ဒါရိုက်တာ မိုက်တီးတို့ကို မူးယစ်ဆေးဝါး လက်ဝယ် တွေ့ရှိမှုများနဲ့ ဖမ်းဆီးထားခဲ့တာ ဖြစ်ပါတယ်။

The post “မူးယစ်ဆေးဝါးဆိုတာ အနုပညာကို ဘယ်လိုမှ အထောက်အကူ မပြုပါဘူး” appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles