Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

မြောက်အမေရိကရုံဝင်ငွေစာရင်းမှာ ‘Crazy Rich Asians’ရုပ်ရှင်ထိပ်ဆုံးမှ ဦးဆောင်

$
0
0

ပရိသတ်စိတ်ဝင်စားမှု မြင့်တက်နေတဲ့ အာရှတိုက်သား တရုတ်သရုပ်ဆောင်တွေပဲ ပါဝင်တဲ့ပထမဆုံး ဟောလိဝုဒ်ရုပ်ရှင် “Crazy Rich Asians” ဟာ ပွဲဦးထွက် သီတင်းပတ်ကုန်ပိုင်းမှာပဲ ရုံဝင်ငွေ စာရင်း ထိပ်ဆုံးမှာ ရပ်တည်နိုင်ခဲ့တဲ့အကြောင်း ရုပ်ရှင်လုပ်ငန်းခန့်မှန်းအချက်အလက်တွေမှာ ဖော်ပြထားပါတယ်။

စာရေးဆရာ Kevin Kwan ရဲ့ ရောင်းအားအကောင်းဆုံး နာမည်တူဝတ္ထုကို Warner Bros. ရုပ်ရှင်ထုတ်လုပ်ရေးက အခြေခံ ရိုက်ကူးထားတဲ့ အဲဒီရုပ်ရှင်ဟာ ပြီးခဲ့တဲ့ သီတင်းပတ်ဗုဒ္ဓဟူးနေ့ကစလို့ ရုံတင်ခဲ့ပြီးတဲ့နောက် ရုံဝင်ငွေ ကန်ဒေါ်လာ ၃၄ သန်း ရရှိခဲ့ပြီး ဖြစ်တဲ့အကြောင်း ရုံဝင်ငွေလေ့လာသူ Exhibitor Relations အဖွဲ့က ပြောကြားခဲ့ပါတယ်။ အဲဒီရုပ်ရှင် ဟာ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်ပိုင်းမှာ ဒေါ်လာ ၂၅ ဒဿမ ၂ သန်းရရှိခဲ့ပြီး ဖြစ်တယ်လို့ ဆိုပါတယ်။

ဝါရင့်မင်းသမီး Michelle Yeoh၊ ဗြိတိသျှနွယ်ဖွားမလေးရှားနိုင်ငံသား ဘီဘီစီအစီအစဉ်တင်ဆက်သူဟောင်း Henry Golding နဲ့ အမေရိကန်ဇာတ်လမ်းတွဲ စတား Constance Wu တို့ပါဝင်ထားကြတဲ့ အဲဒီရုပ်ရှင်ဟာ စင်ကာပူနိုင်ငံမှာ နေထိုင်ပြီး အရမ်းချမ်းသာတဲ့ ချစ်သူရဲ့ မိသားစုနဲ့တွေ့ဆုံခဲ့ရတဲ့ အမေရိကန်စီးပွားရေး ပရော်ဖက်ဆာတဦးရဲ့ ဇာတ်လမ်း အကြောင်းကို ရိုက်ကူးထားတာ ဖြစ်ပါတယ်။

ဒါဟာ ၁၉၉၃ ခုနှစ်က “The Joy Luck Club” ရုပ်ရှင်နောက်ပိုင်း အာရှတိုက်သား သရုပ်ဆောင်တွေ လွှမ်းမိုးပါဝင်တဲ့ ရုပ်ရှင်လည်း ဖြစ်ပါတယ်။

သည်းထိတ်ရင်ဖို ငါးမန်းရုပ်ရှင် “The Meg” ကတော့ ဒုတိယမြောက်သီတင်းပတ်မှာတော့ ဒေါ်လာ ၂၁ ဒဿမ ၂ သန်းနဲ့ ဒုတိယနေရာမှာ ရပ်တည်နေပါတယ် အဲဒီရုပ်ရှင်မှာတော့ အက်ရှင်မင်းသား Jason Statham က သမိုင်းမတင်မီ ခေတ်ကတည်းက ရှိခဲ့တဲ့ ငါးမန်းတကောင်ရဲ့ တိုက်ခိုက်မှုကို ခံရတဲ့ ရေငုပ်သင်္ဘောထဲက သိပ္ပံပညာရှင်တွေကို ကယ်ဆယ် ဖို့ ကြိုးစားရတဲ့ ကယ်ဆယ်ရေးရေငုပ်သမားတဦးအဖြစ် သရုပ်ဆောင်ထား ပါတယ်။

မင်းသား Mark Wahlberg ပါဝင်ထားတဲ့ ထောက်လှမ်းရေး သည်းထိတ်ရင်ဖို အက်ရှင်ရုပ်ရှင် “Mile 22” ကတော့ ဒေါ်လာ ၁၃ ဒဿမ ၆ သန်းနဲ့ တတိယနေရာမှာ ရပ်တည်နေပါတယ်။

အခြားပွဲဦးထွက်ရုပ်ရှင်ဖြစ်တဲ့ “Alpha” ကတော့ “Mission: Impossible – Fallout” နဲ့အတူ ဒေါ်လာ ၁၀ ဒဿမ ၅ သန်းနဲ့ စတုတ္ထနေရာမှာ အတူယှဉ်တွဲရပ်တည်နေကြပါတယ်။ “M:I” ရုပ်ရှင်ရဲ့ နောက်ဇာတ်လမ်းကတော့ စုစုပေါင်း ရုံဝင်ငွေ ဒေါ်လာ ၁၈၀ ဒဿမ ၇ သန်းရရှိထားပြီးဖြစ်ပါတယ်။

ပြီးခဲ့တဲ့သီတင်းပတ်ရဲ့ အခြားရုံဝင်ငွေအများဆုံး ရုပ်ရှင်တွေကတော့

• “Christopher Robin” (ဒေါ်လာ ၈ ဒဿမ ၉ သန်း)

• “BlacKkKlansman” (ဒေါ်လာ ၇ သန်း)

• “Slender Man” (ဒေါ်လာ ၅ သန်း)

• “Hotel Transylvania 3: Summer Vacation” (ဒေါ်လာ ၃ ဒဿမ ၇ သန်း)

• “Mamma Mia! Here We Go Again” (ဒေါ်လာ ၃ ဒဿမ ၄ သန်း)

Ref: asiaone

The post မြောက်အမေရိကရုံဝင်ငွေစာရင်းမှာ ‘Crazy Rich Asians’ ရုပ်ရှင်ထိပ်ဆုံးမှ ဦးဆောင် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...