Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

ဝါရင့် ဇာတ်ပို့ သရုပ်ဆောင် ဒေါ်မိုးသီတာမိုး ကွယ်လွန်

$
0
0

ဝါရင့် ဇာတ်ပို့၊ ဇာတ်ရံသရုပ်ဆောင်တဦးဖြစ်တဲ့ ဒေါ်မိုးသီတာမိုးဟာ သြဂုတ်လ ၁၈ ရက်နေ့၊ (စနေနေ့) နေ့လည် ၂ နာရီက ၉၆ ပါး ရောဂါနဲ့ နေအိမ်မှာ ကွယ်လွန်ခဲ့တယ်လို့ သိရပါတယ်။ ကွယ်လွန်ချိန်မှာတော့ အသက် ၇၄ နှစ် ရှိပြီဖြစ်ပြီး သြဂုတ်လ၂၀ ရက်နေ့၊ သန်လျင် အမိုးနီ သုသာန်မှာ သြင်္ဂိုဟ်မှာလို့ သိရပါတယ်။

“အမေများအဖွဲ့မှ ရုပ်ရှင်နှင့် ဗွီဒီယိုသရုပ်ဆောင် အမေ ဒေါ်မိုးသီတာမိုး ဒီနေ့ နေ့လည် ၂ နာရီခွဲက ကွယ်လွန်အနိစ္စ ရောက်သွားပါပြီ။ တနင်္လာနေ့ နေ့လည် ၁ နာရီခွဲ အချိန် သန်လျင် အမိုးနီသုသာန်မှာ မီးသြင်္ဂိုဟ် ပါမယ် ကောင်းမွန်ရာ ဘုံဘဝသို့ အေးချမ်းစွာရောက်ရှိပါစေ” လို့ ဇာတ်ပို့ သရုပ်ဆောင် ပြည့်ဖြိုးက သူ့ရဲ့ Facebook အကောင့်မှာ ရေးသားထားပါတယ်။

ဒေါ်မိုးသီတာမိုးဟာ ရုပ်ရှင်ဇာတ်ကားတွေ အဖြူအမည်း ခေတ်ကတည်းက အနုပညာ လောကထဲ ရောက်ရှိခဲ့တာဖြစ်ပြီး ဇာတ်ပို့၊ ဇာတ်ရံ သရုပ်ဆောင် တယောက်အနေနဲ့ ကာရိုက်တာတိုင်းကို အကောင်းဆုံး ကြိုးစားခဲ့သူတဦး ဖြစ်ပါတယ်။

သူဟာ အိမ်ဖော်ဇာတ်ရုပ်၊ အဖွား၊ အမေ၊ အထိန်းတော် စတဲ့ ဇာတ်ရုပ်တွေနဲ့ ဇာတ်ကားတွေမှာ ပါဝင်သရုပ်ဆောင်လေ့ရှိပြီး ပီပြင်စွာ သရုပ်ဆောင်နိုင်သူတဦးလည်း ဖြစ်ပါတယ်။

ဒေါ်မိုးသီတာမိုးက ကျန်းမာရေးအခြေအနေကြောင့် အနုပညာအလုပ်တွေ မလုပ်တာ ကြာခဲ့ပြီး သူ့ရဲ့ ကျန်းမာရေးနဲ့ ပတ်သက်ပြီး အနုပညာလောကသားများကလည်း ထောက်ပံ့ကြေးငွေတွေ ပေးအပ် လှူဒါန်းခဲ့ကြပါသေးတယ်။

“အမေများ အက” အဖွဲ့ဝင် အမေ ဒေါ်မိုးသီတာမိုး ကွယ်လွန်သွားတာကြောင့် အနုပညာ လောကသားများနဲ့ အတူ ပရိသတ်တွေကလည်း ဝမ်းနည်းနေကြပါတယ်။ သြင်္ကန် ဆိုရင်လည်း အမြဲကပြဖျော်ဖြေတဲ့ အမေများအဖွဲ့မှာ ပါဝင်နေကြလည်း ဖြစ်ပါတယ်။

The post ဝါရင့် ဇာတ်ပို့ သရုပ်ဆောင် ဒေါ်မိုးသီတာမိုး ကွယ်လွန် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles