Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

စေ့စပ်လိုက်ကြောင်း တရားဝင်အတည်ပြုလိုက်တဲ့ Nick Jonas နဲ့ Priyanka Chopra

$
0
0

အမေရိကန်အဆိုတော် Nick Jonas ကတော့ အနာဂတ် ဇနီးလောင်းတဦးအနေနဲ့ ဘောလိဝုဒ်မင်းသမီးPriyanka Chopra ကို မိတ်ဆက်ပေးပြီး စေ့စပ်လိုက်ပြီဖြစ်တဲ့ အကြောင်း နောက်ဆုံးတော့ အတည်ပြုလိုက်ပြီဖြစ်ပါတယ်။

အသက် ၂၅ နှစ် အရွယ်အဆိုတော် Nick ဟာ ချစ်သူသက်တမ်း တလအကြာ ပြီးခဲ့တဲ့ ဇူလိုင်လပိုင်းမှာ မင်းသမီး Priyanka ကို လက်ထပ်ခွင့်တောင်းခဲ့တဲ့အကြောင်း သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်ခဲ့ပြီး Baywatch မင်းသမီးကတော့ အခုသီတင်းပတ် အစောပိုင်းမှာ စေ့စပ်လက်စွပ်လို့ ယူဆရတဲ့ တောက်တောင်ပြောင်ပြောင် လက်စွပ် တခုကို ပြသခဲ့ပါတယ်။ ဒါပေမယ့် သူတို့နှစ်ဦးက နှစ်ဦးကြားက ဆက်ဆံရေး အခြေအနေကို တိုက်ရိုက် အတည်ပြု ပြောဆိုတာမျိုး မရှိခဲ့ပါဘူး။

ပြီးခဲ့တဲ့ သြဂုတ်လ ၁၈ ရက်နေ့၊ Nick ရဲ့ မိဘတွေနဲ့ ဇနီးလောင်းရဲ့ မိဘတွေကို ပေးတွေ့ဖို့ အိန္ဒိယကို ရောက်ခဲ့ ပြီးတော့ အဆိုတော် Nick ဟာ သူတို့နှစ်ဦး တဦးကို တဦး ငေးမော ကြည့်ရှုနေတဲ့ ချစ်စဖွယ် ဓာတ်ပုံတခုကို Instagram မှာတင်ခဲ့ပါတယ်။ အဲဒီ ဓာတ်ပုံထဲမှာ မင်းသမီး Priyanka ကတော့ တောက်ပနေတဲ့ စိန်လက်စွပ်ဝတ်ထားတဲ့ လက်ကို သူ့ရဲ့ ရင်ဘတ်ပေါ်တင်ထားတာကိုလည်း တွေ့ရပါတယ်။

“အနာဂတ်မစ္စစ် Jonas ၊ ကျနော့်နှလုံးသား၊ ကျနော့်အချစ်” ဆိုပြီး Nick က ဓာတ်ပုံမျာ ပုံစာ ရေးခဲ့ပါတယ်။ အသက် ၃၆ နှစ်အရွယ် မင်းသမီး Priyanka ကလည်း အဲဒီပုံကိုပဲ သူ့ရဲ့ Instagram အကောင့်မှာ တင်ခဲ့ပြီးတော့ “ကျမနှလုံးသားနဲ့ စိတ်ဝိညာဉ်တွေအားလုံးနဲ့ ယူဆောင်သွားပါသော” လို့ ပုံစာရေးထိုးထားခဲ့ပါတယ်။

သူတို့တင်ခဲ့တဲ့ ဓာတ်ပုံနှစ်ခုမှာ ထူးခြားချက်ကတော့ Nick တင်တဲ့ ဓာတ်ပုံမှာ Priyanka က လက်စွပ်ကို ညာဖက်လက်မှာ ဝတ်ထားပြီး Priyanka တင်တဲ့ပုံမှာတော့ ဘယ်ဖက်လက်မှာ ဝတ်ဆင်ထားတာပဲ ဖြစ်ပါတယ်။

အဆိုပါ လျှပ်တပြက်ရိုက်ယူထားတဲ့ ဓာတ်ပုံကတော့ မွမ်ဘိုင်းမြို့မှာ သတို့သမီးလောင်းရဲ့ မိဘဆွေမျိုးတွေက တည်ခင်းတဲ့ စေ့စပ်ပါတီကျင်းပနေတဲ့အချိန်မှာ ရိုက်ကူးခဲ့တာဖြစ်ပြီး မင်းသမီး Priyanka က အဖြူရောက် ပန်းကနုတ်တွေပါဝင်တဲ့ အဝါရောင် ရိုးရာ ဆာရီကို ဝတ်ဆင်ထားပြီး Nick ကတော့ အဖြူရောင် ဝတ်စုံနဲ့ မြင်တွေ့ခဲ့ရပါတယ်။

မင်းသမီး Priyanka ဟာ Nick ရဲ့ မိခင် Denise နဲ့ ဖခင် Kevin Sr.၊ သူ့ရဲ့ မိခင် Madhu နဲ့မောင်လေး Siddharth တို့နဲ့ အတူ ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေကိုလည်း တင်ခဲ့ပါတယ်။ Priyanka ရဲ့ဖခင် Ashok ကတော့ ၂၀၁၃ ခုနှစ်မှာ ကွယ်လွန်ခဲ့ပြီးဖြစ်ပါတယ်။ တခြား ဓာတ်ပုံတခုမှာတော့ မင်းသမီးဟာ ဟိန္ဒူရိုးရာ ဆုတောင်းပွဲမှာ ပါဝင်ဆင်နွှဲနေခဲ့တဲ့ အနေအထားကို ရိုက်ကူးထားပါတယ်။

Ref: aceshowbiz

The post စေ့စပ်လိုက်ကြောင်း တရားဝင်အတည်ပြုလိုက်တဲ့ Nick Jonas နဲ့ Priyanka Chopra appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles