Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

“သဲ ဘယ်လောက်အထိ ပွင့်လင်းတယ်ဆိုတာ ပရိသတ် အသိဆုံးပါပဲ”

$
0
0

ယခုရက်ပိုင်းအတွင်း အဆိုတော် ရွှေထူးနဲ့ ရွှေမှုံရတီတို့ ဘန်ကောက်မြို့မှာ ရိုက်ကူးထားတဲ့ ဓာတ်ပုံများနဲ့အတူ သူတို့နှစ်ဦးဟာ ချစ်သူတွေ ဖြစ်နေကြပြီဆိုပြီး သတင်းများ ပျံ့နှံ့လျက် ရှိရာ ကာယကံရှင် နှစ်ဦးစလုံးကတော့ အဲဒီ ကိစ္စနဲ့ ပတ်သက်ပြီး ဝန်ခံခြင်း၊ ငြင်းဆိုခြင်း စတဲ့ တစုံတရာ တုံ့ပြန်ခြင်း မရှိပေမယ့် သြဂုတ်လ ၁၉ ရက်နေ့ ညမှာတော့ သူတို့ရဲ့ Facebook အကောင့်တွေကနေ နှစ်ဦးတွဲ ဓာတ်ပုံများ တင်ခဲ့ကြပါတယ်။

“အနုပညာသမား မှန်ရင် ဝေဖန်မှုတွေ၊ တိုက်ခိုက်မှုတွေ ကြုံရမှာပါပဲ။ သဲအနေနဲ့က အရည် ထူနေပြီပဲ ပြောရမလား၊ ဖြုံတောင် မဖြုံဘူး။ သဲသည် ဘယ်အရာကိုမှ ပုန်းရှိုးကွယ်ရှိုး မလုပ်ပါဘူး။ ဘယ်အရာကိုမဆို ပရိသတ်ကို ပွင့်ပွင့်လင်းလင်း ချပြပါတယ်။ သဲ ဘယ်လောက်အထိ ပွင့်လင်းတယ်ဆိုတာ ပရိသတ် အသိဆုံးပါပဲ”လို့ ရွှေမှုံရတီက သူမရဲ့ အချစ်ရေးအကြောင်း မီဒီယာများက မေးမြန်းစဉ်မှာ ဖြေကြားခဲ့ပါတယ်။

“သဲအများကြီး မပြောချင်သေးဘူး၊ စောင့်ကြည့်ပေးပါ။ သဲ လူမှုကွန်ရက်ပေါ်မှာ စာတွေ ရေးတယ်။ ခံစားချက်တွေ တင်တယ်။ သဲသည် အရမ်းချစ်တတ်တဲ့ မိန်းမတယောက် ဖြစ်တဲ့အတွက် ပရိသတ်သိအောင် ပြောပြတယ်။ သူသိအောင် ပြောပြတယ်။ ဒါပါဘဲ”လို့ရွှေမှုံရတီက ဆိုပါတယ်။

သရုပ်ဆောင် ရွှေမှုံရတီနဲ့ အဆိုတော် ရွှေထူး / Shwe Htoo & Shwe Mhone Yati’s Facebook

ဒါ့အပြင် ရွှေမှုံရတီရဲ့ အရင်းနှီးဆုံး သူငယ်ချင်းဖြစ်တဲ့ သရုပ်ဆောင် ဇေရဲထက်ကလည်း ရွှေထူးနဲ့ ရွှေမှုံရတီတို့ဟာ သူငယ်ချင်းအဆင့်သာ ရှိပြီး ပျံ့နှံ့နေတဲ့ ဓာတ်ပုံများဟာ ဗီစီဒီ ရိုက်ကူးရေးမှ ပုံများဖြစ်တယ်လို့ မီဒီယာများကို ဖြေကြားထားပါတယ်။

“ရွှေမှုံ ချစ်သူသစ် ရတယ်ဆိုတာ မဟုတ်နိုင်ပါဘူး။ သူတို့ ဗီစီဒီ ရိုက်တာ။ ရိုက်တဲ့ပုံလေးတွေ တင်တာပါ။ ဘာမှ မဟုတ်ပါဘူး။ အကောင်းဖက်ကပဲ မြင်ပေးကြပါ”လို့ ဇေရဲထက်က ဆိုပါတယ်။

အဆိုတော် ရွှေထူးရဲ့ Facebook အကောင့်ကနေလည်း ဓာတ်ပုံများတင်ခဲ့သလို ရွှေမှုံရတီ Facebook ကနေလည်း သူတို့နှစ်ဦး အတွဲပုံများကို တင်ထားခဲ့ကြတာပါ။ အဆိုတော် ရွှေထူးနဲ့ ရွှေမှုံရတီတို့ဟာ ပြီးခဲ့တဲ့ မတ်လအတွင်းက “နှလုံးသားကို ဝင်ချည်၊ ထွက်ချည် လုပ်တဲ့ ဧည့်သည်” ရုပ်ရှင်မှာ အတူတွဲဖက် သရုပ်ဆောင်ခဲ့ရာကနေ ချစ်ကြိုက်ခဲ့ခြင်း ဖြစ်ကြောင်း ပရိသတ်များက ခန့်မှန်းပြောဆိုလျက် ရှိနေပါတယ်။

ဆက်စပ် သတင်းလင့်ခ်“ရွှေမှုံရတီကို အကောင်းဖက်က မြင်ပေးကြပါ” ဆိုသူ ဇေရဲထက်

The post “သဲ ဘယ်လောက်အထိ ပွင့်လင်းတယ်ဆိုတာ ပရိသတ် အသိဆုံးပါပဲ” appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...