Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

“ဘဝမှာ မူးယစ်ဆေးသုံးဖို့ အစီအစဉ် မရှိသလို လက်တည့်စမ်းခိုင်းသူလည်း မရှိပါဘူး”

$
0
0

လတ်တလော အနုပညာရှင်အချို့ မူးယစ်ဆေးဝါးမှု လက်ဝယ်တွေ့ရှိမှုနဲ့ ဖမ်ဆီးခံရတာနဲ့ ပတ်သက်ပြီး သရုပ်ဆောင် အကယ်ဒမီ နေတိုးက သူ့အနေနဲ့ ဘဝမှာ မူးယစ်ဆေးဝါးသုံးဖို့ အစီအစဉ် မရှိသလို လက်တည့်စမ်းခိုင်းတဲ့လူလည်း မရှိဘူးလို့ ဧရာဝတီကို ပြောပါတယ်။

“ကျနော့်ရဲ့ဘဝမှာ မူးယစ်ဆေးဝါးသုံးဖို့ အစီအစဉ် မရှိသလို လက်တည့်စမ်းခိုင်းတဲ့ လူတွေလည်း မရှိပါဘူး။ ကျနော် ဖြတ်သန်းခဲ့တဲ့ ဘဝတလျှောက်လုံးမှာ မူးယစ်ဆေးဝါး သုံးစွဲတဲ့ အပေါင်းအသင်း၊ သူငယ်ချင်းတွေလည်း မရှိခဲ့ဘူး။ ပတ်ဝန်းကျင်မှာလည်း မရှိခဲ့ဖူးဘူးဆိုတော့ မူးယစ်ဆေးဝါးနဲ့တော့ တော်တော်ဝေးပါတယ်” လို့ နေတိုးက ပြောပါတယ်။

အနီးစပ်ဆုံးအနေနဲ့ လွန်ခဲ့တဲ့ရက်ပိုင်းက ဒါရိုက်တာ မိုက်တီး ဖမ်းဆီးခံရတာကိုတော့ စိတ်မကောင်းဖြစ်မိပြီး မကောင်းတဲ့အရာကို မလုပ်တာ အကောင်းဆုံးပဲလို့ နေတိုးက ဆိုပါတယ်။

“အဲဒီသတင်းတော့ လောလောဆယ် မသိဘူး။ အွန်လိုင်းမသုံးဖြစ်တာ တပတ်လောက်ရှိပြီ ဆိုတော့လေ။ အခုလို ကြားရတာကို စိတ်မကောင်းဖြစ်မိပါတယ်” လို့ နေတိုးက ပြောပါတယ်။

“အဓိကကတော့ မူးယစ်စေတဲ့ အရာမှန်သမျှ ဘယ်အရာမှ မကောင်းပါဘူး။ မကောင်းတဲ့ အရာကို မလုပ်တာ အကောင်းဆုံးပါပဲ။ ဘယ်လုပ်ငန်းမှာမဆို အဆိုးအကောင်းဆိုတာ တွဲနေတယ်။ အရှင်းဆုံးပြောရရင် လူတယောက်နဲ့တယောက် မတူကြဘူးလေ။ အကြိုက်ချင်း၊ ဝါသနာချင်းလည်း မတူကြဘူး။ လူတကိုယ် စိတ်တမျိုးစီပါပဲ” လို့ နေတိုးက ပြောပါတယ်။

ယနေ့ခေတ်မှာတော့ တချို့သောလူငယ်များ မူးယစ်ဆေးဝါးကို အသုံးပြုလာနဲ့ ပတ်သက်ပြီးတော့လည်း သူရဲ့ အမြင်ကို အခုလိုဆိုပါတယ်။

“အဓိကကတော့ မကောင်းတာကို မကောင်းမှန်းသိဖို့ လိုတာပေါ့။ လူ့ဘဝမှာ လူတွေ ဖြတ်သန်းတဲ့ အတိတ်၊ အနာဂတ်၊ ပစ္စုပ္ပန်ဆိုတော့ လက်ရှိအခြေအနေတခုကို အကောင်းဆုံး ဖြစ်အောင် ဖြတ်သန်းနိုင်ဖို့က အရေးကြီးပါတယ်။ ဘုရားဟောအညီ ဆိုရင်တော့ ပစ္စုပ္ပန်ကို တည့်တည့်ကြည့်ရမယ်ပေါ့။ မိမိဖြတ်သန်းတဲ့အချိန် မိမိရောက်နေတဲ့ နေရာမှာ အကောင်းဆုံးဖြစ်အောင် ကျော်ဖြတ်နိုင်ရမယ်။ အကောင်းဆုံးဖြစ်အောင် ကြိုးစားရမယ်။ အဲဒီလို ကြိုးစားမှ အနာဂတ်၊ ကျန်ခဲ့တဲ့ အတိတ်က ကောင်းမှာပါ” လို့ နေတိုးက ပြောပါတယ်။

ယခုလ သြဂုတ်လဆန်းပိုင်းမှ စတင်ကာ အနုပညာလောကအတွင်း စိတ်ကြွမူးယစ်ဆေးဝါး ဖမ်းဆီးမှုများ ရှိလာခဲ့ပြီး သြဂုတ်လ ၉ ရက်နေ့က အဆိုတော် ရွှေထိုက်နဲ့ အမျိုးသား တဦးကို စိတ်ကြွရူးသွပ်ဆေးပြား ၁၁၉၉၄ ပြား၊ အိုက်စ် ၇၇၃ဂရမ် ၊ ဘိန်းဖြူ ၁၁ဂရမ်နဲ့ ဆေးခြောက် ၁၂ဂရမ်တို့နဲ့ အတူ ဖမ်းဆီးရမိခဲ့တာ ဖြစ်ပါတယ်။

သြဂုတ်လ ၁၅ ရက်နေ့မှာတော့ Hip Hop အဆိုတော် ရသ အပါအဝင် ၃ ဦးကို မန္တလေးမြို့မှာ စိတ်ကြွရူးသွပ် ဆေးပြား စုစုပေါင်း ၁၆၅၅ ပြားတို့နဲ့ ဖမ်းဆီး ရမိခဲ့ပြီး မနေ့က သြဂုတ်လ ၁၆ ရက်နေ့၊ ညပိုင်းမှာတော့ ဒါရိုက်တာ မိုက်တီးကို မူးယစ်ဆေးဝါးများနဲ့ အတူ ဖမ်းမိခဲ့တာ ဖြစ်ပါတယ်။

The post “ဘဝမှာ မူးယစ်ဆေးသုံးဖို့ အစီအစဉ် မရှိသလို လက်တည့်စမ်းခိုင်းသူလည်း မရှိပါဘူး” appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...