Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

“Doctor Strange 2” ရုပ်ရှင်အတွက် စတာလင်ပေါင် ၇ ဒဿမ ၅ သန်း ကမ်းလှမ်းခံရတဲ့ Benedict Cumberbatch

$
0
0

ဗြိတိသျှမင်းသား Benedict Cumberbatch ဟာ သူ့ရဲ့ နာမည်ကျော်ရုပ်ရှင်ဖြစ်တဲ့ “Doctor Strange” ရဲ့ နောက်ဆက်တွဲ ရုပ်ရှင်မှာ ပါဝင်သရုပ်ဆောင်ဖို့ စတာလင်ပေါင် ၇ ဒဿမ ၅ သန်းနဲ့ ကမ်းလှမ်းခံထားရတယ်လို့ သိရပါတယ်။ Mirror သတင်းစာရဲ့ အဆိုအရ “Avengers: Infinity War” ရုပ်ရှင်မင်းသား Benedict ဟာ အခြားတကိုယ်တော် ရုပ်ရှင်မှာ ခေါင်းဆောင် ဇာတ်ကောင်အနေနဲ့ ပြန်လည်ပါဝင်ဖို့ အတွက် Disney Studios ထံကနေ လစာ ပေါင် ၅ သန်း ထပ်တိုး ရရှိမယ်လို့ ဆိုပါတယ်။

အတွင်းသတင်းတခုက “Benedict ဟာ Marvel Universe မှာ အဓိကကျတဲ့ ဇာတ်ကောင် ဖြစ်လာပါပြီ” လို့ သတင်းစာကို ပြောကြားခဲ့ပါတယ်။ မင်းသား Benedict ဟာ ၂၀၁၆ ခုနှစ်က ဒါရိုက်တာ Scott Derickson ရိုက်ကူးခဲ့တဲ့ “Doctor Strange” ရုပ်ရှင်မှာ ပထမဆုံး ပါဝင်သရုပ်ဆောင်ခဲ့ပြီး ပြီးခဲ့တဲ့နှစ်မှာ ဖြန့်ချိခဲ့တဲ့ “Thor: Ragnarok” ရုပ်ရှင်မှာ တစွန်းတစ ပါဝင်ခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။

Doctor Strange ဟာ “Infinity War” ရုပ်ရှင်မှာ အဓိကကျတဲ့ ဇာတ်ကောင်တခုဖြစ်ခဲ့ပြီး အသက် ၄၂ နှစ်အရွယ် မင်းသားကတော့ ၂၀၁၉ ခုနှစ်မှာ ဖြန့်ချိဖို့ စီစဉ်ထားတဲ့ ခေါင်းစဉ်မပေးရသေးတဲ့ “Avengers 4” ရုပ်ရှင်မှာလည်း ထပ်မံပါဝင်လာဦးမှာ ဖြစ်ပါတယ်။ အဲဒီသတင်းစာရဲ့အဆိုအရ မင်းသား Benedict ဟာ နောက်ဆုံး Avenger ရုပ်ရှင် နှစ်ခုဖြစ်တဲ့ “Doctor Strange” နဲ့”Thor: Ragnarok” ရုပ်ရှင်တို့မှာ ပါဝင်ခဲ့တဲ့ အတွက် အနုပညာကြေး ပေါင် ၄ ဒဿမ ၂ သန်း ရရှိခဲ့ပြီး ဖြစ်တယ်လို့ သိရပါတယ်။

“Doctor Strange” ရဲ့ နောက်ဆက်တွဲ ဇာတ်လမ်းကို လာမယ့်နှစ်၊ နွေဦးကာလမှာ စတင်ရိုက်ကူးမှာ ဖြစ်ပြီး ရိုက်ကူး ကြာမြင့်ချိန် ၆ လလောက်ရှိမယ်လို့ သတင်းထုတ်ပြန်ထားပြီး ဖြစ်ပါတယ်။ အဲဒီအတွက် မင်းသားဟာ ဂန္တဝင်စုံထောက်ကြီး ရှားလော့ဟုမ်း အကြောင်းအခြေခံထားတဲ့ ပဉ္စမမြောက်ဇာတ်လမ်းတွဲ ရိုက်ကူးဖို့ အချိန် မလုံမလောက် ဖြစ်နိုင်တယ် လို့လည်း ဆိုကြပါတယ်။

Ref:PTI

The post “Doctor Strange 2” ရုပ်ရှင်အတွက် စတာလင်ပေါင် ၇ ဒဿမ ၅ သန်း ကမ်းလှမ်းခံရတဲ့ Benedict Cumberbatch appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...