Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

“မြန်မာပြည်က သရုပ်ဆောင်တွေနဲ့ ရိုက်ရတာ ပျော်ဖို့ ကောင်းတယ်”

$
0
0

“နာနာဘာဝချစ်သူ” ရုပ်ရှင်မှာ ပါဝင်သရုပ်ဆောင်ထားတဲ့ ထိုင်းမင်းသမီး ပတ်ချာရာတူသောင်က သူမအတွက် ဒီဇာတ်ကားဟာ ပထမဆုံး သရဲကား ဖြစ်ပြီး မြန်မာဟာသ သရုပ်ဆောင်နဲ့ ရိုက်ကူးရတာမို့ ပျော်ဖို့ကောင်းတယ်လို့ ဆိုပါတယ်။

“ကျမအတွက် ပထမဆုံးကားဖြစ်သလို သရဲကာရိုက်တာနဲ့ ပထမဆုံး ရိုက်တဲ့ကား ဖြစ်တဲ့အတွက် ရင်လည်းခုန်တယ်။ ဒီကားထဲက သရုပ်ဆောင်တွေနဲ့ သရုပ်ဆောင်ရတာ ပျော်ဖို့လည်း ကောင်းတယ်။ ခင်ဖို့လည်း ကောင်းတယ်။ ရိုက်ရတာ ပျင်းတယ်လို့မရှိဘူး၊ အရမ်း ပျော်မိပါတယ်။ ဇာတ်ကားထဲမှာလည်း အင်္ဂလိပ်လို နည်းနည်းပြောတယ်။ အပြင်မှာ အင်္ဂလိပ်လို ပြောတယ်” လို့ ထိုင်းမင်းသမီး ပတ်ချာရာတူသောင်က ပြောပါတယ်။

“ဇာတ်လမ်းထဲမှာ မသိတဲ့ပိုင်းကို လက်ဟန်နဲ့ စကားပြောပါတယ်။ ကျမကိုယ်တိုင်ကလည်း သရဲကို ကြောက်တဲ့အတွက် ရိုက်ရတာ စိတ်လှုပ်ရှားမှုတော့ ရှိပါတယ်။ ကျမအနေနဲ့ မြန်မာနိုင်ငံက မင်းသားဆိုတော့ ချောချောလေး ထင်လို့ “ဒါက မြန်မာမင်းသား”ဆိုပြီး အံ့သြသွားတယ်။ ဦးဗေက ဟာသသရုပ်ဆောင်လို့ နောက်မှသိတော့ ပျော်ဖို့တော့ ကောင်းပါတယ်”လို့ ပတ်ချာရာတူသောင်က ပြောပါတယ်။

 

ဟာသ သရုပ်ဆောင် ဗေလုဝနဲ့ ထိုင်းမင်းသမီး ပတ်ချာရာတူသောင်

 

မြန်မာမင်းသားတွေက ပွင့်ပွင့်လင်းလင်းနဲ့ သဘောကောင်းတာကြောင့် ရိုက်ရတာ အဆင်ပြေပါတယ်လို့လည်း သူကဆိုပါတယ်။

“မြန်မာပြည်က မင်းသားတွေက ပွင့်ပွင့်လင်းလင်းနဲ့ သဘောကောင်းတဲ့အတွက် ရိုက်ရတာ အဆင်ပြေပါတယ်။ မြန်မာပြည်က ပရိသတ်တွေ အားပေးကြတော့ အရမ်းပျော်ပါတယ်။ ရွှေတိဂုံနဲ့ ကိုးထပ်ကြီး ဘုရား သွားဖူးတယ်။ မေမြို့လည်း သွားဖူးတယ်။ မြန်မာ အစာအစားထဲမှာ အုန်းနို့ခေါက်ဆွဲပေါ့။ သိပ်တော့ မသိဘူး။ နို့တွေ ကြက်ဥတွေနဲ့ ဝါဝါလေးတွေ အဲ့တာကို ကြိုက်တယ်။ မြန်မာလူမျိုးတွေက ခင်ဖို့လည်း ကောင်းတယ်။ ချစ်ဖို့လည်း ကောင်းပါတယ်”လို့ ပတ်ချာရာတူသောင်က ပြောပါတယ်။

ပတ်ချာရာတူသောင်က ထိုင်းနိုင်ငံမှာလည်း ဇာတ်လမ်းတွဲများကို သရုပ်ဆောင်နေပြီး သူမပါဝင်ထားတဲ့ “နာနာဘာဝချစ်သူ” ရုပ်ရှင်ဇာတ်ကားကို လာမယ့် သြဂုတ်လ၂၄ ရက် နေ့မှာ ရုံတင်ပြသမှာ ဖြစ်ပါတယ်။

အဲဒီ ဇာတ်ကားထဲမှာ ဟာသ သရုပ်ဆောင် ဗေလုဝ၊ အရိုင်း၊ ပတ်ချာရာတူသောင်၊ ကျော်ကျော်၊ ညီထွဋ်ခေါင်နဲ့ အခြား ဟာသသရုပ်ဆောင်၊ အနုပညာရှင်များစွာ ပါဝင် သရုပ်ဆောင် ထားပါတယ်။

The post “မြန်မာပြည်က သရုပ်ဆောင်တွေနဲ့ ရိုက်ရတာ ပျော်ဖို့ ကောင်းတယ်” appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles