Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

အမေရိကန်နိုင်ငံမှာ ရောင်းအားအကောင်းဆုံး ဖြစ်လာတဲ့ “The Eagles”အဖွဲ့ သီချင်း Album

$
0
0

“The Eagles” အဖွဲ့ရဲ့ နာမည်ကျော် သီချင်းတွေပါဝင်တဲ့ အယ်လ်ဘမ်ဟာ Moonwalk အကနဲ့ နာမည်ကြီးခဲ့တဲ့ ကွယ်လွန်သူ အဆိုတော် မိုက်ကယ်ဂျက်ဆင်ရဲ့ “Thriller” အယ်လ်ဘမ်ကို ကျော်တက်ပြီး အမေရိကန်နိုင်ငံမှာ သမိုင်းဝင်တဲ့ ရောင်းအားအကောင်းဆုံး သီချင်း Album ဖြစ်လာခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လ ၂၀ ရက်နေ့မှာ ထုတ်ပြန်ခဲ့တဲ့ Associated Press ရဲ့ သတင်းထဲမှာ The Eagles အဖွဲ့ရဲ့ “Their Greatest Hits 1971-1975” အယ်လ်ဘမ်ဟာ အခုဆိုရင် ကော်ပီအချပ်ရေ ၃၈ သန်းကျော် ရောင်းချရတဲ့ ပလက်တီနမ် ၃၈ ထပ်ကွမ်းအဆင့် သတ်မှတ်ခံလိုက်ရတယ်လို့ ဖော်ပြထားပါတယ်။

အဲဒီအယ်လ်ဘမ်ကို ၁၉၇၆ ခုနှစ်မှာ ဖြန့်ချိခဲ့တာဖြစ်ပြီး ဒုတိယနေရာမှာရှိနေတဲ့ ပလက်တီနမ် ၃၃ ထပ်ကွမ်းအဆင့် မိုက်ကယ်ဂျက်ဆင်ရဲ့ “Thriller” အယ်လ်ဘမ်ကို ကျော်တက် နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

တေးသံသွင်း လုပ်ငန်းအသင်းက ၁၉၇၇ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ The Eagles အဖွဲ့ရဲ့ “Hotel California” အယ်လ်ဘမ်ဟာ အခုအချိန်မှာ ပလက်တီနမ် ၂၆ ထပ်ကွမ်းအဆင့် သတ်မှတ် ခံထားရပြီး တတိယရောင်းအား အကောင်းဆုံး တေးအယ်လ်ဘမ် အဖြစ် ရပ်တည်နေပါတယ်။

The Eagles အဖွဲ့ရဲ့ နာမည်ကျော် သီချင်းများ စုစည်းမှု Album ရောင်းအားကို တေးသံသွင်း အဖွဲ့ကြီးက ၂၀၀၆ ခုနှစ်မှာ နောက်ဆုံးထုတ်ပြန်ခဲ့ပြီး အဲဒီအချိန်မှာ ပလက်တီနမ် ၂၉ ထပ်ကွမ်းအဆင့်လို့ ဖော်ပြခဲ့ပါတယ်။ Thriller အယ်လ်ဘမ်အတွက် ရောင်းအားနဲ့ နားထောင်မှုအကြိမ်အရေအတွက်ကို ပြီးခဲ့တဲ့နှစ်မှာ ထုတ်ပြန်ခဲ့ပါတယ်။

အဖွဲ့ဝင် Don Henley က “ကျနော်တို့ရဲ့ မိသားစုတွေ၊ စီမံခန့်ခွဲရေးအဖွဲ့၊ ရိုက်ကူးရေးအဖွဲ့၊ ရေဒီယိုထုတ်လွှင့်ရေးမှ ပုဂ္ဂိုလ်များ၊ ၄၆ နှစ်တာ အနိမ့်အမြင့်အတက်အကျတွေကြားမှာ ကြံ့ကြံ့ခံခဲ့ကြတဲ့ သစ္စာရှိ ပရိသတ်တွေကို ကျေးဇူးတင်ပါတယ်” လို့ ကြေညာချက်တခုမှာ ပြောကြားခဲ့ပါတယ်။

တေးသံသွင်းအဖွဲ့ရဲ့ ပလက်တီနမ်အဆင့်သတ်မှတ်မှုဟာ သီချင်း ဒါမှမဟုတ် အယ်လ်ဘမ် ၁ သန်းရောင်းချရမှု နဲ့ ညီမျှတာဖြစ်ပေမယ့် ၂၀၁၃ ခုနှစ်မှာ ကုမ္ပဏီက YouTube, Spotify နဲ့ အခြားဒစ်ဂျယ်တစ် ဂီတဝန်ဆောင်မှု တွေနဲ့ ပူးပေါင်းလိုက်ချိန်ကစလို့ အယ်လ်ဘမ်နဲ့ သီချင်းအတွက် ပလက်တီနမ်အဆင့် သတ်မှတ်ချက်ကို ပြောင်းလဲခဲ့ပါတယ်။

အယ်လ်ဘမ် ၁ ခုကို အကြိမ်ရေ ၁၅၀၀ ဝင်ရောက်နားထောင်ရင် အယ်လ်ဘမ် ၁ ချပ် ရောင်းအားနဲ့ ညီမျှပါတယ်။ သီချင်း ၁၀ ပုဒ် ဒေါင်းလုဒ်ဆွဲရင် အယ်လ်ဘမ် ၁ ချပ်ရောင်းအားနဲ့ ညီမျှပါတယ်။

၁၉၇၀ ပြည့်လွန်နှစ် အစောပိုင်းကာလတွေတုန်းက လော့စ်အင်ဂျလိစ်မြို့မှာ ထူထောင်ခဲ့တဲ့ “The Eagles” အဖွဲ့ဟာ Rock & Roll နဲ့ ကန်းထရီး ဂီတသီချင်းများကို ရောနှောသီဆိုရာမှာ နာမည်ကြီးခဲ့ပြီး “Hotel California” နဲ့ “Take It Easy” တို့ အပါအဝင် အဖွဲ့ရဲ့ နာမည်ကျော် သီချင်းတွေဟာ အဲဒီဆယ်စုနှစ်တာရဲ့ အကောင်းဆုံး သီချင်းတွေ ဖြစ်ခဲ့ကြပါတယ်။

သူတို့အဖွဲ့ဟာ ၁၉၈၀ ခုနှစ်မှာ ကွဲသွားခဲ့ကြပြီး ၁၄ နှစ်ကြာပြီးတဲ့နောက် မူရင်း ကျန်ရှိတဲ့အဖွဲ့ဝင်တွေ ဖြစ်တဲ့ Henley နဲ့ Glenn Frey တို့က အဖွဲ့ရဲ့ လုပ်ငန်းတွေကို ဆက်လက်လုပ်ကိုင်ခဲ့ကြပါတယ်။ Frey ကတော့ ၂၀၁၆ ခုနှစ်မှာ ကွယ်လွန် ခဲ့ပါတယ်။ ဒါပေမယ့် ဂရမ်မီဆုရအဖွဲ့ကတော့ နယ်လှည့် ဖျော်ဖြေပွဲတွေ ဆက်လုပ်နေပါတယ်။

ဒါ့အပြင် ၁၉၈၈ ခုနှစ်မှာ အဖွဲ့ကို Rock & Roll အောင်မြင်မှု လမ်းမထက်မှာ ဂုဏ်ပြုခဲ့ပြီး ၂၀၁၆ ခုနှစ်မှာ ကနေဒီ စင်တာဂုဏ်ပြုရရှိခဲ့ပါတယ်။

Ref:indianexpress

The post အမေရိကန်နိုင်ငံမှာ ရောင်းအားအကောင်းဆုံး ဖြစ်လာတဲ့ “The Eagles” အဖွဲ့ သီချင်း Album appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...