Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

Instagram မှာ Follower သန်း ၂၀ ကျော်သွားတဲ့ ပထမဆုံး ဘောလိဝုဒ်မင်းသား

$
0
0

ဘောလိဝုဒ်မင်းသား Akshay Kumar ဟာ လူမှုကွန်ရက် မီဒီယာဖြစ်တဲ့ Instagram မှာ Follower သန်း ၂၀ ကျော် ရရှိခဲ့တဲ့ ပထမဆုံး ဘောလိဝုဒ်မင်းသား ဖြစ်လာခဲ့ပြီး အဲဒီ သမိုင်းမှတ်တိုင်အတွက် အမှတ်တရ ပစ္စည်းတခုကိုလည်း လက်ခံရယူခဲ့ပါတယ်။

မင်းသားဟာ ပြီးခဲ့တဲ့ သြဂုတ်လ ၂၀ ရက်နေ့မှာ Instagram က ပေးအပ်တဲ့ အမှတ်တရ ပစ္စည်းနဲ့အတူ သူကိုယ်တိုင် ပါဝင်ရိုက်ကူးထားတဲ့ ဓာတ်ပုံတခုကို ဝေမျှခဲ့ပါတယ်။

 

ဘောလိဝုဒ်မင်းသား Akshay Kumar

 

“Gold” ရုပ်ရှင်မင်းသား Akshay က “Instagram မှာ လူကောင်းတွေအတွက် အခြား “ရွှေ” တခုဖြစ်ပါတယ်။ Follower သန်း ၂၀ ကျော် သမိုင်းမှတ်တိုင်ကို ဖြတ်ကျော်နိုင်ခဲ့တဲ့ ပထမဆုံး ဘောလိဝုဒ်မင်းသားဆိုတာကို ဝမ်းမြောက်စွာ ဝေမျှလိုက်ပါ။ အချစ်တွေ၊ ပို့သတဲ့အချစ်တွေ၊ တောင်းဆုတွေကြောင့် အားလုံးကို ထပ်မံ ကျေးဇူးတင်ပါတယ်” လို့ Instagram မှာ ရေးသားခဲ့ပါတယ်။

အခုလအစောပိုင်းမှာ မင်းသားဟာ အဲဒီမှတ်တိုင်ကို ရရှိခဲ့တဲ့အတွက် ဂုဏ်ပြု ဗီဒီယိုတခုကို တင်ခဲ့ပါသေးတယ်။ မင်းသား Akshay နောက်ဆုံးပါဝင်ထားတဲ့ “Gold” ရုပ်ရှင်ဟာ အခုအချိန်မှာ ရုံဝင်ငွေကောင်းနေပါတယ်။ “PadMan” နဲ့ “Toilet: Ek Prem Katha” ရုပ်ရှင်တို့ရဲ့ အောင်မြင်မှုပြီးတဲ့နောက် ရုံဝင်ငွေစာရင်းမှာ မင်းသားအတွက် နောက်ထပ် အောင်မြင်မှု မှတ်တိုင်တခုကို စိုက်ထူဦးမှာဖြစ်ပါတယ်။

“Gold” ရုပ်ရှင်ကတော့ ၁၉၄၈ အိုလံပစ်ပြိုင်ပွဲမှာ အိန္ဒိယဟော်ကီအသင်းရဲ့ အောင်မြင်မှု အကြောင်း ဇာတ်အိမ်တည် ရိုက်ကူးထားပါတယ်။ အဲဒီရုပ်ရှင်မှာ မင်းသား Akshay အပြင် Mouni Roy, Kunal Kapoor နဲ့ Vineet Kumar Singh တို့လည်း ပါဝင်ထားကြပါတယ်။

ရုပ်ရှင်ဒါရိုက်တာကတော့ Reema Kagti ဖြစ်ပြီး မင်းသားဟာ “Kesari”, “Housefull 4” နဲ့ “Good News” ရုပ်ရှင်တို့မှာ အတူတူလက်တွဲရိုက်ကူးခဲ့ကြဖူးပါတယ်။

ပြီးခဲ့တဲ့ အိန္ဒိယနိုင်ငံရဲ့ လွတ်လပ်ရေးနေ့မှာ ဖြန့်ချိခဲ့တဲ့ “Gold” ရုပ်ရှင်ဟာ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်ပိုင်း ရုံဝင်ငွေစာရင်းမှာလည်း ထိပ်ဆုံးကနေ ရပ်တည်နေခဲ့ပါတယ်။ ရုံတင်ပြီး ငါးရက်အတွင်း ရူပီး ၇၁ ဒဿမ ၃ ကုဋေ ရရှိထားပြီး ဖြစ်တယ်လို့လည်း ဆိုပါတယ်။

Ref:Indianexpress

The post Instagram မှာ Follower သန်း ၂၀ ကျော်သွားတဲ့ ပထမဆုံး ဘောလိဝုဒ်မင်းသား appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...