Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

“အခွေရောင်းတာကတော့ အရှုံးဘက်ချည်းပဲ ပြန်ကာမိအောင် ပွဲဆိုနေရတယ်”

$
0
0

အဆိုတော်တွေ တော်တော်များများက ခိုးကူးခွေများကြောင့် သီချင်းခွေများထုတ်ရာမှာ အရှုံးပေါ်နေကြပြီး ခက်ခဲလာကြတဲ့အချိန်မှာတော့ အဆိုတော် ဇွဲပြည့်ကတော့ သူ့ရဲ့ တကိုယ်တော် သီချင်းခွေကို တခွေပြီး တခွေထွက်နိုင်အောင် ကြိုးစားလျက်ရှိပါတယ်။

ယခုအခါမှာလည်း သူ့ရဲ့တတိယမြောက် တကိုယ်တော်အခွေကို ဖန်တီးပြုလုပ်နေတယ်လို့ သိရပါတယ်။ ဒါနဲ့ ပတ်သက်လို့ ဇွဲပြည့်က အခုလို ဆိုပါတယ်။

“ကျနော့်ရဲ့ ၃ ခွေမြောက် အခွေလေး အသံသွင်းနေပြီ။ ၁၀ လပိုင်း ၁၁ ပိုင်း ထွက်နိုင်ဖို့ အတွက် ရည်ရွယ်ထားတယ်။ အကုန်လုံးလည်း ပြီးနေပြီ။ ဒီအခွေထဲမှာတော့ အားလုံးက ကိုယ်ပိုင် သီချင်းတွေချည်းပဲ။ ပြီးတော့ ကျနော်နဲ့တွဲပြီး ရေးထားတဲ့ သီချင်းတွေလည်းပါမယ်။ လူငယ်ပုံစံလေးတွေ ပိုပြီးများလာမယ်။ ရှေ့က ၂ ခွေနဲ့ နည်းနည်းကွာသွားမယ်။ သီချင်းက ၁၀ ပုဒ်လောက်ပဲ ထွက်မှာဆိုတော့ အခုက ၂၅ ပုဒ်လောက်ရှိတော့ ပြန်ရွေးထုတ်ရမယ်” လို့ ဇွဲပြည့်က ဧရာဝတီကို ပြောပါတယ်။

အဆိုတော် တယောက်ရဲ့ ဘဝအတွက်အမှတ်တရတွေ အကုန်လုံးက အခွေထဲမှာ ရှိနေတဲ့အတွက် အခွေတခွေ ထွက်တိုင်း အဆင့်တဆင့်မြင့်စေတယ်လို့ ခံစားရတယ်လို့ ဇွဲပြည့်က ဆိုပါတယ်။

“အဓိကကတော့ အဆိုတော်တယောက်ရဲ့ ဘဝအတွက် အမှတ်တရတွေ အကုန်လုံးက အခွေထဲမှာ ရှိနေတယ်။ အခွေတခွေ ထွက်တိုင်း ကိုယ့်အတွက် အဆင့်တဆင့် မြင့်စေတယ်လို့ ခံစားရတယ်။ ဆိုစရာ သီချင်းများများရှိပြီး သီချင်းများများ ထွက်ထားမှ အဆိုတော် တယောက်လို့ ပြောလို့ရတာပေါ့”

“အဲဒီတော့ အခွေက အဓိကပေါ့။ အတွဲအခွေတွေ ဘာတွေထက် တကိုယ်တော်အခွေကို ပိုပြီး ဖိဖိစီးစီး လုပ်ဖြစ်တယ်။ အခွေရောင်းတာကတော့ အရှုံးဘက်ကချည်းပဲ။ ဒါပေမယ့် ပွဲဆိုတဲ့ ဘက်ကနေ ပြန်ကာမိပြီး ကြိုးစားရတာပေါ့” လို့ ဇွဲပြည့်က ပြောပါတယ်။

“အားကိုးပါ” လို့ အမည်ပေးထားတဲ့ တတိယမြောက် အခွေမှာတော့ သီချင်း ၁၀ ပုဒ် ထည့်မှာ ဖြစ်ပြီး အရှေ့က ထွက်ထားတဲ့ ၂ ခွေနဲ့ မတူညီတဲ့ ပုံစံများကို နားထောင်ရမှာပါလို့ ပြောပါတယ်။

ဇွဲပြည့်ကတော့ “အပြည်ပြည်ဆိုင်ရာ အသဲကွဲသောနေ့”နှင့် “ခိုလှုံရာ” ဆိုတဲ့ တကိုယ်တော်အခွေများ ထွက်ရှိထားပြီး သူသီဆိုထားတဲ့ “အပြည်ပြည်ဆိုင်ရာ အသဲကွဲသောနေ့” သီချင်းနဲ့ “စာချွန်တော်” သီချင်းကတော့ ပရိသတ်တွေကြားမှာ ရေပန်းစားပါတယ်။

The post “အခွေရောင်းတာကတော့ အရှုံးဘက်ချည်းပဲ ပြန်ကာမိအောင် ပွဲဆိုနေရတယ်” appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles