Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

မတရားမှုကို ကိုယ်တိုင်လက်စားချေရတဲ့ အကြောင်း ရိုက်ကူးထားတဲ့ “Ajji”

$
0
0

“Ajji” ဆိုတာ “အဘွား” လို့ အဓိပ္ပာယ်ရပါတယ်။ ဒီဇာတ်ကားဟာ ဟင်ဒီဘာသာစကားနဲ့ ရိုက်ကူးထားတဲ့ အိန္ဒိယ ဒရာမာ ရုပ်ရှင်ဇာတ်ကားပါ။ မတရားမှုကို ရင်ဆိုင်ဖို့ တရားဥပဒေကို အားကိုးလို့မရတဲ့အခါ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဘယ်လိုတုံ့ပြန်သွားတယ်ဆိုတာကို ဒီဇာတ်ကားမှာ ဖော်ပြထားတာဖြစ်ပါတယ်။

ဒီဇာတ်လမ်းကို တက်သစ်စ လူငယ် ဒါရိုက်တာ Devashish Makhija က ရိုက်ကူး ထားပါတယ်။ ဇာတ်လမ်းအကျဉ်းက ဆင်းရဲလွန်းတဲ့မိသားစုတစုမှာချစ်စရာကောင်းတဲ့ သမီးလေး မန်ဒါတယောက် ရှိပါတယ်။ အဘွား ဖြစ်သူရဲ့အသည်းနှလုံးဖြစ်တဲ့ မန်ဒါလေး တနေ့ ပျောက်သွားလို့ မိသားစုတွေလိုက်ရှာရာကနေ အမှိုက်ပုံ တခုနားမှာ ဒဏ်ရာ တွေနဲ့ တွေ့လိုက်ရပါတယ်။

မုဒိမ်းကျင့်ခံထားရပြီး ဘယ်သူကလုပ်လိုက်တယ်ဆိုတာကိုလည်း သိရက်နဲ့ ရဲတိုင်လို့ မရခဲ့ပါဘူး။ အမှုကျူးလွန်သူက နိုင်ငံရေးသမားတဦးရဲ့ သားဖြစ်နေပြီး အမှုစစ် ကိုယ်တိုင်ကလည်း လာဘ်စားထားတဲ့အခါ မတရားမှုကို ဘယ်သူ့ကိုမှ ဖွင့်ပြောလို့ မရခဲ့ပါဘူး။ မန်ဒါရဲ့ဖခင်နဲ့မိခင်ကိုယ်တိုင်က ဝမ်းရေးအတွက် ရုန်းကန်နေရတဲ့အတွက် မတရားမှုကို ခေါင်းငုံံ့ခံဖို့သာ ဖြစ်လာပါတယ်။

ဒါပေမယ့် အဖွားဖြစ်သူကတော့ မြေးမလေးရဲ့မတရားခံရမှုအတွက် လက်တုံ့ပြန်ဖို့ စိတ်ဆန္ဒ ပြင်းပြနေခဲ့ပြီး အစီအစဉ် တခုကိုချမှတ်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ခွန်အားနည်းတဲ့ တုန်တုန်ချိချိ အဘွားအိုက မြေးမလေးအတွက် ကလဲ့စားချေဖို့ကို အောင်မြင်အောင် လုပ်ဆောင်နိုင်ခဲ့သလား၊ ဘယ်လိုနည်းလမ်းတွေသုံးမလဲ ဆိုတာကို စိတ်ဝင်စားဖွယ် ကြည့်ရှုရမှာ ဖြစ်ပါတယ်။

ဇာတ်လမ်းမှာ နာမည်ကြီး မင်းသား၊ မင်းသမီးတွေ မတွေ့ရပေမယ့် သဘာဝကျကျ ရိုက်ကူးထားတာကြောင့် တကယ့် အပြင်ကဇာတ်လမ်းကို ကြည့်နေရသလို ခံစားရမှာပါ။

ဒီဇာတ်ကားဟာ ရုပ်ရှင်ပွဲတော်တွေမှာ ပြသခြင်းခံခဲ့ရသလို ဆုတွေလည်း ရရှိခဲ့ပါတယ်။ Rating အနေနဲ့ကြည့်ရင်လည်း IMDB (7.2) ရထားတာကြောင့် ကြည့်သင့်တဲ့ ဇာတ်ကားကောင်း တကားပဲ ဖြစ်ပါတယ်။

The post မတရားမှုကို ကိုယ်တိုင်လက်စားချေရတဲ့ အကြောင်း ရိုက်ကူးထားတဲ့ “Ajji” appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...