Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

ဂီတသက်တမ်း ၁၅နှစ်ပြည့်သွားပြီဖြစ်တဲ့ ဖြူဖြူကျော်သိန်း

$
0
0

ဂီတသက်တမ်း ၁၅ နှစ်ပြည့်သွားပြီဖြစ်တဲ့ အဆိုတော် ဖြူဖြူကျော်သိန်းက ဂီတလောကထဲ ပုံစံအမျိုးမျိုးနဲ့ ဝင်ရောက်လာတဲ့ အဆိုတော် အသစ်များအတွက် သီချင်းဆို ပြိုင်ပွဲတွေက အဓိကနေရာတခုလို ဖြစ်နေတယ်လို့ ဧရာဝတီကို ပြောပါတယ်။

“အခုဂီတလောကရဲ့ အခြေအနေအရဆိုရင် အသစ်တွေဝင်လာဖို့ကို ပေါ်ပြူလာဖြစ်တဲ့ ပြိုင်ပွဲတွေကနေ တဆင့်ဝင်လာဖို့ လမ်းကြောင်းတခုတည်းပဲ ခိုင်ခိုင်မာမာ ရှိသလိုလည်း ပါတယ်။ တခြားနည်းလမ်းနဲ့ ဂီတလောကထဲမှာ သတိထားမိပြီး ပရိသတ်ရှိပြီး ဝင်လာဖို့ ဆိုတာ အသစ်တွေအတွက်ဆို ခက်ခဲနေတယ်လေ။ လုပ်နေတဲ့သူတွေလည်း ရှိပါတယ်”

“ကိုယ်တိုင်ရေး ၊ ကိုယ်တိုင်တီး၊ ကိုယ်တိုင်သီဆို ၊ ကိုယ်တိုင်ထုတ်လုပ်ဖို့ဆိုတာက ဂီတလောကကြီးက တော်တော်လေးပျက်သွားပြီဆိုတော့ ဒါမျိုးတွေရှိဖို့က ခက်ခဲလာတော့ ပြိုင်ပွဲသည်သာ အဆိုတော်သစ်ကလေးတွေ ဂီတလောကထဲကို ဝင်လာဖို့အတွက် အဓိကလမ်းကြောင်းလိုဖြစ်နေတယ်ဆိုတာ နားလည်သဘောပေါက်ပါတယ်။ အရေးကြီးတာ ကိုယ်တိုင်ရဲ့ အရည်အချင်းပါပဲ” လို့ ဖြူဖြူကျော်သိန်းက ပြောပါတယ်။

လတ်တလောနာမည်ကြီးပြီး ဝေဖန်မှုများမြင့်တက်လျက်ရှိတဲ့ Myanmar Idol သီချင်းဆို ပြိုင်ပွဲကြီးကိုတော့ ဖြူဖြူကျော်သိန်းအနေနဲ့ မကြည့်ဖြစ်ဘဲ သီချင်းဆိုပြိုင်ပွဲများကတော့ သူတို့ချမှတ်ထားတဲ့ ပုံစံအတိုင်း ပြုလုပ်တာ ဖြစ်တဲ့အတွက် အထွေအထူး ပြောစရာ မရှိပါဘူးလို့ ဆိုပါတယ်။

 

အဆိုတော် ဖြူဖြူကျော်သိန်း

 

“အမှန်အတိုင်းပြောရရင် Myanmar Idol ကို မကြည့်ဖြစ်ပါဘူး။ ဖြူဖြူက ၂ လနီးပါးလောက် ပြင်သစ်သွားနေတဲ့ အချိန်တွေနဲ့ တိုက်ဆိုင်တာရယ် အလုပ်တွေ ရှုပ်နေတာရယ်ကြောင့် မကြည့်ဖြစ်လိုက်ဘူး။ ပြိုင်ပွဲဆိုတာကတော့ သူ့ရဲ့သဘော သဘာဝအတိုင်းပေါ့။ ဘယ်လို သဘာဝနဲ့သွားလဲဆိုတာကို မူတည်ပြီးတော့ လုပ်ပုံကိုင်ပုံတွေကတော့ မတူကြဘူးပေါ့။ ဘာမှတော့ အထွေအထူး ပြောစရာ မရှိပါဘူး”လို့ ဖြူဖြူကျော်သိန်းက ဆိုပါတယ်။

ဖြူဖြူကျော်သိန်းကတော့ ဂီတလောကထဲကို ဝင်ရောက်လာခဲ့သည်မှာ ယခုလ အတွင်းမှာ ၁၅ နှစ်ပြည့်ခဲ့ပြီဖြစ်ပြီး ၁၅နှစ်ပြည့်သွားသည်အထိ အသစ်တယောက်လို အားပေးနေဆဲ ဖြစ်တဲ့အတွက် ဝမ်းသာရပါတယ်လို့ ဆိုပါတယ်။

“ဂီတသက်တမ်း ၁၅ နှစ်လည်း ပြည့်သွားပြီဆိုပေမယ့် ပရိသတ်တွေက အသစ် တယောက်လိုပဲ စိတ်ဝင်တစား အားပေးနေကြသေးတယ်။ ၁၅ နှစ်ကြာပြီဆိုပေမယ့် အလုပ်အသစ်၊ ဂီတအသစ်၊ ပုံစံအသစ်၊ တင်ဆက်မှုအသစ်တွေအတွက် ပရောဂျက် အသစ်တွေကို လုပ်နေတုန်းဆိုတာက ဖြူဖြူအတွက် အရမ်းကို ကြီးမားတဲ့ ကံကောင်းမှုပါ။ ကိုယ့်ကိုအားပေးတဲ့သူတွေကိုလည်း ကျေးဇူးတင်တယ်။ ပံ့ပိုးပေးကြတဲ့ လုပ်ဖော်ကိုင်ဖက်တွေကိုလည်း ကျေးဇူးတင်တယ်”လို့ ဖြူဖြူကျော်သိန်းက ပြောပါတယ်။

ဖြူဖြူကျော်သိန်းက အောက်တိုဘာလမှာတော့ အမေရိကန်အဆိုတော် Lancifer နဲ့ တွဲဖက်ပြီး Mini Album တခွေ ထွက်ဖို့ရှိပြီး လတ်တလောမှာတော့ Music Video ရိုက်နေတယ်လို့ သိရပါတယ်။

The post ဂီတသက်တမ်း ၁၅နှစ်ပြည့်သွားပြီဖြစ်တဲ့ ဖြူဖြူကျော်သိန်း appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...