Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

“သားလေးကြီးလာရင် ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်သူ ဖြစ်စေချင်တယ်”

$
0
0

ကိုစွမ်းသူမိုးနဲ့ သရုပ်ဆောင် မိုးယုစံတို့ရဲ့သားလေး ကောင်းသိင်္ခမိုးသူ(ခ) Austin ရဲ့ အသက် ၁ နှစ်ပြည့် မွေးနေ့ အလှူပွဲကို ယနေ့၊ သြဂုတ်လ ၂၁ ရက်နေ့၊ ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ တောင်ကြီး ပရိယတ္တိစာသင်တိုက်မှာ ပြုလုပ်ခဲ့ပါတယ်။

သားလေး မွေးနေ့အလှူအဖြစ် မိုးယုစံတို့ မိသားစုမှ ရဟန်း သံဃာများကို အလှူငွေများ ဆက်ကပ် လှူဒါန်းခဲ့ပါတယ်။ အသက် ၁ နှစ်ပြည့်သွားပြီဖြစ်တဲ့ သားဖြစ်သူအတွက် မိခင်ဖြစ်သူ မိုးယုစံက သားလေးကြီးလာရင် ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်သူ ဖြစ်စေချင်တယ်လို့ ဆိုပါတယ်။

“အရင်တုန်းကတော့ မွေးနေ့ပွဲကို မလုပ်ဘူးဆိုပြီး တွေးထားတာ။ အကုန်လုံးနဲ့ နောက်ကျတော့ တိုင်ပင်ပြီး လုပ်ဖြစ်သွားတယ်။ ဒီနေ့မွေးနေ့ အလှူလေးမှာ သံဃာတွေ ဆွမ်းကပ်တယ်။ ပြီးခဲ့တဲ့ နှစ်က ငါဒီချိန်မှာ သားလေးကို မွေးတော့ဆိုပြီး ပီတိဖြစ်မိတယ်။ ဒီနေ့လေးကို အရမ်းပျော်ပါတယ်” လို့ မိုးယုစံကို ပြောပါတယ်။

“ဘယ်လိုပဲဖြစ်ဖြစ် ကိုယ့်သားလေးဆိုတော့ သားလေးကို အရမ်းချစ်တယ်။ ငိုနေလည်း ချစ်တယ်။ နှုတ်ခမ်းလေး ဆူနေတာလေးကိုလည်း ချစ်တယ်။ မိဘဆိုတော့ သားလေးကို အကောင်းဆုံးပဲ ဖြစ်စေချင်ပါတယ်။ အဓိကကတော့ သားကြီးလာရင် သူ့ခြေထောက်ပေါ် ရပ်တည်နိုင်သူ ဖြစ်စေချင်တယ်။ ဘယ်လမ်းကို ရွေးရွေး ဆုံးဖြတ်ချက်ခိုင်ခိုင်မာမာနဲ့ လျှောက်နိုင်တယ့် လူတယောက်ဖြစ်ရင် ကျေနပ်ပါတယ်” လို့ မိုးယုစံက ဆိုပါတယ်။

မိုးယုစံက သားဖြစ်သူကို ကိုယ်တိုင်စောင့်ရှောက်ပြီး အသက် ၆ လအရွယ်ကတည်းက ကျောင်းထားဖြစ်တယ်လို့ ဆိုပါတယ်။ နောက်ထပ် သားသမီးထပ်ယူဖို့ အစီအစဉ်လည်းရှိပြီး အနုပညာအလုပ်တွေကိုတော့ အရင်ကလောက် မလုပ်ဖြစ်တော့ဘူးလို့ ဆိုပါတယ်။

မိုးယုစံရဲ့သားဖြစ်သူကို ပရိသတ်များက ချစ်ခင်ကြတဲ့အပေါ်ကိုတော့ အခုလိုဆိုပါတယ်။ “သားလေးကို ချစ်ပေးကြတဲ့ အတွက် အရမ်းကိုပီတိဖြစ်မိပါတယ်။ အရမ်းကိုလည်း ကျေးဇူးတင်ပါတယ်”လို့ ပြောပါတယ်။

မိုးယုစံက ခင်ပွန်းဖြစ်သူ ကိုစွမ်းသူမိုးနဲ့ ၂၀၁၆ခုနှစ်က အိမ်ထောင်ကျခဲ့တာဖြစ်ပြီး သားဖြစ်သူကိုတော့ ၂၀၁၇ ခုနှစ်မှာ မွေးဖွားခဲ့တာဖြစ်ပါတယ်။ မြန်မာနာမည်ကို “ကောင်းသိင်္ခမိုးသူ” လို့ ပေးထားပြီး အိမ်နာမည်ကိုတော့ Austin လို့ပေးထားကြောင်း သိရပါတယ်။

The post “သားလေးကြီးလာရင် ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်သူ ဖြစ်စေချင်တယ်” appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...