Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

“ချစ်သူ G Fatt နဲ့ ရန်ဖြစ်လိုက် ပြန်ချစ်လိုက်ပါပဲ”

$
0
0

အနုပညာလောကထဲမှာ ချစ်ကြိုက်နေကြတဲ့ စုံတွဲများထဲမှ စုံတွဲတတွဲဖြစ်တဲ့ သရုပ်ဆောင် နန်းဆုရတီစိုးနဲ့ အဆိုတော် G Fatt တို့ ၂ဦးမှာတော့ G Fatt က သူ့အတွက် သီချင်းတွေ ရေးသားပြီး ဖန်တီးပေးတယ်လို့ နန်းဆုရတီစိုးက ပြောပါတယ်။ ဒါကြောင့် သူမရဲ့ စိတ်ခံစားချက်တွေကို ချစ်သူက ပုံဖော်ပေးတာပါလို့ နန်းဆုရတီစိုးက ဧရာဝတီကို ပြောပါတယ်။

“သူရေးပေးတဲ့ သီချင်းဆိုတာက နန်းဆုရဲ့တကယ်ခံစားနေရတဲ့ စိတ်ခံစားချက်ကို သူကမြင်ပြီး ရေးပေးတာပေါ့နော်။ နန်းဆုရဲ့စိတ်ခံစားချက်ကို သူက ပုံဖော်တယ်လို့ ပြောလို့ရပါတယ်။ ၂ယောက်ပေါင်းထားတဲ့ အနုပညာပေါ့” လု့ိ နန်းဆုရတီစိုးက ပြောပါတယ်။

သူတို့ ၂ဦးရဲ့ အချစ်ရေးကတော့ နားလည်မှုတွေနဲ့ တည်ဆောက်ထားပြီး စိတ်ညစ်ရတဲ့ အချိန်ထက် ပျော်ရွှင်ရတဲ့ အချိန်က များပါတယ်လို့ နန်းဆုရတီစိုးက ပြောပါတယ်။

“တယောက်က စိတ်ဆိုးနေရင် တယောက်ကလျော့လိုက်တယ်။ အဲဒီလိုမျိုးနဲ့ ညှိနှိုင်းပြီး နေတာဆိုတော့ အခုတော့ အရမ်းအဆင်ပြေတယ်။ ပျော်ရွှင်ရတဲ့အချိန်ကတော့ များပါတယ်။ စိတ်ညစ်ရတဲ့အချိန်ကတော့ တော်တော်လေး နည်းပါတယ်။ အဲဒါကလည်း စိတ်ညစ်ရတယ်လည်း မဟုတ်ဘူး။ သဘောထားမတိုက်ဆိုင်တာလေးတွေရှိတာရယ် နောက်တခုက သူအစအနောက် သန်တာလေးရယ်ပါပဲ။ ကျန်တာတော့ ကိစ္စကြီးကြီးမားမား မရှိပါဘူး” နန်းဆုရတီစိုး ကပြောပါတယ်။

နန်းဆုရတီစိုးနဲ့ G Fatt တို့ ၂ဦးကတော့ ချစ်သူသက်တမ်း တနှစ်ကျော်ရှိပြီဖြစ်ပြီး တနှစ်အတွင်းမှာ ခံစားရတဲ့ ခံစားချက်နဲ့ပတ်သက်လို့လည်း အခုလိုဆိုပါတယ်။

“တယောက်နဲ့တယောက်ကြားမှာ မာနမထားနဲ့ပေါ့။ စစချင်းမှာတော့ နန်းဆုတို့မှာလည်း မာနဆိုတာ အနည်းနဲ့ အများတော့ ရှိပါတယ်။ မာနမထားတာအကောင်းဆုံးပဲ။ နောက်ပြီးတော့ ချော့ဖို့ဝန်မလေးနဲ့။ နောက်တခုက နားလည်မှုတွေနဲ့တည်ဆောက်သွားရင် အကောင်းဆုံးပဲ။ အများကြီးတော့ အကြံမပေးတတ်ဘူး။ နန်းဆုတို့လည်း ရန်ဖြစ်လိုက် ပြန်ချစ်လိုက်၊ အဆင်ပြေလိုက် မပြေလိုက်နဲ့ပဲ နေနေကြတော့ သူများကိုအများကြီးတော့ အကြံဉာဏ်မပေးတတ်ဘူး”လို့ နန်းဆုရတီစိုးက ပြောပါတယ်။

သူတို့ချစ်သူ၂ဦးကတော့ မကြာခင်က ရိုက်ကူးထားတဲ့ G Fatt ရေးသားသီဆိုထားတဲ့ “အကယ်၍ လက်ထပ်ကြတဲ့အခါ” သီချင်း Music Video မှာ Romantic ဆန်စွာ ရိုက်ကူးခဲ့ပြီး လတ်တလော လူငယ် ပရိသတ်များစွာက အားကျနေကြတဲ့ စုံတွဲဖြစ်လို့ နေပါတယ်။

The post “ချစ်သူ G Fatt နဲ့ ရန်ဖြစ်လိုက် ပြန်ချစ်လိုက်ပါပဲ” appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


သီဟသူရဘွဲ့ရရှိခဲ့များ (အပိုင်း ၃ )


မြန်မာဘီယာသံဘူး ကံစမ်းမဲကာလ တဘူးကျပ် ၁၃၀၀ အထိ ဈေးမြင့် လိုအပ်သည့်အရေအတွက်...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


နောင်တော်ကြီးမင်း၏ နောက်ဆုံးည


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


လူ(၄)ဦးသေဆုံး သည့်ယာဉ်တိုက်မှု ဖြစ်ပွား


အိမ်သာထဲ၌ ဆယ်ကျော်သက်အရွယ်ခယ်မလေးကို အဓမ္မကျင့်နေတုန်း ယောက္ခမနဲ့ မိသောအခါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ


ကလေးစစ်သား ကာကွယ်တားဆီးရေးမူ အရ မြန်မာအပေါ် ချမှတ်ထားသည့် ပိတ်ဆို့အရေးယူမှု...