Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

လွမ်းရတာ နှစ်သက်တဲ့ “မေထုန်ရာသီဖွား မအေးသောင်း”

$
0
0

အနုပညာရှင်လှုပ်ရှားတွေနဲ့ အတူ တကျော့ပြန်လည် အောင်မြင်လာတဲ့ သရုပ်ဆောင် အေးဝတ်ရည်သောင်း (ခ) မအေးသောင်းက လတ်တလောမှာ ရုပ်သံဇာတ်လမ်းတွဲများ၊ ရုပ်ရှင်ကားကြီးများအပြင် ကြော်ငြာများ ရိုက်ကူးနေပါတယ်။ မအေးသောင်းက ရုပ်ရှင်ကားကြီးအနေနဲ့ “မုန်းစွဲ”၊ “မျက်နှာဖုံးများ” စတဲ့ ဇာတ်ကား ၂ ကား ရိုက်ကူးထားပါတယ်။

မအေးသောင်းက အလုပ်မအားတဲ့ကြားကနေ Facebook ကတဆင့် ပရိသတ်များနဲ့ အဆက်သွယ် မပြတ် တွေ့ဆုံဖြစ်နေပြီး အချစ်၊ အလွမ်း စာသားတွေနဲ့ ပရိသတ်တွေကို ဖမ်းစားနေဆဲ မအေးသောင်းနဲ့ ဧရာဝတီတို့ ကြော်ငြာရိုက်ကွင်း တခုမှာ တွေ့ဆုံဖြစ်ခဲ့ပါတယ်။

အသက် ၃၄ နှစ် ပြည့်ပြီး နောက်ပိုင်းမှာ ပိုတည်ငြိမ် ရင့်ကျက်လာတဲ့ မအေးသောင်းကို သူ့ရဲ့ အနုပညာ လှုပ်ရှားမှုတွေအကြောင်း၊ အချစ်ရေးနဲ့ မအေးသောင်းရဲ့ အသစ်ထွက်လာမယ့် ရုပ်ရှင်ကားတွေ အကြောင်းကို အနုပညာ သတင်းထောက် မန်းသူက မအေးသောင်းနဲ့ အခုလိုပဲ တွေ့ဆုံ မေးမြန်းထားပါတယ်။

မေး။ ။ မအေးသောင်းရဲ့ သရုပ်ဆောင်မှုကို ပရိသတ်က ပြန်ကြည့်ချင်နေကြပြီ။ “မုန်းစွဲ” ရုပ်ရှင်လည်း ရိုက်ထားပြီးပြီဆိုတော့ ဘယ်အနုပညာက ပရိသတ်ရှေ့မှောက် အရင်ရောက်လာမလဲ။

ဖြေ။ ။ ရုပ်ရှင်ကားကြီးကတော့ ပေါက်စီ သဘောကျတယ်။ “မုန်းစွဲ “မှာ ပေါက်စီ Scene က သိပ်မပါဘူး။ ဒါပေမယ့် ပါတဲ့ဆင်းန်တိုင်းမှာ လုပ်ကွက်လေးတွေရှိတယ်။ ကိုယ့်ရဲ့ ကာရိုက်တာလေး မိနေတယ်။ အဲဒါကိုတော့ ပေါက်စီ ပြချင်နေတယ်။ ဘာလို့လဲဆိုတော့ လူတွေက မအေးသောင်း ဆိုတာ ဘာလဲပေါ့။ သူဘာအနုပညာတွေ လုပ်လဲပေါ့။ ကိုယ့်ကို ခေါင်းစဉ် ရှာမရဘူး ဖြစ်နေတယ်။ လူတွေက ကိုယ့်ကို တွေ့လိုက်ရင် မြန်မာဝတ်စုံလေးနဲ့ ဆိုတာပဲသိတယ်။ ကျန်တာ ဘာဆက်ပြောမလဲ ဆိုရင် ဘယ်ရုပ်ရှင်မှာ၊ ဘယ်ကားမှာ ဘာလုပ်တယ်ဆိုတာ တွေ့စေချင်တယ်ပေါ့။

မေး။ ။ ပေါက်စီက Music Video ခေတ်ဦး (ဗီစီဒီ ကာရာအိုကေခေတ်) ကိုလည်း မှီလိုက်တော့ အခု Facebook ခေတ်နဲ့ အရင်ခေတ် အောင်မြင်ဖို့အတွက် ဘယ်ခေတ်က ပိုလွယ်ကူလဲ။

ဖြေ။ ။ လွယ်တယ်၊ မလွယ်ဘူးဆိုတာကတော့ ကိုယ့်အပေါ်ပဲ မူတည်တယ်လို့ ထင်တယ်။ လွယ်လွယ်ကူကူနဲ့ ရပ်တည်ချင်ရင်တော့လည်း ပေါ့ပေါ့လေးတွေးလိုက်ရင်လည်း ရတာပဲလေနော်။ဟို MTV ထွက်လည်း ကိုယ်ပဲ၊ ဒီ MTV ထွက်လည်း ကိုယ်ပဲတော့ ဖြစ်နေတယ်။ အခုကျတော့ မင်းသမီးတွေ မော်ဒယ်တွေ များလာတယ်။ ပြိုင်ဘက်တွေ များလာတယ်။ ပြိုင်ဘက်များတဲ့အတွက် ပိုပြီးတော့ ကြိုးစားရတယ်။ အဲဒါကြောင့် ပိုကောင်းသွားတာလည်း ရှိမယ်။

 

“မအေးသောင်း” လို့ ချစ်စနိုးခေါ်ကြတဲ့ အေးဝတ်ရည်သောင်း

 

မေး။ ။ ပေါက်စီက သီချင်းခွေလည်းလုပ်ခဲ့ဖူးတယ်နော်။ IC Band နဲ့ သေသေချာချာကို လုပ်ခဲ့တာ။ ဟိုတလောကလည်း သီချင်းတပုဒ် လုပ်ခဲ့တော့ ရှေ့ဆက်လာမယ့်သီချင်းကဏ္ဍတွေရော ရှိနိုင်မလား။

ဖြေ။ ။ သီချင်းကတော့ ပေါက်စီ ဝါသနာပါလို့ကို ဆိုတာ။ IC ကိုလည်း အရမ်းကြိုက်လို့။ အဲဒီ အချိန်က ရိုက်ကူးရေး ဘက်များနေလို့ သီချင်းကို Own tune ပဲ လုပ်ဖြစ်တယ်။ ကော်ပီကျတော့ ကိုယ်ဆိုတဲ့ အချိန်မှာ တခြားလူက ထွက်သွားနှင့်ပြီ၊ အလျဉ်မမှီဘူး။ ဒါကြောင့် Own tune လုပ်ဖြစ်တယ်။ ဘာပဲဖြစ်ဖြစ် မှတ်တိုင်တခုအနေနဲ့ ကျေနပ်တာပေါ့နော်။ ဒါပေမယ့် ကိုယ့်အခွေ တခွေလုံး ပြန်နားထောင်ကြည့်ရင် နားငြီးတယ်။ ကိုယ့်အခွေကိုလည်း တခွေလုံး နားမထောင်နိုင်ဘူး။ ဘယ်လိုမှ မခံစားနိုင်ဘူး။

အဲဒီအချိန်က Punk တွေ ၊ Rock တွေ တအားကြိုက်တယ်လေ။ တန်ပါတယ်။ ကိုယ်လုပ်ချင်တာတွေ လုပ်ခဲ့ရလို့လေ။ ဘုရားကျောင်းမှာလည်း ပေါက်စီက အမြဲ ဆိုတယ်လေ။ ဒါပေမယ့် ပေါက်စီမှာ အဆိုတော်ဖြစ်မယ့် ကံမပါဘူး။ အသံနဲ့လည်း မနှိပ်စက်ချင်တော့ဘူး။ ကိုယ့်အခွေကို တခွေလုံး နားထောင်လိုက်ရင် စိတ်ဓာတ်ကျသွားတယ် ဆိုရင်လည်း အပျော်ပဲ ဝါသနာရှင်တယောက်အနေနဲ့ ဆိုဖြစ်မယ်။ Professional တော့ မလုပ်တော့ပါဘူး။

မေး။ ။ မအေးသောင်း အခုလိုနုပျိုနေတဲ့ လျှို့ဝှက်ချက်က အချစ်ကြောင့်လား။ Facebook မှာဆို အမြဲ Feeling post တွေ တွေ့လို့လေ။ ဒါက ကိုယ်ပိုင်ခံစားချက်တွေပဲလား။

ဖြေ။ ။ အချစ်ရေးကတော့ အေးဆေးပါပဲ။ ပေါက်စီက အဲဒါကြီးကို အကြီးမားကြီးတော့ မဖြစ်ဘူး ပေါ့နော်။ ပြီးတော့ ပေါက်စီက ဒီအရွယ်ရောက်မှတော့ စိတ်မညစ်ချင်ဘူး။ ပြီးတော့ ပေါက်စီက လွမ်းတာကို ကြိုက်တယ်။ အဲဒါကြောင့် ကိုယ်တိုင်ကလည်း သက်သက်မဲ့ကို ရန်ရှာ ၊ ပြဿနာရှာ။ လွမ်းချင်လို့ကို အဲဒီလိုလုပ်တာလည်း ရှိတယ်။ Drama Queen ပေါ့နော်။

ဖုန်းတွေက ကိုယ်မဆက်တာ။ ဒါပေမယ့် ကိုယ်ပဲ Feel နေတာ။ ဝတ္ထုတွေဖတ်ရင်လည်း ဝတ္ထုထဲက အတိုင်း ခံစားပြီး အပြင်မှာ အဲဒီလိုဖြစ်နေရော။ ပေါက်စီက စိတ်နှစ်ခွ။ လွမ်းလည်း အရမ်းလွမ်းတတ်၊ ချစ်လည်း အရမ်းချစ်တတ်တယ်။ ဒါပေမယ့် တဖက်မှာလည်း အချစ်အတွက် စိတ်မညစ်ချင်ဘူး။ တကယ်က ကိုယ်ပဲ မျိုးစုံ ကနေတာ။ ကြည့်ရတာ မေထုန်ရာသီဖွားမို့လား မသိဘူး။ မေထုန်တွေက စိတ်နှစ်ခွ ရှိတတ်တယ်လေ။

မေး။ ။ အဲဒီတော့ ကိုယ့်ရဲ့ ဆိုးနွဲ့မှုတွေကို ကိုယ့်ချစ်သူက ဘယ်လိုတုံ့ပြန်လဲ။

ဖြေ။ ။ ကိုယ့်ချစ်သူက ကိုယ့်ကို သည်းခံတယ်။ ကိုယ်ကဆိုးနေတာလေ။ ကိုယ်ချစ်တဲ့ သူတွေအားလုံးက သည်းခံကြတယ်။

မေး။ ။ ကိုယ့်ချစ်သူအပေါ် နာမ်စားက ကိုကိုလား၊ မောင်လား၊ ကိုကြီးလား။

ဖြေ။ ။ “သူ” ပေါ့။

မေး။ ။ မအေးသောင်းရဲ့ ဆိုးနွဲ့တာခံနေရတဲ့ ချစ်သူအတွက် မအေးသောင်းရဲ့ စကား လက်ဆောင်က…။

ဖြေ။ ။ ချစ်သူအတွက်ကတော့ ပေါက်စီကို စိတ်ပျက်မသွားနဲ့ပေါ့။ အမြဲတမ်း ချော့နေပါပေါ့။ ။

ဆက်စပ် သတင်းလင့်ခ်ဧရာဝတီသတင်းဌာန ၂၅နှစ်ပြည့်အတွက် မအေးသောင်းရဲ့ ဆုတောင်းစကား

“တကယ်ယူတော့မယ် ဆိုမှပဲ ပရိသတ်ကိုကြေငြာပါ့မယ်” ဆိုတဲ့ မအေးသောင်းရဲ့ အချစ်ရေး

The post လွမ်းရတာ နှစ်သက်တဲ့ “မေထုန်ရာသီဖွား မအေးသောင်း” appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...