Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

သဘင်သက်ကြီး ပူဇော်ပွဲမှာ ရန်ပုံငွေအတွက် ဘောလုံးကစားကြမယ့် ဖိုက်စတားအဖွဲ့

$
0
0

သဘင်သက်ကြီးပူဇော်ပွဲဆိုတာ သဘင်သမားတွေ အားလုံးနဲ့ သက်ဆိုင်သလို လူရွှင်တော် အဖွဲ့စည်းနဲ့လည်း သက်ဆိုင်ပါတယ်။ သဘင်သက်ကြီးပူဇော်ပွဲကို စက်တင်ဘာလ ၁၅ ရက်နေ့၊ အောင်ဆန်း အားကစားကွင်းမှာ ပြုလုပ်မှာဖြစ်ပြီး သဘင်အနုပညာရှင် အမျိုးသားနဲ့ အမျိုးသမီး အသင်းတို့ ကန်ကြမယ့် ရန်ပုံငွေဘောလုံးပြိုင်ပွဲမှာ ဖိုက်စတားအဖွဲ့လည်း ပါဝင်ကစားပြီး ရန်ပုံငွေ ရှာပေးမယ်လို့ သိရပါတယ်။

အဆိုပါ သဘင် သက်ကြီးရန်ပုံငွေနဲ့ ပတ်သက်ပြီး လူရွှင်တော် ကျင်ဝှက်က အခုလို ပြောပါတယ်။

“ဒီသဘင်သက်ကြီး ပုဂ္ဂိုလ်တွေက အများကြီးပဲလေ။ အဲဒီအပေါ်မှာ ငွေရေးကြေးရေး အခက်အခဲတော့ ရှိပါတယ်။ ဒါကြောင့် ဒီအခက်အခဲအတွက် အဘက်ဘက်ကနေပြီးတော့ ရန်ပုံငွေ ရှာပါတယ်။ တချို့ကျတော့လည်း တယောက်တည်း နိုင်သလောက်ပေးတဲ့ သူတွေလည်း ရှိပါတယ်။ တကယ်လည်း အားကိုးပါတယ်။ သူတို့ကြောင့်ပဲ ကျနော်တို့ ရည်ရွယ်ချက်တွေ အများကြီး အောင်မြင်ပါတယ်။နောက်ပြီး ကျနော်တို့ အနုပညာအဖွဲ့က လူငယ်လေးတွေရဲ့ စည်းလုံး ညီညွတ်မှုကြောင့်လည်း ပါပါတယ်။ တော်လို့ပေါ့နော်။ အဲဒီလိုမျိုးပါ” လို့ ကျင်ဝှက်က ပြောပါတယ်။

“သဘင်သက်ကြီး ပူဇော်ပွဲ လုပ်မယ့်အချိန်မှာ ကျနော်တို့ အဆင်သင့် လုပ်ပေးရမယ်။ ကျနော်တို့လည်း တနေ့နေ့ တချိန်ချိန် ဒီလိုပဲ အိုမင်းရင့်ရော်လာမှာပဲ။ ဘယ်သူမှ ဒီအတိုင်း နုပျို လန်းဆန်းနေမှာ မဟုတ်ဘူး။ တချိန်ကျရင် နောက်တက်လာမယ့် ကလေးတွေရဲ့ ကန်တော့တာ ဘာညာ ဒီလိုပဲ သွားရမှာပဲ။ လုပ်ပေးနိုင်တဲ့အချိန်မှာ ကျနော်တို့ထက် အသက်အား ဝါအားကြီးတဲ့ ပုဂ္ဂိုလ်တွေကို ကျနော်တို့ လုပ်ပေးဖို့ တာဝန်ရှိတယ်လို့ပဲ ကျနော်တို့မြင်ပါတယ်။ ဒါကြောင့် သူတို့က အချိန်မရွေး ခေါ်ရင် အချိန်မရွေး လုပ်ပေးရမှာပေါ့” လို့ ကျင်ဝှက်က ဧရာဝတီကို ပြောပါတယ်။

 

လူရွှင်တော် ကျင်ဝှက်

 

ဆက်လက်ပြီး ကျင်ဝှက်က လူရွှင်တော်ပညာရပ်ကို လေ့လာသင်ယူရတဲ့အပေါ် ခေတ်အလိုက် ပြောင်းလဲမှုကိုလည်း အခုလို ဆိုပါတယ်။

“ခက်တယ်တို့၊ လွယ်တယ်တို့တော့ မဟုတ်ပါဘူး။ အနုပညာကတော့ ဘာလုပ်လုပ် ခက်တာပါပဲ။ အလွယ်လုပ်တတ်တဲ့ လူတွေအတွက် မဟုတ်ရင် အရမ်းခက်ခဲပါတယ်။ အလွယ်ကြည့်တတ်တဲ့ ပရိသတ်တွေ ရှိတဲ့အတွက် အလွယ်လုပ်တဲ့သူတွေလည်း ရှိတတ်ပါတယ်။ ပြီးပြီးရောပေါ့။ တချို့ကတော့ ခဲရာခဲဆစ် လုပ်ပြီးတော့ နှစ်နှစ်ကာကာ ကြည့်တဲ့ ပရိသတ်တွေလည်း ရှိတယ်။ ဒါပေမဲ့ အနုပညာအကုန်လုံးကတော့ လွယ်တယ်လို့ မရှိဘူးပေါ့နော်။ ခဲယဉ်းပါတယ်။ ကျနော်တို့ လူရွှင်တော်တွေမှာ လေကကောင်းပြီး မျက်နှာမပါတာတွေ ရှိတယ်။ မျက်နှာကောင်းပြီး လေမပါတာတွေ ရှိတယ်။ အဲဒီလိုမျိုး ပေါ့နော်” လို့ ကျင်ဝှက်က ပြောပါတယ်။

“ကျနော်တို့ ခေတ်တုန်းကလောက်တော့ ပင်ပန်းဆင်းရဲတာမျိုးတော့ သိပ်မရှိတော့ဘူး။ ဟိုတုန်းက ဆိုရင် ဆရာတွေဆီမှာ သင်ရတာ အရမ်း ရိုကျိုးရတာ။ ဆရာတွေ မသင်ပေးမချင်း စောင့်နေရတာ။ ဆရာ ကျနော် သင်ချင်ပါတယ် ပြောလို့လည်း မရဘူး။ လက်မခံဘူး ။ သူသင်ပေးတဲ့ အချိန်ကျမှ သင်ရတာ။ ကျနော်တို့တုန်းက အဲဒီလိုမျိုးလေ။ အခုတော့ ကလေးတွေက လုပ်ချင်တယ်ဆို ချက်ချင်း လုပ်ပေးလိုက်တာ။ အဲဒီ တခုတော့ နည်းနည်းလေး ကွာသွားပါတယ်”လို့ ကျင်ဝှက် ဆိုပါတယ်။

အော်မော်၊ အောင်သော်၊ ကျင်ဝှက်၊ မျောက်ရှုံး၊ ကြာစိတို့ ပါဝင် ဖွဲ့စည်းထားတဲ့ လူရွှင်တော် ဖိုက်စတားအဖွဲ့က ယခုခေတ် မျိုးဆက်သစ် လူရွှင်တော်တွေကို မြေတောင် မြှောက်ပေးတဲ့အနေနဲ့ “နယူးဖိုက်” လူရွှင်တော်အဖွဲ့ကိုလည်း ဖွဲ့စည်းပေးထားတယ်လို့ ဆိုပါတယ်။

“နယူးဖိုက်” လူရွှင်တော် အဖွဲ့သားတွေကတော့ မျက်ပြူး၊ ဖိုးခွေး၊ ပြောင်ကြီး၊ ထူးခြား၊ ဒိုးလုံး စတဲ့ လူရွှင်တော်များ ဖြစ်ပြီး အဆိုပါ အဖွဲ့ကို ဖွဲ့စည်းပေးထားတာ တနှစ်ရှိပြီလို့လည်း သိရပါတယ်။

The post သဘင်သက်ကြီး ပူဇော်ပွဲမှာ ရန်ပုံငွေအတွက် ဘောလုံးကစားကြမယ့် ဖိုက်စတားအဖွဲ့ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...