နိုင်ငံတကာက မြန်မာနိုင်ငံအကြောင်း ရိုက်ကူးထားတဲ့ ဇာတ်ကားတွေ အများကြီး ရှိပါတယ်။ ဒါပေမယ့် ဒီဇာတ်ကားတွေကိုတော့ မြန်မာနိုင်ငံမှာ ပြသခွင့် ပိတ်ပင်ထားပါတယ်။ ဒါ့ကြောင့် ဒီတခါမှာတော့ မြန်မာနိုင်ငံမှာ ပြသခွင့် မရှိတဲ့ မြန်မာဇာတ်ကားတွေကို ဖော်ပြပေးချင်ပါတယ်။
(၁) The Lady
The Lady ဇာတ်ကားဟာ၂၀၁၁ ခုနှစ်မှာ ထွက်ရှိထားပြီး IMDb Rating (7.1) ရရှိထားတဲ့ ဇာတ်ကား ဖြစ်ပါတယ်။ ဒီဇာတ်ကားဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ငယ်ဘဝ၊ မြန်မာနိုင်ငံအတွက် ကြိုးပမ်းခဲ့တာတွေ၊ သူမရဲ့ စွန့်လွှတ်မှုတွေကို ရိုက်ပြထားတဲ့ ဇာတ်ကားလည်းဖြစ်ပါတယ်။ စစ်အုပ်ချုပ်ရေးခေတ်က မြန်မာနိုင်ငံအကြောင်းတွေနဲ့ ဒီမိုကရေစီအတွက် ကြိုးပမ်းခဲ့ပုံတွေကို မြင်တွေ့ရမယ့် ဇာတ်ကား ဖြစ်ပါတယ်။
(၂) They Call It Myanmar; lifting the curtain
ဒီဇာတ်ကားကတော့ စစ်အုပ်ချုပ်ရေးအောက်မှာ နေထိုင်ခဲ့ရတဲ့ ၄၈ နှစ်တာ မြန်မာနိုင်ငံရဲ့ အကြောင်းကို ၂နှစ်ကြာ မြန်မာနိုင်ငံအနှံ့အပြားမှာ အင်တာဗျူးတွေ လုပ်ခဲ့ပြီး ရိုက်ကူးခဲ့တဲ့ မှတ်တမ်း ရုပ်ရှင်တခု ဖြစ်ပါတယ်။ IMDb Rating (7) ရရှိခဲ့ပြီး နိုင်ငံတကာက ကြည့်ရှုသူတွေ အထူး နှစ်သက်ခဲ့တဲ့ ဇာတ်ကားဖြစ်ခဲ့ပါတယ်။
(၃) Burma Soldier
ဒီဇာတ်ကားဟာလည်း မှတ်တမ်းရုပ်ရှင် အမျိုးအစားပဲ ဖြစ်ပါတယ်။ Burma Soldier ဇာတ်ကားဟာ မြန်မာနိုင်ငံပိုင် ရုပ်သံတွေမှာ ဖော်ပြနေတဲ့ စစ်သားတွေရဲ့ နောက်ကွယ်က အကြောင်းနဲ့ နယ်စပ်မှာ တာဝန်ကျနေတဲ့ စစ်သားတဦးရဲ့ ဘဝ၊ တိုင်းပြည် အုပ်ချုပ်ရေးမှာ ထဲထဲဝင်ဝင် ပါဝင်လာတဲ့ စစ်ဖက်ဆိုင်ရာ အကြောင်းတွေကို ရိုက်ကူးထားတဲ့ ဇာတ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားဟာ IMDb Rating (8.1) ရှိပြီး HBO ချန်နယ်မှာ ၂၀၁၁ ခုနှစ်က ထုတ်လွှင့်ပြသခဲ့ပါတယ်။
Ref; imdb.com , Moviesaboutburma
The post မြန်မာနိုင်ငံအကြောင်း ရိုက်ထားပြီး မြန်မာနိုင်ငံမှာ ပြသခွင့် မရှိသော ဇာတ်ကားများ appeared first on ဧရာဝတီ.