Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

ပရိသတ်ရင်ထဲရောက်တဲ့သီချင်းတွေ ဖန်တီးနိုင်တဲ့ တေးရေးဝေကြီး

$
0
0

ယခုနောက်ပိုင်း ပရိသတ်ရင်ထဲကို ရောက်ရှိလာခဲ့တဲ့ တေးသီချင်းများကို ဖန်တီးရေးသားတဲ့ လူငယ်တေးရေးဆရာ တဦးဖြစ်တဲ့ ဝေကြီးကတော့ သီချင်းတွေပေါက်တယ်ဆိုတာက သူတယောက်တည်းနဲ့ သက်ဆိုင်တာမဟုတ်ပါဘူး လို့ ပြောပါတယ်။

“သီချင်းပေါက်တယ်ဆိုတာက ကျနော်တယောက်တည်းနဲ့ မသက်ဆိုင်ပါဘူး။ အဆိုတော်တွေ ၊ တီးတဲ့သူတွေ၊ တခြားပံ့ပိုးမှုတွေကောင်းလို့ ဖြစ်လာတာပါ။ သီချင်းတပုဒ်ကောင်းတိုင်း တေးရေးဆရာ ကောင်းလို့ရယ်လို့တော့ မဟုတ်ပါဘူး။ ကျနော့အမြင်ပေါ့။ ကျနော်ကတော့ တကယ်ခံစားပြီးတော့ ရေးထားတာဆိုတော့ အဲ့ဒီ အချက်လေးတွေ ပါမယ်ထင်တယ်” လို့ ဝေကြီးက ပြောပါတယ်။

ယခုတပတ်အတွင်းမှာလည်း သူရေးသားပြီး သူကိုယ်တိုင်သီဆိုထားတဲ့ မင်းသမီးတယောက်ရဲ့ အဖြစ်အပျက်တခုကို ရေးသားထားတဲ့ “အသည်းကွဲအကယ်ဒမီ” ဆိုတဲ့ သီချင်း Music Video ကို V7 Entertainment မှတင်ဆက်ပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

“အသည်းကွဲအကယ်ဒမီ သီချင်းကတော့ အနုပညာလောကထဲက မင်းသမီးတယောက်ရဲ့ True story လေးပါ။ အဲ့ဒါကို တော့ ကိုမြင့်မြတ်နဲ့ မအေးသောင်းက သရုပ်ဆောင်ထားပါတယ်။ ဒီတပတ်ထဲမှာ လွှင့်ဖြစ်မယ်ထင်တယ်။ သီချင်းလည်း အချောသတ်ပြီးသွားပြီ။ ရိုက်လည်းရိုက်ပြီးသွားပြီဆိုတော့လေ” လို့ ဝေကြီးကပြောပါတယ်။

ဝေကြီးကတော့ သီချင်းရေးသားမှုအပြင် သီချင်းလည်းတခါတရံသီဆိုလေ့ရှိပြီး လတ်တလောမှာလည်း သူရေးသား သီဆိုထားတဲ့ “တိမ်ငိုသောနေ့” သီချင်းကိုလည်း ပရိသတ်အများက ကြိုက်နှစ်သက်ကြပါတယ်။ မကြာခင်က ပြီးဆုံး သွားခဲ့တဲ့ Myanmar Idol Season 3 မှာလည်း ပြိုင်ပွဲဝင်အတွက် “သင့်အတွက် မနက်ဖြန်” ဆိုတဲ့ Winner Song တပုဒ်ကိုရေးသားပေးခဲ့ပြီး ပရိသတ်ရင်ထဲကို ထိမှန်စေခဲ့ပါတယ်။

ဝေကြီးကတော့ တေးသီချင်းရေးသားရာမှာ အလွမ်း၊ အဆွေး၊ အသည်းကွဲတဲ့သီချင်းတွေကို အများဆုံးရေးသားလေ့ရှိပြီး သူမနိုင်နင်းတဲ့ သီချင်းတွေကို ရေးသားတဲ့အခါမှာတော့ အမှားပါသွားရင် မကောင်းတဲ့အတွက် လုပ်နိုင်တာလေးကိုပဲ ဖန်တီးဖြစ်တယ်လို့ ပြောပါတယ်။

The post ပရိသတ်ရင်ထဲရောက်တဲ့သီချင်းတွေ ဖန်တီးနိုင်တဲ့ တေးရေးဝေကြီး appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...