Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

ရုံဝင်ငွေ ရူပီး ကုဋေ ၁၀၀ ကျော် ရရှိထားတဲ့ “Gold” ရုပ်ရှင်

$
0
0

ဘောလိဝုဒ်မင်းသား Akshay Kumar ပါဝင်ထားတဲ့ “Gold” ရုပ်ရှင်ဟာ ရုံတင်ပြသပြီး သီတင်းနှစ်ပတ်အတွင်း ရုံဝင်ငွေ အိန္ဒိယရူပီး ကုဋေ ၁၀၀ ကျော် ရရှိခဲ့ပြီဖြစ်တယ်လို့ သိရပါတယ်။ အခုလောလောဆယ်အထိ ရုပ်ရှင်ရဲ့ စုစုပေါင်း ရုံဝင်ငွေ ရူပီး ၁၀၀ ဒဿမ ၄၅ ကုဋေ ရရှိခဲ့ပြီးဖြစ်ပါတယ်။

ဒါပေမယ့် Khiladi Kumar လို့ခေါ်ကြတဲ့ မင်းသား Akshay ရဲ့ရုပ်ရှင်တွေဟာ ပုံမှန်အားဖြင့် အဲဒီရုံဝင်ငွေပမာဏကို အလွယ်တကူ ရောက်ရှိတတ်တာ ဖြစ်တဲ့အတွက် အထူးအဆန်းတော့ မဟုတ်ပါဘူး။ ရုံဝင်ငွေရူပီး ကုဋေ ၁၀၀ ကျော် ရရှိခဲ့ဖူးတဲ့ မင်းသားရဲ့ ရုပ်ရှင်တွေကို ဖော်ပြပေးလိုက်ပါတယ်။

Gold

ဒီရုပ်ရှင်ကို ၂၀၁၈ ခုနှစ်၊ သြဂုတ်လ ၁၅ ရက်နေ့မှာ စတင်ဖြန့်ချိခဲ့ပြီး မင်းသား John Abraham ရဲ့ “Satyameva Jayate” ရုပ်ရှင်နဲ့ အပြိုင်တင်ခဲ့တာလည်း ဖြစ်ပါတယ်။ မင်းသား Akshay အပြင် အခြား သရုပ်ဆောင်တွေဖြစ်တဲ့ Amit Sadh, Kunal Kapoor နဲ့ Vineet Kumar Singh ရုပ်ရှင်ဝေဖန်ရေး ဆရာတွေ ထံကနေ အကောင်းမြင်တုံံ့ပြန်ချက်တွေ ရရှိခဲ့ပြီး ရုံစတင်တဲ့ရက်မှာပဲ ရူပီးငွေ ၂၅ ကုဋေ ကျော် ရရှိခဲ့ပါတယ်။ အခုတော့ ရုံဝင်ငွေ ရူပီး ကုဋေ ၁၀၀ ကျော် ရရှိထားပြီး ဖြစ်ပါတယ်။

Toilet – Ek Prem Katha

မင်းသား Akshay Kumar နဲ့ မင်းသမီး Bhumi Pednekar တို့ပါဝင်ထားတဲ့ အဲဒီရုပ်ရှင်ဟာ ရုံဝင်ငွေ ရူပီး ၁၃၄ ဒဿမ ၂၂ ကုဋေ ရရှိခဲ့ပြီးဖြစ်ပါတယ်။ ဒါရိုက်တာ Shree Narayan Singh က ရိုက်ကူးပေးထားပြီး ၂၀၁၇ ခုနှစ်၊ သြဂုတ်လ ၁၁ ရက်နေ့မှာ ဖြန့်ချိခဲ့တာဖြစ်ပါတယ်။.

Rustom

မင်းသား Akshay ကို အမြင့်ဆုံးအနုပညာသရုပ်ဆောင်ဆု ရရှိစေခဲ့တဲ့၊ ဖြစ်ရပ်မှန်ကို အခြေခံထားတဲ့ “Rustom” ရုပ်ရှင်ကတော့ ရူပီး ၁၂၇ ဒဿမ ၄၉ ကုဋေ ရရှိထားပြီး သူ့ရဲ့အနုပညာသက်တမ်းတလျှောက် ရုံဝင်ငွေ အများဆုံးရရှိတဲ့ ရုပ်ရှင်တခုဖြစ်လာခဲ့ပါတယ်။ အဲဒီရုပ်ရှင်ကိုတော့ ၂၀၁၆ ခုနှစ်၊ သြဂုတ်လ ၁၂ ရက်နေ့မှာ ဖြန့်ချိခဲ့တာဖြစ်ပါတယ်။

Jolly LLB 2

ဒါရိုက်တာ Subhash Kapoor ရိုက်ကူးခဲ့တဲ့ အဲဒီရုပ်ရှင်ဟာ ဝေဖန်မှုပိုင်းဆိုင်ရာမှာရော စီးပွားရေးဆိုင်ရာမှာရော အောင်မြင်မှုရရှိခဲ့ပါတယ်။ ရုံဝင်ငွေစာရင်း မှာ ရူပီးငွေ ၁၁၇ ကုဋေ ရရှိထားပါတယ်။ သရုပ်ဆောင်တွေ အဖြစ် Huma Qureshi, Annu Kapoor နဲ့ Saurabh Shukla တို့ပါဝင်ထားကြပါတယ်။ ၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှာ ဖြန့်ချိခဲ့တာဖြစ်ပါတယ်။

Housefull 3

ဟာသဇာတ်မြူးရုပ်ရှင်တွေကို ပိုင်နိုင်တဲ့ ဒါရိုက်တာ Sajid Khan ရဲ့ Housefull 3 ရုပ်ရှင်ဟာလည်း ရူပီး ၁၀၉ ဒဿမ ၁၄ ကုဋေ ရရှိထားပါတယ်။ အဲဒီရုပ်ရှင်မှာတော့ Jacqueline Fernandez, Abhishek Bachchan နဲ့ Riteish Deshmukh တို့ပါဝင်သရုပ်ဆောင်ထားကြပါတယ်။

Airlift

၂၀၁၆ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး ဒါရိုက်တာ Raja Krishna Menon ရိုက်ကူးခဲ့တဲ့ အဲဒီရုပ်ရှင်ကတော့ ရူပီး ၁၂၈ ဒဿမ ၁ ကုဋေရရှိထားပါတယ်။ ဟောလိဝုဒ်မင်းသား Ben Affleck ရဲ့ Argo ရုပ်ရှင်နဲ့ ဆင်တူတဲ့ ရုပ်ရှင်လို့လည်း ဆိုကြပါတယ်။

Holiday – A Soldier is Never Off Duty

ဒါရိုက်တာ AR Murugadoss ရိုက်ကူးခဲ့တဲ့ ရုပ်ရှင်ကတော့ ရူပီး ၁၁၂ ဒဿမ ၄၅ ကုဋေ ရရှိခဲ့ပါတယ်။ ၂၀၁၄ ခုနှစ်၊ ဇွန်လ ၆ ရက်နေ့မှာ ဖြန့်ချိခဲ့တာပဲ ဖြစ်ပါတယ်။

Housefull 2

ဒါရိုက်တာ Sajid Khan က Housefull လိုမျိုး ဟာသဇာတ်မြူးရုပ်ရှင်တွေကို ရိုက်ကူးရတဲ့ အကြောင်းအရင်းက ငွေများများဝင်လို့ပဲ ဖြစ်ပါတယ်။ ၂၀၁၂ ခုနှစ်မှာ ဖြန့်ချိခဲ့တဲ့ အဲဒီရုပ်ရှင်ဟာ ရူပီး ၁၀၆ ကုဋေ ရရှိထားပါတယ်။

Rowdy Rathore

မင်းသား Akshay နဲ့ မင်းသမီး Sonakshi Sinha တို့ ဦးဆောင်ပါဝင်ထားတဲ့ အဲဒီရုပ်ရှင်ဟာ ရုံဝင်ငွေတော်တော် များများရရှိခဲ့ပြန်ပါတယ်။ ၂၀၁၂ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ အဲဒီရုပ်ရှင်ဟာ ရူပီးငွေ ၁၃၃ ဒဿမ ၂၅ ကုဋေ ရရှိခဲ့ပါတယ်။

Ref: indianexpress

ဆက်စပ်သတင်းလင့်ခ်အိန္ဒိယနိုင်ငံ ၇၁ နှစ်မြောက် လွတ်လပ်ရေးနေ့မှာ ဖြန့်ချိမယ့် “Gold” ရုပ်ရှင်

 

The post ရုံဝင်ငွေ ရူပီး ကုဋေ ၁၀၀ ကျော် ရရှိထားတဲ့ “Gold” ရုပ်ရှင် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...