Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

“ယနေ့ခေတ်မှာ စီးရီးခွေ ထုတ်ပြီးရောင်းဖို့ မလွယ်တော့ဘူး”

$
0
0

ထူးခြားတဲ့ အသံအေးအေးလေးနဲ့ တခတ်တခါက ပရိသတ်အားပေးမှု ရရှိခဲ့တဲ့ အဆိုတော် သီရိကိုကိုက အခုခေတ်မှာ စက်ပိုင်းဆိုင်ရာတွေ အရမ်းတိုးတက်လာသလို အခုခေတ် အဆိုတော်တွေကလည်း အရမ်းတော်လာကြတယ်လို့ ဧရာဝတီကို ပြောပါတယ်။

“အခုခေတ်က စက်ပိုင်းဆိုင်ရာတွေရော အကုန်ဘက်စုံ ပြောင်းလဲတိုးတက်လာတော့ အရင်လောက် လုပ်ရတာ မခက်တော့ဘူးပေါ့။ အစ်မတို့ ငယ်ငယ်တုန်းကဆို သီချင်းကျင့်ဖို့တောင် ဘယ်နားသွား ကျင့်ရမှန်းတောင် မသိဘူး။ KTV တွေတောင် မရှိသေးဘူး။ အခုဆို အဖက်ဖက်က ပြောင်းလဲ တိုးတက်လာတော့ ကောင်းပါတယ်။ အခုခေတ်က တိုးတက်လာတော့ ကလေးတွေလည်း တော်လာကြတယ်။ အဆိုတင်မဟုတ်ဘူး။ Performance တွေပါရတော့ ပိုတော်ကြတယ်” လို့ သီရိကိုကိုက ပြောပါတယ်။

“အရမ်းလည်း ကြိုးစားလာကြပါတယ်။ တခြား အဆိုတော်တွေတော့ မသိဘူး အစ်မကတော့ ကက်ဆက်နားမှာ အော်လိုက်၊ နားကြပ်တပ်ပြီး အော်လိုက်နဲ့ ကျင့်ခဲ့တယ်။ အစ်မ ပထမခွေလေး လုပ်ဖို့ ကြိုးစားနေချိန်မှာ တေးရေး ဦးအောင်နိုင်ဆန်းက စားသောက်ဆိုင်မှာ ဆိုတာတွေ ခေတ်စားနေချိန် အဲ့မှာ လေ့ကျင့်လို့ရတော့ အစ်မခွေ မထွက်မချင်း အဲ့မှာ လေ့ကျင့်တာပေါ့”လို့ အဆိုတော် သီရိကိုကိုက ဆိုပါတယ်။

ယနေ့ခေတ်မှာ စီးရီးခွေ ထုတ်ပြီးရောင်းဖို့ မလွယ်တော့တာကြောင့် သီရီကိုကိုက ကိုယ်ဆိုထားတဲ့ အနုပညာသီချင်း ဘယ်လိုနည်းနဲ့ပဲ ပရိသတ်လက်ထဲ ရောက်ရောက် ကျေနပ်ပါတယ်လို့လည်း ပြောပါတယ်။

“အရင်ခေတ်တုန်းက ခွေထွက်လို့ရှိရင်ခွေ တသောင်းလောက် ရောင်းဖို့ဆိုတာ လွယ်တယ်။ ဒီဘက်ခေတ်က အဲ့လိုရောင်းဖို့ မလွယ်ဘူး။ အွန်လိုင်းတွေလည်း ခေတ်စားလာတာလည်း ပါတာပေါ့နော်။ အစ်မတို့ အနုပညာရှင်တွေ အနေနဲ့ကလည်း ငွေရေးကြေးရေးဆိုင်ရာပိုင်း မဟုတ်ရင်တော့ ကိုယ်ဆိုထားတဲ့ အနုပညာသီချင်း ဘယ်လိုနည်းနဲ့ပဲ ပရိသတ်လက်ထဲ ရောက်ရောက် ကျေနပ်ပါတယ်။ အခုခေတ်မှာက ပရိုဂျူဆာ နည်းနည်းရှားသွားပြီလေ။ ရှားသွားတော့ အနုပညာရှင်တွေက တပုဒ်ချင်း ချပြပြီးတော့မှ ပြန်စုလုပ်ကြတယ်”လို့ သီရိကိုကိုက ဆိုပါတယ်။

အဆိုတော် သီရီကိုကိုဟာ တချိန်က “နေရာတကာ” သီချင်းနဲ့ ပရိသတ်အားပေးမှု ရရှိခဲ့ပြီး မကြာသေးခင် အချိန်ကလည်း အဆိုတော် ဇာလီနိုင်၊ အဆိုတော် အိအိတို့နဲ့ အတူ “မြှားသုံးစင်း” ဆိုတဲ့ တေးစီးရီးအခွေလည်း တွဲဖက်ထွက်ရှိထားပါသေးတယ်။

The post “ယနေ့ခေတ်မှာ စီးရီးခွေ ထုတ်ပြီးရောင်းဖို့ မလွယ်တော့ဘူး” appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles