Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

“Lady Boy လို့ နာမည်ပေးထားပေမယ့် အခြောက်ဇာတ်ကား မဟုတ်ပါဘူး”

$
0
0

မြန်မာနဲ့ ထိုင်း နှစ်နိုင်ငံက သရုပ်ဆောင်များ၊ ရိုက်ကူးမှုအပိုင်းများ ပူးတွဲဖန်တီးမယ့် “Lady Boy” ဇာတ်ကားကတော့ မိန်းမလျာ ဇာတ်ကားအနေနဲ့ မြင်တွေ့ရမှာ မဟုတ်ဘဲ ထိုင်းနိုင်ငံကို မြန်မာနိုင်ငံသားများ ရောက်သွားတဲ့အခါ ကြုံတွေ့ရတဲ့ အခက်အခဲများကို ဟာသနဲ့ အက်ရှင် ပေါင်းစပ်ပြီး ဖန်တီးရိုက်ကူးသွားမှာ ဖြစ်တယ်လို့ ဒါရိုက်တာ ကိုပေါက်ထံမှ သိရပါတယ်။

“Lady Boy ဆိုတော့ အကြမ်းဖျဉ်းကြည့်လိုက်မယ်ဆိုရင်တော့ အခြောက်ကားလို့ ထင်ကောင်း ထင်လိမ့်မယ်။ တကယ်တော့ ယောကျာ်းလျာကား၊ အခြောက်ကား မဟုတ်ပါဘူး။ ဘန်ကောက်ကို ရောက်သွားတဲ့ ဘာသာစကား နားမလည်တဲ့လူ ၂ယောက်ရဲ့ ကမောက်ကမတွေနဲ့ သူတို့ရဲ့ ရပ်တည်မှု ပေါ့နော်။ အဆင်ပြေသလို ရပ်တည်သွား ရတဲ့ကားလေးပါပဲ။ အခြောက်ကား မဟုတ်ပါဘူး” လို့ ဒါရိုက်တာ ကိုပေါက်က ပြောပါတယ်။

Lady Boy ဇာတ်ကားမှာတော့ ဓနုတ်ကိုကိုဇော်ရဲ့ ဇာတ်လမ်းကို သက်ဦးမောင် ၊ ညီညီဘမောင် ၊ မင်းသခင်တို့က ဇာတ်ညွှန်းရေးသားထားပြီး Director of Photography ကတော့ ထိုင်းနိုင်ငံမှ Ridhuwan Bin Zainal Abidin နှင့် တွဲဖက်ပရိုဂျူဆာအဖြစ် Nang Parakern Bunyaa တို့က ပါဝင်ထားပါတယ်။

“ဇာတ်လမ်းလေးက ဘန်ကောက် ပတ္တရားတို့ဘာတို့မှာ ရိုက်ရမယ့်ဇာတ်။ ကျနော်က စိတ်ဝင်စားတယ်၊ ရိုက်ချင်တယ်။ ဒါပေမယ့် ခိုးကြောင်ခိုးဝှက်တော့ မရိုက်ချင်ဘူး။ အရင်က ခိုးကြောင်ခိုးဝှက်တွေ ရိုက်ခဲ့ဖူးတယ်။ တောင်ပြေးမြောက်ပြေးတွေ ပြေးရနဲ့ ရှက်ဖို့ကောင်းတယ်။ တရားဝင်ရိုက်ရရင်တော့ ရိုက်မယ်ဆိုပြီးတော့ Bo Bo Entertainment ကစီစဉ်ပေးတော့ ရိုက်ဖြစ်သွားတာပေါ့” လို့ ဒါရိုက်တာ ကိုပေါက်က ပြောပါတယ်။

အဆိုပါ Lady Boy ရုပ်ရှင်ဇာတ်ကားကိုတော့ သြဂုတ်လ ၃၁ရက်နေ့မှ စတင်ကာ နေပြည်တော်မှာ ရိုက်ကူးတော့မှာ ဖြစ်ပြီး စက်တင်ဘာလ လဆန်းမှာတော့ ဘန်ကောက်မှာ သွားရောက် ရိုက်ကူးမှာ ဖြစ်တယ်လို့ သိရပါတယ်။

ပါဝင်သွားမယ့် သရုပ်ဆောင်များကတော့ ပြေတီဦး ၊ ကျော်ကျော်ဗို ၊ ထူးအောင် ၊ခင်လှိုင်၊ ဂျိုကာ ၊ အိချောပို နှင့် ထိုင်းမှ မော်ဒယ်တဦးနှင့် ဂိုဏ်းစတားများပါဝင်သွားမယ်လို့သိရပါတယ်။ အဆိုပါ Lady Boy ဇာတ်ကားကတော့ ကိုပေါက် ရိုက်ကူးနေကျ ပုံစံများနဲ့ ကွဲထွက်တဲ့ ဇာတ်လမ်းပုံစံကို မြင်တွေ့ရမှာ ဖြစ်တယ်လို့ သိရပါတယ်။

The post “Lady Boy လို့ နာမည်ပေးထားပေမယ့် အခြောက်ဇာတ်ကား မဟုတ်ပါဘူး” appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...