Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

“First Man” ရုပ်ရှင်အတွက် လေယာဉ်မောင်းနှင်မှုလေ့ကျင့်ခန်းတွေ ပြုလုပ်ခဲ့ရတဲ့ Ryan Gosling

$
0
0

ဟောလိဝုဒ်စတား Ryan Gosling က သူဟာ စိတ်ဓါတ်ခိုင်မာပြီး နှုတ်ဆိတ်တဲ့ အာကာသသူရဲကောင်း Neil Armstrong အကြောင်းရိုက်ကူးထားတဲ့ “First Man” ရုပ်ရှင်မှာ အာကာသယာဉ်မှူးတဦးအနေနဲ့ သရုပ်ဆောင်နိုင်ဖို့ လေယာဉ် မောင်းနှင်နည်းကို သင်ယူခဲ့ရတယ်လို့ ပြီးခဲ့တဲ့ သြဂုတ်လ ၂၉ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။

ကနေဒါ မင်းသား Ryan က သူအော်စကာဆုရရှိခဲ့တဲ့ “La La Land” ကိုရိုက်ကူးခဲ့တဲ့ ရုပ်ရှင်ဒါရိုက်တာ Damien Chazelle နဲ့အတူ အဲဒီရုပ်ရှင်အသစ်ကို တွဲဖက်ရိုက်ကူးခဲ့တာ ဖြစ်ပြီး အဲဒီရုပ်ရှင်မှာ အာကာသယာဉ်မှူး Armstrong အနေနဲ့ လပေါ်မှာ ပထမဆုံးလမ်းလျှောက်နိုင်ခဲ့တဲ့ ပထမဆုံး လူသားဖြစ်လာဖို့ ခက်ခဲကြမ်းတမ်း၊ ဝမ်းနည်းဖွယ်ရာတွေကို ဘယ်လိုဖြတ်သန်းခဲ့ရတဲ့အကြောင်း ဖော်ပြထားပါတယ်။

အဲဒီရုပ်ရှင်ကို ဗင်းနစ်ရုပ်ရှင်ပွဲတော်မှာ ပြသချိန်မှာတော့ မင်းသား Ryan က အင်ဂျင်နီယာနဲ့ စမ်းသပ်ပိုင်းလော့တဦးအနေနဲ့ စိတ်နှစ်ပြီး သရုပ်ဆောင်နိုင်ဖို့ လေယာဉ်မောင်းနှင်မှု သင်ခန်းစာတွေ ယူခဲ့ရတဲ့အကြောင်း ထုတ်ဖော်ပြောကြားလိုက်တာ လည်း ဖြစ်ပါတယ်။

သူက “ကျနော် လေယာဉ်မောင်းနည်းပုံ ကို သင်ယူမှဖြစ်မယ်လို့ တွေးခဲ့တာပါ။ Armstrong ဟာ သူအာကာသယာဉ်ကို မမောင်းခင်ကတည်းက လေယာဉ်မောင်းတတ်ခဲ့တာပါ။ ဒါပေမယ့်ကျနော့် လေ့ကျင့်ရေးဆရာက လေယာဉ်ကို ကိုယ်တိုင် ထိန်းချုပ်ဖို့ ပြောလာတဲ့အချိန်မှာ သင်နေတာ သိပ်မကြာသေးပါဘူး။ အဲဒါဟာ တော်တော်လေးဆိုးရွားတဲ့ ကိစ္စပဲ ဖြစ်ပါတယ်။ အဲဒါဟာ Neil Armstrong အနေနဲ့ ကမ္ဘာ့အကောင်းဆုံး ပိုင်းလော့တဦးဖြစ်လာရတဲ့ အကြောင်း ဖြစ်ပါတယ်။ ကျနော်ကတော့ အဲဒီလိုမဖြစ်နိုင်ပါဘူး” လို့ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

ပြင်သစ်နဲ့ ကနေဒါသွေးနှောတဲ့ ဒါရိုက်တာ Chazelle ကတော့ အာကာသယာဉ်မှူးတွေက စကြဝဠာတခုလုံးနဲ့ ဆိုင်တဲ့ သူရဲကောင်းတွေဖြစ်တယ်လို့် ပြောကြားခဲ့ပါတယ်။ အသက် ၃၇ နှစ်အရွယ် မင်းသား Ryan နဲ့ တွဲဖက် သြစတေးလျ မင်းသား Jason Clarke တို့ဟာ အာကာသယာဉ်မှူးတွေရဲ့ ရဲစွမ်းသတ္တိကို ချီးကျူး ဂုဏ်ပြုခဲ့ကြပါတယ်။

အာကာသယာဉ်မှူး Neil ရဲ့ ကွယ်လွန်သူဇနီးသည် Janet အဖြစ်သရုပ်ဆောင်ထားတဲ့ ဗြိတိသျှမင်းသမီး Claire Foy က ဇာတ်ညွှန်းရေးရာမှာ ကူညီခဲ့ပြီး သရုပ်ဆောင်တွေနဲ့ တွေ့ဆုံခဲ့တဲ့ Neil ရဲ့ သားတွေနဲ့ ကွယ်လွန်သူ Janet တို့အပေါ်မှာ ဒီရုပ်ရှင်က ကြီးမားတဲ့ အကြွေးတင်ခဲ့ပြီဖြစ်တဲ့အကြောင်း ပြောဆိုခဲ့ပါတယ်။

Universal Pictures ရုပ်ရှင်ထုတ်လုပ်ရေးကနေ ထုတ်လုပ်ပြီး အော်စကာ ၆ ဆုရရုပ်ရှင် “La La Land” ရဲ့ ဒါရိုက်တာ Damien Chazelle နဲ့ မင်းသား Ryan Gosling တို့ရဲ့ ဒုတိယမြောက် လက်တွဲရိုက်ကူးခဲ့တဲ့ ရုပ်ရှင် “First Man” ကတော့ လပေါ်ကို လူသားတဦးပထမဆုံးခြေချနိုင်ဖို့အတွက် ၁၉၆၁ ခုနှစ်ကနေ ၁၉၆၉ ခုနှစ်အထိ ကြားကာလမှာ Neil Armstrong ဘယ်လိုကြိုးစားခဲ့ရတယ်ဆိုတာကို ဇာတ်အိမ်တည် ရိုက်ကူးထားပါတယ်။ အဲဒီရုပ်ရှင်ကိုလာမယ့် အောက်တိုဘာလ ၁၂ ရက်နေ့မှာ ရုံတင်ပြသတော့မှာပဲ ဖြစ်ပါတယ်။

Ref: asiaone

The post “First Man” ရုပ်ရှင်အတွက် လေယာဉ်မောင်းနှင်မှုလေ့ကျင့်ခန်းတွေ ပြုလုပ်ခဲ့ရတဲ့ Ryan Gosling appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...