Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

အသက်ရှိစဉ်ကထက် ကွယ်လွန်ပြီးနောက်ပိုင်း ငွေပိုဝင်နေတဲ့ မိုက်ကယ်ဂျက်ဆင်

$
0
0

၂၀၀၉ ခုနှစ်မှာ အချိန်မတိုင်မီ ကွယ်လွန်ခဲ့တဲ့ ပေါ့ပ်ဘုရင် မိုက်ကယ်ဂျက်ဆင်သာ အသက်ရှိနေခဲ့မယ်ဆိုရင် ပြီးခဲ့တဲ့ သြဂုတ်လ ၂၉ ရက်မှာ အသက် ၆၀ ပြည့်မှာဖြစ်ပြီးတော့ အခုတော့ ကမ္ဘာတဝန်းမှ ပရိသတ်တွေကတော့ သူမရှိတော့ ပေမယ့် သူ့မွေးနေ့ကို အမှတ်တရကျင်းပခဲ့ကြပါတယ်။

အခုနောက်ပိုင်းသိရတဲ့ သတင်းအရ ကမ္ဘာကျော် စူပါစတား မိုက်ကယ်ဟာ အသက်ရှိစဉ်ကထက် ကွယ်လွန်ပြီးနောက်ပိုင်း မှာ ပိုပြီး ငွေဝင်နေတယ်လို့ သိရပါတယ်။

Thriller, Smooth Criminal နဲ့ Bad တို့အပါအဝင် နာမည်ကျော် သီချင်းတွေရဲ့ ရှိပေမယ့် မိုက်ကယ်ဟာ Prince, Paris နဲ့ Blanket တို့ကို သူမသေခင် အကြွေး ဒေါ်လာ သန်း ၅၀၀ ချန်ထားခဲ့လို့ ကလေးတွေမှာလည်း အကြွေးပတ်လည်ဝိုင်းပြီး ကျန်နေခဲ့ရတာဖြစ်ပါတယ်။

ဒါပေမယ့် The Mirror သတင်းစာရဲ့ အဆိုအရ တရားရုံးကို တင်ပြတဲ့အချက်အလက်တွေထဲမှာ တနှစ်ကို သူ့ရဲ့ပိုင်ဆိုင်တဲ့ ပစ္စည်းတွေကနေ အမြတ်ငွေ ဒေါ်လာ ၇၄ သန်းလောက်ရခဲ့တယ်လို့ ဖော်ပြထားပါတယ်။

သူ့ရဲ့ရင်းနှီးတဲ့သူငယ်ချင်းတွေဖြစ်တဲ့ John Branca နဲ့ John McClain တို့အပါအဝင် သူ့သေတမ်းစာ အကောင်အထည် ဖော်သူတွေကနေ လော့စ်အင်ဂျလိစ်တရားရုံးထံ တင်သွင်းတဲ့ စာမျက်နှာ် ၇၃ မျက်နှာပါ အချက်အလက်တွေထဲမှာ “Thriller” လိုမျိုး နာမည်ကျော် သီချင်းမူပိုင်ခွင့်ကနေ ဒေါ်လာ ၂ သန်းခွဲနီးပါး လောက် ရရှိထားတယ်လို့ ဖော်ပြပါတယ်။

ဒါပေမယ့် သူ့ရဲ့ အကျိုးတူစီးပွားဖက်ကုမ္ပဏီ Triumph International က တူညီတဲ့ကာလအတွင်းမှာ ဒေါ်လာ ၁၈ ဒဿမ ၈ သန်းဖိုး ရှာပေးခဲ့တာမျိုးလည်း ပါဝင်ပါတယ်။

တရားရုံးကို တင်ပြတဲ့ စာရွက်စာတမ်းထဲမှာတော့ သေတမ်းစာ အကောင်အထည်ဖော်သူတွေရဲ့ အဆိုအရ အကြွေးရှင် တချို့ရဲ့ ကြွေးမြီတွေကို ချေပေးပြီးဖြစ်ပေမယ့် အကြွေးတချို့တော့ကျန်နေသေးတယ်လို့ ဆိုပါတယ်။

အဆိုတော် မိုက်ကယ်ဂျက်ဆင်ဟာ ကမ္ဘာ့နာမည်အကျော်ကြားဆုံး အနုပညာရှင်တဦးအဖြစ် ကျန်ရှိနေဆဲဖြစ်ပြီး Youtube မှာ ရှိတဲ့ သူ့ရဲ့ ဂီတဗီဒီယိုတွေကို ဒီနှစ်အတွင်းမှာပဲ ကြည့်ရှုတဲ့အကြိမ်ရေ ၁ ဘီလီယံကျော် ရှိခဲ့ပါတယ်။ ကြည့်ရှုသူ ၄၁ သန်းကတော့ ယူကေနိုင်ငံမှဖြစ်ပါတယ်။

သူ့ရဲ့သား၊သမီးတွေကတော့ အခုလိုမျိုး ချမ်းသာကြွယ်ဝမှုတွေ ပြန်လည်ရရှိတာကို ဝမ်းမြောက်နေချိန်မှာပဲ မိုက်ကယ်ရဲ့ ညီမဖြစ်သူ Janet ကတော့ သူ့ရဲ့အစ်ကို ၆ဝ နှစ်ပြည့်မွေးနေ့မှာ အကို့ရဲ့ “Remember The Time” ဂီတဗီဒီယိုနဲ့အတူ တသသရှိနေတယ်လို့ ဆိုပါတယ်။

မိုက်ကယ်ဂျက်ဆင်ဟာ Holmby Hills မှာရှိတဲ့ သူ့နေအိမ်မှာ နှလုံးရောဂါခံစားခဲ့ရပြီးတဲ့နောက် ၂၀၀၉ ခုနှစ် ဇွန်လမှာ ကွယ်လွန်ခဲ့တာဖြစ်ပါတယ်။ UCLA ဆေးပညာဌာနက သူနာပြုတွေနဲ့ ဝန်ထမ်းတွေ ရောက်လာခဲ့ပေမယ့် သူ့ကို ကယ်တင်နိုင်ခဲ့ခြင်း မရှိပါဘူး။

မိုက်ကယ်ရဲ့ ဆရာဝန် Conrad Murray ကတော့ လူသေစေမှုနဲ့ အပြစ်ရှိကြောင်း တွေ့ရှိထားပေမယ့် မိုက်ကယ်သေဆုံးမှုမှာ အရေးပါးတဲ့အခန်းကဏ္ဍကနေ ပါဝင်ခဲ့ခြင်းမရှိတဲ့အကြောင်း ငြင်းဆိုထားဆဲဖြစ်ပါတယ်။

Ref:contactmusic

The post အသက်ရှိစဉ်ကထက် ကွယ်လွန်ပြီးနောက်ပိုင်း ငွေပိုဝင်နေတဲ့ မိုက်ကယ်ဂျက်ဆင် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...