Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

ဆန့်ကျင်ဘက်လိင်တွေအဖြစ် အပီပြင်ဆုံး သရုပ်ဆောင်ခဲ့ကြတဲ့ သရုပ်ဆောင် ၄ ယောက်

$
0
0

သရုပ်ဆောင်တွေဟာ သူတို့ရဲ့ အနုပညာအဆင့်အတန်းတခုအတွက် ဘယ်လိုဇာတ်ရုပ်မျိုးမဆို ပါဝင်သရုပ်ဆောင်ဖို့ ဝန်မလေးကြသူတွေ ဖြစ်ပါတယ်။ သူတို့ရဲ့ နဂိုမူရင်းပုံစံကို တခြားသူတယောက်အဖြစ် လုံးဝပြောင်းလဲပစ်ပြီး သရုပ်ဆောင်ခဲ့တဲ့ သရုပ်ဆောင်များကို ဧရာဝတီရဲ့ စာဖတ်ပရိတ်သတ်အတွက် ပြန်လည်မျှဝေပေးလိုက်ရပါတယ်။

(၁) Angelina Jolie

Jolie ဟာဆိုရင် Salt (2010)မှာ CIAရဲ့ အမှုထမ်းအဖြစ် ရုရှားတွေကို ထောက်လှမ်းခဲ့တာပဲဖြစ်ပါတယ်။ ဇာတ်လမ်းအရ အမျိုးသမီးအမှုထမ်းအဖြစ်ကနေ အမျိုးသားတယောက်အဖြစ်ပုံစံပြောင်းထောက်လှမ်းရမှာဖြစ်ပါတယ်။ ဒါကြောင့် Jolie ဟာ Salt ကို ရိုက်ကူးနေစဉ်မှာ အဝတ်လဲခန်းထဲအချိန် အတော်အကြာအသုံးချပြီး သူမရဲ့ ရှိရင်းစွဲ ပုံစံထက် လုံးဝကွဲထွက် သွားအောင် ပြောင်းလဲဖြစ်ခဲ့တာပဲဖြစ်ပါတယ်။

(၂) Eddie Redmayne

Eddie Redmayne ကတော့ ပန်းချီဆရာတယောက်ဖြစ်တဲ့ Einar Wegener ရဲ့ အကြောင်းကိုရိုက်ကူးထားတဲ့ ၁၉၂၀ ခုနှစ်နောက်ခံ The Danish Girl (2015)မှာ သရုပ်ဆောင်ခဲ့တာပဲဖြစ်ပါတယ်။ Einar ဟာ သူ့ကိုယ်သူ ယောကျ်ား တယောက်အဖြစ်နဲ့ အသက်ဆက်ရှင်မနေလိုတော့ဘဲ ကမ္ဘာ့ပထမဆုံး လိင်အင်္ဂါပြောင်းလဲမှု ပြုလုပ်ခဲ့ တာပဲဖြစ်ပါတယ်။

The Dannish Girl ရုပ်ရှင်မှာ Eddie Redmayne ဟာ ပန်းချီဆရာတယောက်အဖြစ်ရော လီလီဆိုတဲ့အမျိုးသမီးအဖြစ်ပါ ပီပီပြင်ပြင်သရုပ်ဆောင်နိုင်ခဲ့ပါတယ်။

(၃) Robin Williams

Mrs. Doubtfire အဖြစ်အသိများပြီး ပရိသတ်အားလုံးရဲ့ အချစ်ကို ရရှိခဲ့တဲ့ ဇာတ်ရုပ်တခုလည်းဖြစ်ပါတယ်။ ယခုဇာတ်ရုပ် Mrs. Doubtfire အတွက် Robin Williams ကို ငှားရမ်းခဲ့ပြီး ကလေးထိန်းအဖြစ် သရုပ်ဆောင်ခဲ့ရတာပဲဖြစ်ပါတယ်။

ဇာတ်လမ်းမှာ ကွာရှင်းခဲ့တဲ့ဇနီးနဲ့ သူ့ကလေးတွေအတွက် ကလေးထိန်းအမျိုးသမီးတယောက်ပုံစံပြောင်းလဲပြီး သရုပ်ဆောင်ခဲ့ရတာလည်း ဖြစ်ပါတယ်။

(၄) Hilary Swank

ဖြစ်ရပ်မှန်ကို အခြေခံပြီး ရိုက်ကူးထားတဲ့ Drama ရုပ်ရှင်ဇာတ်လမ်း Boys Don’t Cry (1999) မှာ မိန်းကလေးတဦးအနေနဲ့ မွေးဖွားလာပေမယ့် ငယ်ရွယ်စဉ်ကတည်းက ယောကျ်ားစိတ်ပေါက်နေသူတဦးအဖြစ် Hilary Swank ဟာ သရုပ်ဆောင်ခဲ့ တာဖြစ်ပါတယ်။

ဒီဇာတ်ရုပ်နေရာမှာ သရုပ်ဆောင်ဖို့အတွက် ဆံပင်အတိုညှပ်ခဲ့ရပြီး ခန္ဓာကိုယ်ကိုလည်း ယောကျ်ားလေး အသွင်ပေါက် အောင် လအတော်ကြာ ကြိုးစားခဲ့ရတာလည်းဖြစ်ပါတယ်။ ဒီလိုပီပြင်တဲ့ သရုပ်ဆောင်မှုတွေကြောင့်ပဲ Hilary Swank ဟာ ဒီဇာတ်ကားနဲ့ပဲအော်စကာဆုကို ထိုက်ထိုက်တန်တန် ရရှိခဲ့ပါတယ်။

Ref: brightside.me

The post ဆန့်ကျင်ဘက်လိင်တွေအဖြစ် အပီပြင်ဆုံး သရုပ်ဆောင်ခဲ့ကြတဲ့ သရုပ်ဆောင် ၄ ယောက် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles