Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

အဆိုပြိုင်ပွဲ တခုကို အခြေခံပြီးရိုက်ကူးထားတဲ့ ဟာသရုပ်ရှင် “အဆိုတော်တွေ နေတဲ့ရွာ”

$
0
0

ဒီတပတ်မှာ ရုံတင်ပြသနေတဲ့ ဇာတ်ကားကတော့ “အဆိုတော်တွေ နေတဲ့ရွာ” ဇာတ်ကားပါ။ ဒီဇာတ်ကားက Myanmar Idol သီချင်းဆိုပြိုင်ပွဲရဲ့နောက်ဆက်တွဲ ဂယက်တွေ သိပ်မငြိမ်သက်သေးခင်မှာ ကျေးလက်က ရွာသူ၊ ရွာသားတွေ ပါဝင်ယှဉ်ပြိုင်ကြတဲ့ အဆိုပြိုင်ပွဲကို အခြေခံပြီး ဇာတ်လမ်းဆင်ထားတဲ့ ရုပ်ရှင်ဇာတ်ကားပဲဖြစ်ပါတယ်။

Myanmar Idol ပြိုင်ပွဲမှာ ပရိသတ်တချို့က ပွဲဆူအောင်လုပ်တဲ့ ဇာတ်လိုက် အဖြစ် ကင်ပွန်း တပ်ကြသလို၊ တချို့ကတော့ ပြိုင်ပွဲဝင်တွေ အပေါ် မှတ်ချက်ပေးရာမှာ မသက်ညှာဘူးဆိုပြီး မှတ်ချက်ပြုကြတဲ့ မြန်မာပြည်သိန်းတန်နဲ့သူ့ရဲ့တေးချစ်သူ ဒေါက်တာ နုနန္ဒာသန်းတို့ကြောင့်လည်း ဒီဇာတ်ကား ရုံမတင်ခင်ကတည်းက ပရိသတ်စိတ်ဝင်စားမှု ပိုရခဲ့ပါတယ်။

ဇာတ်လမ်း အကျဉ်းကတော့ ရွာတရွာမှာ အဆိုဝါသနာပါတဲ့ သူတွေ ပေါများ လွန်းတာကြောင့် မိုက်ခဲရွာ လို့တောင် ခေါ်စမှတ် ပြုရပါတယ်။ ဒီရွာမှာ ဦးတုတ်ကြီး (မြန်မာပြည်သိန်းတန်)တို့ မိသားစုက မြန်မာသံစဉ် သီချင်းတွေကို နှစ်သက်ကြတဲ့သူတွေပါ။ သူ့ညီမ ဗီဗာတုတ်ကြီး (မို့မို့မြင့်အောင်) က ဗီဗာဟိန်းရဲ့သီချင်းတွေကို အမြဲသီဆိုတတ်ပြီး၊ သမီးဖြစ်သူ ခင်မှုံတုတ်ကြီး(ရွှေမှုံရတီ) ကတော့ လွတ်လပ်စွာ ဆူညံပေါက်ကွဲရတဲ့ ပန့်ခ်သီချင်းတွေကို နှစ်သက်သူပါ။

တဖက်မှာတော့ ကိုးဖြူ ( မင်းမော်ကွန်း) တို့ မိသားစုက ရော့ခ်သီချင်းတွေကို နှစ်သက်ကြသူတွေပါ။ ကိုးဖြူရဲ့မိခင်နဲ့ အစ်ကိုဖြစ်သူ ဒေးဗစ်(ဒိန်းဒေါင်) တို့ကလည်း ရွာမှာ ရော့ခ်သံစဉ်တွေကိုပဲ လွှမ်းမိုးစေချင်နေတာပါ။

ကိုးဖြူက ရွာရဲ့အချောအလှစာရင်းဝင် မိန်းကလေးတယောက်ဖြစ်တဲ့ ခင်မှုံကို ပိုးပန်းနေတာပါ။ သူနဲ့ အပြိုင် ခင်မှုံ့ကို ပိုးပန်းနေတာကတော့ ရက်ပ်ပါ ဇေရဲ (ဇေရဲထက်) ပါ။ ဇေရဲမှာလည်း သူ့လို Rap သီချင်းတွေကို နှစ်သက်တဲ့ နောက်လိုက်နောက်ပါ အင်အားကလည်း အခိုင်အမာ ရှိပါတယ်။ ခင်မှုန်ကတော့ သူနှစ်သက်တဲ့ ပန့်ခ်သီချင်းတွေကို အကြိုက် မတူကြတဲ့ ကိုးဖြူကိုရော ဇေရဲကိုပါ အဖြေပြန် မပေးသေးပါဘူး။

သား၊ သမီးတွေ တင်မက မိဘတွေမှာလည်း သုံးပွင့်ဆိုင် ချစ်ဇာတ်လမ်းတွေ ရှိကြပါတယ်။ ဦးတုတ်ကြီးနဲ့ ဇေရဲရဲ့မိခင်တို့က ငယ်ရည်းစားတွေဖြစ်ပြီး၊ ကိုးဖြူရဲ့မိခင်ကတော့ ဦးတုတ်ကြီးကို တဖက်သက် ကြိုက်နေတာပါ။ သူတို့အားလုံးက ကြိုက်နှစ်သက်တဲ့ ဂီတအမျိုးအစားတွေ မတူကြတာကြောင့် မြင်လိုက်တာနဲ့မတည့်ကြပါဘူး။

ဦးတုတ်ကြီးနဲ့ဇေရဲ ရဲ့မိခင်တို့က သားသမီးတွေမသိအောင် ခိုးကြောင်ခိုးဝှက်နဲ့ချိန်းတွေ့ကြရပါတယ်။ သူတို့ကို အမြဲလိုလို နှောင့်ယှက်နေတာကတော့ ကိုးဖြူ ရဲ့မိခင်ပါ။ သူတဖက်သတ် ချစ်နေတဲ့ ဦးတုတ်ကြီးကို ဆုံးရှုံးရမှာ စိုးတဲ့အတွက် အမြဲတမ်း ဗီလိန်ဝင်လုပ်နေတာပါ။

ဒီလိုနဲ့ ရွာဘုရားပွဲမှာ ရွာသားတွေ ပျော်ရွှင်စေဖို့အတွက် အများ သဘောတူညီချက်နဲ့ သီချင်းဆို ပြိုင်ပွဲထည့်သွင်းဖို့စီစဉ်ကြပါတယ်။ မြို့ကနေ ပွဲစီစဉ်တဲ့ အမျိုးသမီး တဦးကို ခေါ်ယူခဲ့ပြီး ဒိုင်အဖြစ်၊ ဦးတုတ်ကြီးနဲ့ သူ့ရဲ့ချစ်သူတို့ ပါဝင်ဆောင်ရွက်ပေးဖို့ဖြစ်လာခဲ့ပါတယ်။

နှစ်သက်တဲ့ ဂီတအမျိုးအစားချင်းမတူကြသလို၊ အချစ်ရေးမှာလည်း ပြဿနာလေးတွေရှိနေကြတဲ့ မိုက်ခဲရွာက အဆိုဝါသနာရှင်တွေကြားထဲမှာ ဘယ်သူက Idol ဖြစ်လာမလဲဆိုတာ ဆက်လက် ကြည့်ရှုဖို့ပြောချင်ပါတယ်။ ပရိသတ်တွေရဲ့ ခဏတာ အမောပြေချင်ရင်တော့ ကြည့်သင့်တဲ့ ရုပ်ရှင်ပါ။

“အဆိုတော်တွေ နေတဲ့ရွာ ” ဇာတ်ကားကို ဇာတ်လမ်းနှင့် ဒါရိုက်တာ ရာဇဝင်ကိုကို ရေးသား ရိုက်ကူးထားပြီး မင်းမော်ကွန်း၊ ဇေရဲထက်၊ မြန်မာပြည်သိန်းတန်၊ ခင်လှိုင်၊ ဒိန်းဒေါင်၊ မို့မို့မြင့်အောင်၊ ရွှေမှုံရတီ၊ နုနန္ဒာသန်းနှင့် အနုပညာရှင်များစွာ ပါဝင်သရုပေ်ဆာင် ထားပါတယ်။

The post အဆိုပြိုင်ပွဲ တခုကို အခြေခံပြီးရိုက်ကူးထားတဲ့ ဟာသရုပ်ရှင် “အဆိုတော်တွေ နေတဲ့ရွာ” appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...