Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

“အမှန်တရားက အင်အားအကြီးဆုံးလို့ ဘာသာရေးထဲမှာ ပါတယ်”

$
0
0

“နေရယ်၊ လရယ်၊ အမှန်တရားရယ်” ဇာတ်လမ်းတွဲမှာ ရှေ့နေတယောက်အဖြစ် ပါဝင် သရုပ်ဆောင် ထားတဲ့ ဘုဏ်းသိုက်က တခါတလေ အမှန်တရားက အင်အားအကြီးဆုံးပဲလို့ ဆိုပါတယ်။

“တခါတလေ အမှန်တရားက အင်အားအကြီးဆုံးလို့ ဘာသာရေးထဲမှာ ပါတာပဲ။ တခါတလေ ကျတော့ အခြေအနေတခု အခိုက်အတန့်တခုမှာ အဲ့အမှန်တရားကို ငွေကြေး တစုံတရာ အာဏာ တစုံတရာနဲ့ လွှမ်းမိုးတာမျိုးလည်း ရှိမှာပဲလေ။ ဒီခေတ်မှ မဟုတ်ပါဘူး အရင်ကတည်းကလည်း ရှိရင် ရှိခဲ့မှာပဲ’’လို့ ဘုဏ်းသိုက်က ပြောပါတယ်။

သရုပ်ဆောင် ဘုဏ်းသိုက်က “နေရယ်၊ လရယ် အမှန်တရားရယ်” ဇာတ်ကားမှာ မေနှင်းဆီကို စိတ်ဝင်စားနေပြီး ခရိုနီတဦးအတွက် အလုပ်လုပ်ပေးနေတဲ့ ရှေ့နေ နေမင်းထက် အနေနဲ့ သရုပ်ဆောင်ထားတယ်လို့ သိရပါတယ်။

“ဒီကားမှာ အခက်အခဲတော့ သိပ်မရှိပါဘူး။ ပုံမှန်သရုပ်ဆောင်နေကျ အတိုင်းပါပဲ။ ကျနေ်ာတို့က တခါတလေမှာ ကိုယ်တိုင် ဥပဒေတခုကို ပြဌာန်းလို့ရတဲ့ အုပ်ချုပ်သူ လူတန်စားထဲမှာ ပါလား။ ဒါမှမဟုတ် ပြဌာန်းတဲ့ ဥပဒေက ဆိုးဆိုးကောင်းကောင်း လေးလေးစားစားနဲ့ လိုက်နာရမယ့် ပြည်သူထဲမှာပါလားဆိုတော့ သေချာတာက ဒုတိယထဲမှာ ပါတယ်” လို့ ဘုဏ်းသိုက်က ပြောပါတယ်။

“ကိုယ်တိုင်က ပြုပြင်ပြောင်းလို့မှ မရတာ။ လောလောဆယ်တော့ ဒီဟာကမှန်တယ်။ ဒီဟာက မှားတယ်လို့ အဖွဲ့အစည်းတခုက သတ်မှတ်ထားတာမျိုးကို ကျနော်တို့က လိုက်နာတာကလွဲပြီး ကျနော်တို့ Complaint တက်ခွင့် မရှိဘူး။ Complaint တက်တယ် ဆိုတာလည်း ဆန့်ကျင်တာပဲ သူပုန်ပဲ။ သေချာတာက ကျနော် သူပုန် မဟုတ်ဘူး” လို့လည်း သူက ဆိုပါတယ်။

“ကျနော် ဇာတ်ကားတွေရိုက်နေတယ်။ ကျနေ်ာကိုယ်တိုင် ခရီးသွား ပရိုဂမ်တခု ရိုက်နေသလို ကိုမင်းထင်ကိုကိုကြီးနဲ့လည်း ရိုက်နေတယ်။ လွတ်လပ်ပေါ့ပါးမှုရဖို့ ခရီးလည်း ထွက်ဖြစ်သလို တခါတလေတော့လည်း လေးပင်နေတာလေး စိတ်လွတ်လပ်ရင် ပြီးရောဆိုတဲ့ စိတ်မျိုးနဲ့လည်း ခရီးထွက်ဖြစ်တယ်” လို့ ဘုဏ်းသိုက်က ဆိုပါတယ်။

အဆိုတော် ချမ်းချမ်းရဲ့ ခင်ပွန်းဟောင်းဖြစ်သူ သရုပ်ဆောင် ဘုဏ်းသိုက်ကတော့ အိမ်ထောင်ရေးနဲ့ ပတ်သက်ပြီး မဖြေချင်ဘူးလို့ ဆိုပါတယ်။ အလုပ်တွေကို ကြိုးစား လုပ်ကိုင်နေတဲ့ ဘုဏ်းသိုက်က အလုပ်ပြီးတဲ့ အချိန်မျိုးရော အလုပ်ကနေ ဖဲ့ပေးလို့ရမယ့် အချိန်မျိုးရော အချိန်တွေ အကုန် သမီးလေးကို ပေးထားတယ်လို့ ဆိုပါတယ်။

“ကျနော်အိမ်ထောင်ရေးနဲ့ ပတ်သက်ပြီး မဖြေချင်ပါဘူး။ ကျနော်ကို စိတ်မကောင်းဖြစ်စေမယ့် အကြောင်းအရာမျိုးတွေ ပြောမှာစိုးလို့ ရှောင်နေတယ်။ သမီးလေးကို အချိန်အကုန် ပေးထားတယ်။ ကျနေ်ာ့မှာ သူပဲ ရှိတယ်လေ။ သမီးလေးက သီချင်းဆိုကောင်းတယ်။ အဲ့အတွက် သမီးသွားချင်တဲ့ လမ်းကိုကောင်းကောင်းသွားလို့ ရအောင် သူလုပ်ချင်တာကိုမှ မလုပ်ပေးရင် ကျနော်မှာ တခြား ဘာလုပ်စရာရှိမလဲ။ သမီးလေးကို အတတ်နိုင်ဆုံး ပံ့ပိုးပေးပါ့မယ်”လို့ ဘုဏ်းသိုက် ပြောပါတယ်။

ဘုဏ်းသိုက်က လက်ရှိမှာတော့ ဇာတ်ကားများ ရိုက်ကူးနေပြီး ခရီးသွား Program လေးတွေလည်း ရိုက်ကူးနေသလို ဘုဏ်းသိုက်မှာ မြမိုးဂင်္ဂါ ဆိုတဲ့ ချစ်စရာ သမီးလေးတယောက်လည်း ပိုင်ဆိုင် ထားပါတယ်။

The post “အမှန်တရားက အင်အားအကြီးဆုံးလို့ ဘာသာရေးထဲမှာ ပါတယ်” appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...