Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

မိုးတွင်းမှာ သီချင်းတွေ သွင်းဖြစ်နေတဲ့ Iron Cross အဖွဲ့

$
0
0

ဆယ်စုနှစ်များစွာတိုင် မြန်မာနိုင်ငံရဲ့ အကောင်းဆုံး ဂီတအဖွဲ့အနေနဲ့ ရပ်တည်လာနိုင်တဲ့ Iron Cross အဖွဲ့ရဲ့ ပင်ဆိုင် အဆိုတော်တွေဖြစ်တဲ့ လေးဖြူ ၊ အငဲ ၊ ဝိုင်ဝိုင်း ၊ မျိုးကြီးတို့ကတော့ ယခု မိုးတွင်းမှာတော့ စတိတ်ရှိုးတွေနားထားပြီး သီချင်းအသစ်တွေအတွက် အသံသွင်းနေတယ်လို့ သိရပါတယ်။

“ကျနော်တို့အဖွဲ့က အဆိုတော်တွေအကုန်လုံး သီချင်းတွေ သွင်းနေကြတယ်။ မိုးတွင်းဆိုတော့ စတိတ်ရှိုးလည်း မလုပ်ဖြစ်ဘူး။ မိုးကလည်း တော်တော်ရွာတာကိုး ရန်ကုန်မှာတောင် တော်တော်ရွာတာ နယ်ဘက်တွေဆိုပိုဆိုး ရေမြှုပ်တာတွေရော ဘာရောဆိုတော့ Recording ဘက်ကိုပဲ အာရုံစိုက်နေပါတယ်။ သီချင်းသစ်တွေလည်း လုပ်နေပါတယ်” လို့ အဆိုတော် မျိုးကြီးက ပြောပါတယ်။

Iron Cross အဖွဲ့မှ အဖွဲ့သားများ ပူးပေါင်းထုတ်လုပ်ထားတဲ့ Big 9 TV ပရိုဂရမ်မှာတော့ ခရီးသွားအစီအစဉ်တွေ တင်ဆက်ပေးလျက်ရှိပြီး ယခုလက်ရှိမှာတော့ ခရီးသွားထားတာတွေ များနေတာကြောင့် ခဏနားထားတယ်လို့ ဆိုပါတယ်။

သူတို့အဖွဲ့ထဲက တေးသံရှင်ဝိုင်ဝိုင်းရဲ့ တကိုယ်အခွေကတော့ အရင်ဆုံးထွက်ရှိလာမှာဖြစ်ပြီး တခြားသောသူများကလည်း အခွေအတွက် အသံသွင်းနေကြပြီလို့ သိရပါတယ်။

လက်ရှိမှာတော့ တေးသံရှင်မျိုးကြီးက Big 9 TV ပရိုဂရမ်ရဲ့ တည်ထောင်သူတဦးအနေနဲ့ ခရီးသွား ပရိုဂရမ်များ ရိုက်ကူးနေပြီး OPPO ရဲ့ Brand Ambassador တဦးအနေနဲ့လည်း ကြေငြာတွေ ရိုက်ကူးလျက်ရှိပါတယ်။

The post မိုးတွင်းမှာ သီချင်းတွေ သွင်းဖြစ်နေတဲ့ Iron Cross အဖွဲ့ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...