Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

ဒါရိုက်တာ မိုက်တီး မူးယစ်ဆေးဝါးအမှုကို သတင်းပေးသူမှာ လီလီနိုင်ကျော် မဟုတ်ဟုဆို

$
0
0

မူးယစ်ဆေးဝါး လက်ဝယ်တွေ့ရှိမှုနဲ့ အဖမ်းခံရတဲ့ ဒါရိုက်တာမိုက်တီး အဖမ်းခံရတာဟာ လီလီနိုင်ကျော် သတင်းပေးလိုက်တာကြောင့်ဆိုတဲ့ ကောလာဟလနဲ့ ပတ်သက်ပြီး လီလီနိုင်ကျော်က သူက သတင်းပေးသူ မဟုတ်ကြောင်း အခုလို ပြောပြခဲ့ပါတယ်။

“ကိုမိုက် ဖြစ်တဲ့ညတုန်းက ကျမကို Facebook က မိတ်ဆွေတယောက်က Messenger ကနေ စာလေး လာပို့တယ်။ ကိုမိုက်တော့ ပစ္စည်းနဲ့မိသွားတယ်ဆိုပြီးတော့။ ကျမ အနေနဲ့ အဲဒီ အကြောင်းအရာကို ဘယ်တုန်းကဖြစ်တာလဲ။ ဘယ်ချိန်ကဖြစ်တာလဲဆိုတာ မသိဘူး”

“စိတ်မကောင်းတာက ဘာလဲဆိုရင် အနုပညာသမားတွေ ပါနေတယ်။ အဲဒီဟာကို နောက်ထပ် ထပ်ပြီးဖြစ်ခဲ့ရင်ဆိုပြီး Post တင်လိုက်တယ်။ အဲဒါကို ကျမက သတင်းပေးလိုက်လို့ သတင်းအရင် ရတယ်ဆိုပြီး ပြောကြတာပါ။ အမှန်တော့ အဲဒီနေ့က ဖျားနေတာပါ။ အဲဒီ စာကိုလည်း အိမ်ကနေ ဒီတိုင်းပဲ တင်လိုက်တာပါ” လို့ အဆိုတော် လီလီနိုင်ကျော်က ပြောပါတယ်။

ဒါရိုက်တာ မိုက်တီး အဖမ်းခံရပြီးတဲ့နောက်မှာ အဆိုပါသတင်းများ ထွက်ပေါ်လာတာဖြစ်ပြီး တိုင်တန်းသူရှိလို့ အဖမ်းခံရတာဖြစ်တယ်ဆိုတဲ့ ပြောဆိုမှုတွေရှိနေခဲ့ပြီး သတင်းပေး ဖမ်းစေခဲ့တဲ့အတွက် သိန်း ၃၀ ရရှိခဲ့တယ်ဆိုတဲ့ ပြောဆိုမှုများလည်း ရှိနေခဲ့ပါတယ်။

“ကိုမိုက်ကို ကျမ တိုင်တယ်တွေ ဘာတွေ ပြောနေတာတွေက မဟုတ်ပါဘူး။ ကျမ အနေနဲ့က ကိုမိုက်တီးတို့နဲ့ မတွေ့ဘူးဆိုတာလည်း ၁၀ စုနှစ်လောက်တောင် ရှိနေပါပြီ။ အပြင်မှာ တွေ့ကြရင်တောင် သူ့အနေနဲ့ ကျမကို မမှတ်မိနိုင်လောက်တဲ့ အခြေအနေမျိုးပါ”

“ပြောနေကြတဲ့ အကြောင်းအရာက လုံးဝ မဟုတ်ပါဘူး။ နောက်ပြီးတော့ သိန်း ၃၀ ရတယ် ဆိုတာကလည်း လုံးဝ မဟုတ်ပါဘူး။ ဒါကြီးက ကျမနဲ့ ကိုမိုက်တို့ကြားမှာရော ကိုမိုက်ကို အားပေးကြတဲ့ ပရိသတ်တွေကြားမှာရော ပြဿနာ အကြီးအမားကြီး ဖြစ်သွားနိုင်တဲ့ ကိစ္စမျိုးပါ” လို့ လီလီနိုင်ကျော်က ဆိုပါတယ်။

ဒါရိုက်တာ မိုက်တီးကို သြဂုတ်လ ၁၆ ရက်နေ့မှာ တာမွေမြို့နယ် အထက (၃) ရှေ့မှာ သူ့မောင်းလာတဲ့ ကားကို ပိတ်ဆို့စစ်ဆေးရှာဖွေခဲ့ရာမှာတော့ မီးခိုးရောင် မျက်မှန်ဘူးအတွင်းမှာ စိတ်ကြွရူးသွပ်ဆေးပြား ၁၇ ပြား ၁ ထုပ် ၊ အစိမ်းရောင်အဖုံးပါ ကော်ဘူးအတွင်းမှာ စိတ်ကြွရူးသွပ်ဆေးပြား ၉ ပြားပါ ၁ ဘူး ၊ စုစုပေါင်း ၂၆ ပြား အလေးချိန် ၂.၆ ဂရမ် တို့နှင့်အတူ ရှာဖွေသိမ်းဆည်းကာ ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။

လီလီနိုင်ကျော်က အဆိုပါ ဖမ်းဆီး မခံရခင်အချိန်မှာ သူမရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ဒါရိုက်တာမိုက်တီး အဖမ်းခံရတဲ့အကြောင်းကို ရေးခဲ့တာကြောင့် သူမကို တိုင်တန်းသူဖြစ်တယ်လို့ ပြောနေခြင်းဖြစ်တယ်လို့ သိရပါတယ်။

လောလောဆယ်မှာတော့ ဒါရိုက်တာမိုက်တီးကို မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၆(ဂ) နဲ့ တာမွေမြို့မရဲစခန်းမှာ အမှုဖွင့် အရေးယူထားပါတယ်။

ဆက်စပ် သတင်းလင့်ခ်များ“မိသားစုဝင်တယောက် အခုလိုဖြစ်တော့ ကျန်တဲ့သူတွေကပါ နေလို့ မရဘူး”

အစ်ကိုဖြစ်သူ ဒါရိုက်တာမိုက်တီးအတွက် စိတ်မကောင်းဖြစ်နေတဲ့ ညီမချစ်ချစ်ဇော် 

The post ဒါရိုက်တာ မိုက်တီး မူးယစ်ဆေးဝါးအမှုကို သတင်းပေးသူမှာ လီလီနိုင်ကျော် မဟုတ်ဟုဆို appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


တာချီလိတ်မြို့ ဆန်ဆိုင်း(က)ရပ်ကွက်၌ ဘိန်းဖြူ ၃၅ဂရမ် ဖမ်းဆည်းရမိ


သီတဂူဆရာတော်ကြီး၏ မွေးနေ့ ပို့စ် ဖိတ်ခေါ်


ဇွဲမလျော့သော မွန်မင်း သမိန်ထောရာမ


အသက်နှစ်ဆယ်ပြည့်တော့မယ့် ဝါဆိုမိုးဦး ကတော့ မင်္ဂံလာဆောင်တာကို အားကြမိတယ် ဆိုပဲ


မောင်စွမ်းရည် ● ဂျပန်စကားသင် ကျောင်းသား မောင်ဘဂျမ်း


လင်တရူးမများ၏ ရောဂါ လက္ခဏာ (၁၃) ချက်..


သူ့ ကိုမချစ်ဘူး......


ဗိုက်ပေါက်ရဲ.အနာကို ဘယ်သူဆေးကုပေးမှာလဲ ( ဇော်သက်ထွေး )


မြန်မာနှစ်သစ်-အပြောင်း- သက္ကရာဇ်အကြောင်းသိကောင်းစရာ