Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

“ခသုံးလုံး” ရုပ်ရှင်ထုတ်လုပ်ရေးအကြောင်း ပြောပြလာတဲ့ အကယ်ဒမီ ခန့်စည်သူ

$
0
0

သရုပ်ဆောင် ခန့်စည်သူ၊ ထွန်းအိန္ဒြာဗိုလ်နဲ့ ခိုင်သင်းကြည်တို့ ၃ ဦးပေါင်း လုပ်ဆောင်မယ့် “ခသုံးလုံး”ထုတ်လုပ်ရေးအတွက် သရုပ်ဆောင်သစ်များ ရွေးချယ်ပွဲကို မကြာသေးခင်က ပြုလုပ်ခဲ့ပါတယ်။

“ခသုံးလုံး ထုတ်လုပ်ရေးအတွက် လိုအပ်တဲ့သရုပ်ဆောင် လူရွေးတယ်ဆိုပေမယ့် ဒီအတွက် သက်သက်ကြီးပဲ မဟုတ်ပါဘူး။ ကျနော်တို့နိုင်တဲ့ဝန်လေးနဲ့ ရုပ်ရှင်လောကအတွက် တထောင့် တနေရာကနေ ဖြည့်ဆည်းအားဖြည့်ပေးခြင်းပါပဲ။ ကျနော်တို့စိတ်ထဲက သဘောကျရင်၊ ဒိုင်တွေ သဘောကျရင် ရွေးမယ်။ လူဦးရေ သတ်မှတ် မထားပါဘူး”လို့ ထုတ်လုပ်ရေးမှာ ပါဝင်တဲ့ အကယ်ဒမီ ခန့်စည်သူက ဆိုပါတယ်။

သရုပ်ဆောင်သစ် ရွေးချယ်ဖြစ်တဲ့ ရည်ရွယ်ချက် စိတ်ကူးကိုလည်း ခန့်စည်သူက အခုလို ပြောပြပါတယ်။

“ကျနော် အရင်ကလည်း အနုပညာပျိုးခင်းမှာ အတွေ့အကြုံတွေရှိခဲ့ပါတယ်။ အခုလည်း ဘာလို့ ဒီလိုလုပ်ရတာလဲဆိုတော့ ဒီဖက်ခေတ် အနေအထားမှာက ဗီဒီယိုဆိုတာလည်း လောက်လောက်လားလား မရှိတော့ဘူး။ ရုပ်ရှင်ကျတော့လည်း နာမည်ရသရုပ်ဆောင်တွေ ရိုက်နေတယ်။ ဇာတ်ကားတွေ block ဖြစ်လာတဲ့အခါမှာ ရိုက်ကူးမှုတွေနည်း နည်းလာတဲ့အတွက် သရုပ်ဆောင်သစ်တွေ အနုပညာလောကကို ထိုးဖောက်ဝင်ရောက်ဖို့အတွက် အရမ်းကြီး အခွင့်အရေးနည်းတယ်။ ဒါကြောင့် ကျနော်တို့တတ်နိုင်တဲ့ဘက်က သရုပ်ဆောင်သစ်တွေကို လက်တွဲခေါ်တာပါ”လို့ ခန့်စည်သူက ဆိုပါတယ်။

အရွေးချယ်ခံရတဲ့ သရုပ်ဆောင်များအနေနဲ့ အနီးစပ်ဆုံး ၁၁ လပိုင်းမှာ ရိုက်မယ့် ဇာတ်ကားမှာ ပါဝင် သရုပ်ဆောင်ကြရမှာဖြစ်ပြီး ငပလီမှာ သွားရောက်ရိုက်ကူးမယ့် ကမ်းခြေဇာတ်ကား တကား ဖြစ်ပါတယ်။

“နောက်ပိုင်း အလျဉ်းသင့်ရင် သင့်သလို ကျနော်တို့ဆီက ရိုက်မယ့် ဇာတ်ကားတွေရော၊ သူတို့အနုပညာ အရည်အချင်းအရ ကြိုးစားအားထုတ်မှုနဲ့ အခြားခြားသော ထုတ်ဝေရေးတွေက ရိုက်ကူးချင်တယ် ဆိုပြီး လာကမ်းလှမ်းရင်လည်း ရိုက်ကူးခွင့် ပြုမှာပါ”လို့ ဆိုပါတယ်။

ဘယ်လိုအချက်တွေနဲ့ ရွေးချယ်တယ်ဆိုတာနဲ့ပတ်သက်ပြီးလည်း ခန့်စည်သူက “ကျနော်တို့ သူတို့ကို ရွေးချယ်ရင်း စမ်းသပ်တာပေါ့။ အဲဒီစမ်းသပ်မှုတွေကနေ သူတို့အရည်အချင်းတွေ ပေါ်လာတာပေါ့။ ဒီတယောက် အရည်အချင်းနဲ့ ဟိုတယောက်အရည်အချင်း ဆိုတာက မတူဘူးလေ။ သူတို့ တယောက်ချင်းစီရဲ့ အရည်အချင်းကို မူတည်ပြီးမှ ဆုံးဖြတ်ရတာပေါ့”လို့ ခန့်စည်သူက ပြေပါတယ်။

ပြိုင်ပွဲကိုလာရောက်ယှဉ်ပြိုင်တဲ့ပြိုင်ပွဲဝင် ယောက်ကျားလေး ၁၀ ဦး၊ မိန်းကလေး ၂၀ဦးရှိခဲ့ပြီး ပြိုင်ပွဲဝင်များရဲ့အနေအထားနဲ့ ပတ်သက်ပြီးလည်း အခုလိုဆိုပါတယ်။ “အတော်ကြိုးစားကြပါတယ်။ တော်တော်တော်တဲ့ ကလေးတွေ၊ တော်တော်ထက်တဲ့ ကလေးတွေတွေ့ရပါတယ်”လို့ ခန့်စည်သူက ပြောပါတယ်။

ဒိုင်လူကြီးများအနေနဲ့ ခန့်စည်သူ၊ ထွန်းအိန္ဒြာဗို၊ ခိုင်သင်းကြည်တို့အပြင် ဒါရိုက်တာ အာရုဏ်ဦး ကိုဇော် ၊ Beauty blogger နေခြည်ဦးတို့ ပါဝင်တာ တွေ့ရပါတယ်။ နေခြည်ဦးကို ဒိုင်လူကြီးအဖြစ် ထည့်သုံးဖြစ်တာနဲ့ ပတ်သက်ပြီးလည်း ခန့်စည်သူက အခုလို ဖြေရှင်း ပြောဆိုပါတယ်။

“ဒါကတော့ တော်တော်များများက ပြဿနာလို့ ယူဆနေကြတယ်။ ကျနော်တို့အတွက်က ဒါပြဿနာ မဟုတ်ပါဘူး။ မေးခွန်း တခုအနေနဲ့လည်း ထွေထွေထူးထူးတော့ ကျနော်တို့ ဖြေမနေတော့ပါဘူး။ ဘာကြောင့်လဲဆိုတော့ နေခြည်ဦးကလည်း သူ့အတွေ့အကြုံနဲ့ မေးတယ်။ အမှတ်ကလည်း ကျနော်တို့က ဝိုင်းပေးကြတာပါ။ သူက သူ့ရဲ့အတွေ့အကြုံအရ မိတ်ကပ်နဲ့ ဖြစ်ဖြစ်၊ အလှအပနဲ့ပဲ ဖြစ်ဖြစ် စိတ်ခံစားချက်နဲ့ပဲဖြစ်ဖြစ် သူကမေးခွန်းမေးမယ်။ အဲဒီအပေါ်မှာ ကျနော်တို့က အမှတ် ဝိုင်းပေးကြပေါ့။ တဦးတယောက်တည်းနဲ့လည်း လုပ်လို့မရပါဘူး”လို့ ခန့်စည်သူက ပြောပါတယ်။

လူပျိုကြီးစာရင်းဝင်တဲ့ ခန့်စည်သူရဲ့ သီတင်းကျွတ် အစီအစဉ်နဲ့ပတ်သက်ပြီး မေးမြန်းရာမှာ “သီတင်းကျွတ်မှာ သက်ကြီးဝါကြီး ဆရာသမားတွေကို လိုက်ကန်တော့မယ်”လို့ ဆိုပါတယ်။

“ခသုံးလုံး” ရုပ်ရှင်ထုတ်လုပ်ရေးမှ နောက်ထပ်ရိုက်ကူးမယ့် ဇာတ်ကားသစ်ကြီးအတွက် ရွေးချယ် လိုက်တဲ့ သရုပ်ဆောင်သစ်များကတော့ အာကာဝင်းနိုင်၊ ထက်အာကာဟိန်း၊ P ဂျာဆိုင်းဘူ၊ ပြည့်ဖူးမွန်တို့ပဲဖြစ်ပါတယ်။

The post “ခသုံးလုံး” ရုပ်ရှင်ထုတ်လုပ်ရေးအကြောင်း ပြောပြလာတဲ့ အကယ်ဒမီ ခန့်စည်သူ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...