Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

“တိုင်းပြည်ငြိမ်းချမ်းဖို့ လုပ်နေတယ် မူးယစ်ဆေးဝါးတွေက ဒလဟောဝင်နေတယ်”

$
0
0

မကြာသေးခင် ကာလအတွင်းက အနုပညာရှင်အချို့ မူးယစ်ဆေးဝါး အမှုများနဲ့ ဆက်တိုက် ဆိုသလို ဖမ်းဆီးခံနေရပါတယ်။ ဖမ်းဆီးခံရတဲ့ အနုပညာရှင်တွေထဲမှာ အဆိုတော် ရွှေထိုက်၊ အဆိုတော် ရသ၊ ဒါရိုက်တာ မိုက်တီးတို့ ပါဝင်ပြီး ဒါရိုက်တာ မိုက်တီး အဖမ်းခံရတာနဲ့ ပတ်သက်လို့ မိုက်တီးရဲ့ မိတ်ဆွေ၊ သူငယ်ချင်း ဖြစ်သူ သရုပ်ဆောင် အရိုင်းက အခုလို ဆိုပါတယ်။

“တိုင်းပြည်ငြိမ်းချမ်းဖို့ ငြိမ်းချမ်းရေး လုပ်နေတယ်။ ဒီမူးယစ်ဆေးဝါးတွေက ဒလဟော ဝင်နေတယ်။ ဘယ်နေရာ သွားငြိမ်းမလဲ။ မူးယစ်ဆေးဝါး ဘယ်သူမှ မကြိုက်ပါဘူး။ ဘယ်နိုင်ငံမှ မကြိုက်ဘူး။ တကမ္ဘာလုံး မကြိုက်ဘူး။ အဲ့ဒါနဲ့ ပတ်သက်ပြီး ချမ်းသာနေသူတွေလည်း အများကြီးရှိတာပဲ။ ကောင်းသလား၊ မြဲမလား သူများမျက်ရည်ကျပြီးမှ ရတဲ့ ပိုက်ဆံမမြဲပါဘူး။”

“ဖြစ်သွားတဲ့ သူကတော့ မတတ်နိုင်ဘူး။ ဘယ်သူမပြု မိမိမှုပဲ။ ကိုယ့်သူငယ်ချင်းမို့ သနားပါတယ်။ ကိုယ့်သူငယ်ချင်းဖြစ်တယ်။ သူ့ဟာသူ ခံသွားရတယ်။ တရားသဘောတွေ အရပဲ ဦးရိုင်းတို့ ဆင်ခြင်ရမှာပါပဲ။ တခြားသူဖြစ်လည်း ဦးရိုင်းတို့မကြိုက်ဘူး။ ကိုယ့်သူငယ်ချင်းဖြစ်လည်း ဦးရိုင်းတို့ မကြိုက်ဘူး။ ဦးရိုင်းတို့က ဘယ်သူလုပ်လုပ် မကြိုက်ဘူး”လို့ သရုပ်ဆောင် အရိုင်းက ပြောပါတယ်။

“မူးယစ်ဆေးဝါးနဲ့ ပတ်သက်ပြီး ရပ်တန့်သွားအောင် ဘယ်လိုလုပ်ရမလဲ ဆိုတာ ဝိုင်းစဉ်းစား ပေးရမယ်။ ပဲကြီးလှော်လိုပဲ ကြယ်သီး ဆိုတဲ့ မူးယစ်ဆေးဝါးအလုံးလေးတွေက ပဲကြီးလှော်စားသလို ဒလဟောထွက်နေတဲ့အခါ ဘယ်ကရတာလဲလို့ မေးရမလို ဖြစ်နေပြီ။ ကောင်းသလား။ နယ်စပ်မှာလည်း မိတယ် ပြောတယ်။ နယ်စပ်ကလူတွေလည်း မေးချင်တယ်။ ကောင်းလား”လို့ အရိုင်းက ဆိုပါတယ်။

“မူးယစ်ဆေးဝါးနဲ့ ပတ်သက်ရင်တော့ ပြောမနေနဲ့။ ဟိုလူ ဖမ်းခံရတယ်။ ဒီလူ ဖမ်းခံရတယ်။ ဟိုလူ ပါသွားပြီ။ ဒီလူ ပါသွားပြီဆိုတာ ဒီခေတ်မှမဟုတ်ဘူး။ ဟိုခေတ်မှာလည်း ဖမ်းခံရတာပဲ။ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်လက်ထက်တည်းက ရှိတဲ့ မူးယစ်ဆေးဝါးဟာ ခုချိန်ထိ ရှိနေသေးတယ် ဆိုတာ ဘာလဲလို့သာ စဉ်းစားသာကြည့်လိုက်ပေါ့” လို့ ပြောပါတယ်။

“မကောင်းဘူးသာပြောနေတယ်။ တော်ကြာနေ ဟိုစက်ရုံထဲမှာ အလုံး ၅ သိန်းလောက်မိပြန်ပြီ၊ ဘယ်လောက် မိပြန်ပီဆိုပြီး ဒီစက်ရုံတွေရှိနေတော့ ဘာလဲထုတ်ဖို့ပေးထားတာလား။ ဒါတွေ ပေါများတဲ့ အခါကျတော့ ဒါတွေရပ်တန့်သွားအောင် ဘယ်လိုလုပ်မလဲဆိုတာ ဝိုင်းစဉ်းစားပေးရမယ်”

လက်ရှိမှာတော့ သရုပ်ဆောင် အရိုင်းဟာ ဇာတ်ကားတွေရိုက်ကူးနေသလို မကြာခင်က ရုံတင် ပြသခဲ့တဲ့ “နာနာဘာဝချစ်သူ” ဇာတ်ကားမှာလည်း ထိုင်းဘာသာပြန်တယောက် အနေနဲ့ ပါဝင်ထားပါသေးတယ်။

The post “တိုင်းပြည်ငြိမ်းချမ်းဖို့ လုပ်နေတယ် မူးယစ်ဆေးဝါးတွေက ဒလဟောဝင်နေတယ်” appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...