Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

ဗီလိန်ဇာတ်ရုပ်ကို အားပေးလို့ အားရှိတယ် ဆိုတဲ့ “မေပန်းချီ”

$
0
0

ဗီလိန်ဇာတ်ရုပ်ကို ပီပီပြင်ပြင်သရုပ်ဆောင်နိုင်တဲ့ မေပန်းချီက “ နေရယ်၊ လရယ်၊ အမှန်တရားရယ်” ကားထဲမှာလည်း အခွန်ရုံးက ဝန်ထမ်းနေရာမှ သရုပ်ဆောင်သွားမယ်လို့ သိရပါတယ်။

“ပန်းချီအတွက် “နေရယ်၊ လရယ်၊ အမှန်တရားရယ်” ဇာတ်ကားမှာ နည်းနည်းခက်ခဲတယ်။ စကားတွေကို တသွေမတိမ်း မှားလို့မရဘူး။ နိုင်ငံတရားဥပဒေမျှတတဲ့ ဟာတွေနဲ့ဆိုတော့ ဒိုင်ယာလော့ခ်တွေက ခက်တယ်။ ပီပီသသပြောရတယ် ပန်းချီက မွန်မဆိုတော့ စကားသိပ်မပီတာလည်း ခက်ခဲတယ်”

“ဒီကားထဲမှာ အခွန်ရုံးက ဝန်ထမ်းနေရာက သရုပ်ဆောင်ရမှာပါ။ အရင်ခေတ်တုန်း ဗီလိန်နေရာမျိုးဆို အရမ်းမုန်းမှာပဲ။ ဒီဘက်ခေတ်မှာကတော့ အဲ့တာတွေမရှိတော့ဘူး။ ဗီလိန်ဆိုတော့ အားပေးကြတယ်။ အဲ့အတွက် အားနည်းနည်း ရှိတယ်။ ပန်းချီ ဒီကားမှာ ဗီလိန်သရုပ်ဆောင်ရမှာ တကယ်ဖြစ်နေတဲ့ အမှန်တရားတွေကို ရိုက်ပြထားတာဖြစ်တယ်။ ပန်းချီရိုက်ခဲ့တဲ့ ကားတွေထဲမှာ ဒီကားက ပန်းချီအတွက် အနှစ်သာရ အရမ်းရှိတယ်လို့ ထင်တယ်”

” အစချိတ်တုန်းကတော့ ငြင်းဖို့စဉ်းစားသေးတယ်။ ဗီလိန်မလုပ်ချင်ဘူးပေါ့။ ဆိုင်ကလည်း တဖက်ဆိုတော့ ငြင်းခဲ့တဲ့တယ်။ သေချာဇာတ်ကို ဖတ်လိုက်တော့မှ ပြည်သူအတွက် ပညာရမယ့် စီးရီးတွဲလေးမလို့ ရိုက်ဖြစ်ခဲ့တယ်။ ပန်းချီတို့ အခု Facebook တွေမှာလည်းတွေ့တယ်” လို့ မေပန်းချီ ဆိုပါတယ်။

ဆက်လက်ပြီး မေပန်းချီက မန္တလေးမြို့မှာဒုစရိုက်မှုများဖြစ်ပွားနေတာနဲ့ ပတ်သက်ပြီးလည်း မေပန်းချီက သူရဲ့ အမြင်ကို အခုလိုဆိုပါတယ်။

“မန္တလေးက သူငယ်ချင်းတွေကိုလည်း ဖုန်းဆက်တော့ ညဘက်ဆို လူတွေမရှိတော့ဘူး ပြောတယ်။ လွတ်လွတ်လပ်လပ်မရှိတော့ဘူးပေါ့။ ပြီးတော့ ဘာမဟုတ်တာလေးနဲ့ ဖြစ်နေကြတော့ မဖြစ်စေချင်ဘူးပေါ့။ မန္တလေးမှာဆိုရင်လည်း သီချင်းသွားဆိုရတော့ ညသန်းခေါင်မှ ပြန်ရတော့ ကြောက်တယ်” လို့ ဆိုပါတယ်။

လတ်တလောမှာတော့ မေပန်းချီ ရဲ့ ခွေးလေးက ကားတိုက်ခံရပြီးသေဆုံးသွားတယ်လို့ဆိုပြီး သူ့ရဲ့ခွေးလေးနဲ့ ပတ်သက်တဲ့ခံစားချက်ကို အခုလိုဆိုပါတယ်။

“ပန်းချီ ခွေးလေးကို စမွေးတည်းက သူများတော့ ယုံတာမယုံတာမသိဘူး။ ပန်းချီသူ့ကိုအရမ်းချစ်တယ်။ သူ့ကို မွေးလိုက်ချိန်မှာ ပန်းချီဘဝအရမ်းပြောင်းလဲသွားတယ်လို့ ခံစားရတယ်။ သူ့ကိုမွေးတဲ့အချိန်မှာ ကားတွေရိုက်ရတယ်။ ကားတွေဝယ်နိုင်တယ်။ စီးပွားတက်တယ်။ အိမ်ရာထဲမှာ ကားတိုက်သွားတယ်”

“ပန်းချီ အထီးကျန်တုန်းက ရည်းစားမရှိတဲ့ အချိန်တုန်းက ခွေးလေးမွေးဖြစ်တယ်။ နောက်ထပ်လည်း ခွေးလေးတွေ မဝယ်ချင်တော့ဘူး၊ မမွေးချင်တော့ဘူး။ ဘာလို့လဲဆို ပန်းချီတို့ ချစ်လို့ဆိုပြီးဝယ်တယ်။ ကိုယ်ကခရီးတွေ သွားနေရတော့ အိမ်ကမိဘတွေကပဲ လုပ်ပေးနေရတယ်။ ကိုယ်ကမိဘကိုမပြုစုရဘူး။ မိဘတွေကပဲ ပိုပင်ပန်းတယ်။ ဒါကြောင့် မမွေးဖြစ်တော့ဘူး။ အိမ်မှာတော့ ခုတော့ အဲ့ခွေးလေးရဲ့ မိန်းမနဲ့ ကလေးကျန်နေပါသေးတယ်’’ လို့ ပြောပါတယ်။

The post ဗီလိန်ဇာတ်ရုပ်ကို အားပေးလို့ အားရှိတယ် ဆိုတဲ့ “မေပန်းချီ” appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles