Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

ကမ္ဘာကျော်ဟာသရုပ်ရှင် “Police Academy” ဇာတ်လမ်းအသစ် မကြာမီလာမည်

$
0
0

မင်းသား Steve Guttenberg က ကမ္ဘာကျော် “Police Academy” ရုပ်ရှင်အသစ်ကို မကြာမီ မြင်တွေ့ရမှာ ဖြစ်တယ်လို့ လူမှုကွန်ရက်မီဒီယာပေါ်မှာ ကြေညာခဲ့ပါတယ်။

“Police Academy” အတွဲလိုက် ရုပ်ရှင်ဟာ ၁၉၈၄ ခုနှစ်က ဒါရိုက်တာ Hugh Wilson ရိုက်ကူးခဲ့တဲ့ ရုပ်ရှင်နဲ့ အစပြုခဲ့တာလည်း ဖြစ်ပါတယ်။ အဲဒီပထမဆုံး ရုပ်ရှင်မှာတော့ Guttenberg, Kim Cattral နဲ့ G.W. Bailey တို့အပြင် အခြားဟာသသရုပ်ဆောင်တွေလည်း ပါဝင်ခဲ့ပါတယ်။

ရုံဝင်ငွေစာရင်းမှာတော့ အဲဒီရုပ်ရှင်ဟာ ထင်မှတ်မထားရလောက်အောင်ကို အောင်မြင်ခဲ့ပြီး ၁၉၈၀ နဲ့ ၁၉၉၀ ပြည့်လွန်နှစ်တွေမှာ နောက်ဆက်တွဲ ရုပ်ရှင်တွေ ဆက်တိုက် ရိုက်ကူးခဲ့ရတဲ့အထိ အောင်မြင်ခဲ့ပါတယ်။

လွန်ခဲ့တဲ့ ၂၀၀၀ ပြည့်နှစ်အစောပိုင်းကာလများမှာတော့ အဋ္ဌမမြောက် “Police Academy” ရုပ်ရှင် ရိုက်ကူးတော့မှာ ဖြစ်တဲ့အကြောင်း ကောလာဟလတွေ ထွက်ပေါ်ခဲ့ပါသေးတယ်။ ကံမကောင်းချင်တော့ အဲဒီရုပ်ရှင်ကို ၂၀၀၆ ခုနှစ် အထိ ရွှေ့ဆိုင်းခဲ့ပြီး ဆယ်စုနှစ်တခုကျော်ကြာ ရိုက်ကူးရေး လုပ်ငန်းကို ရပ်နားခဲ့ရပါတယ်။

ရုပ်ရှင်နဲ့ ပတ်သက်လို့ နောက်ဆုံးသတင်းကတော့ ဇာတ်ညွှန်းရေးဆရာ Jeremy Garelick ကို ဇာတ်ညွှန်းရေးသားဖို့ ငှားရမ်းလိုက်တာပဲ ဖြစ်ပါတယ်။

Twitter မှာ ပရိသတ်တဦးရဲ့ မေးခွန်းကို တုံ့ပြန်ဖြေကြားရာမှာတော့ ရုပ်ရှင်မှာ တပ်ကြပ် Mahoney အဖြစ် သရုပ်ဆောင်ခဲ့တဲ့ မင်းသား Steve Guttenberg က “Police Academy 8” ရုပ်ရှင်ကို ဖန်တီးနေပြီ ဖြစ်ကြောင်း အတည်ပြုခဲ့ပါတယ်။ သူက “နောက်ထပ် Police Academy ရုပ်ရှင်လာတော့မှာပါ။ အသေးစိတ်ကိုတော့ မသိရသေးပေမယ့် လက်ဆောင်အနေနဲ့ အသင့်ဖြစ်နေပါပြီ” လို့ ရေးသားခဲ့တာ ဖြစ်ပါတယ်။

Police Acadamy ရုပ်ရှင်တွေဟာ တူညီတဲ့အကြောင်းအရာတခုအပေါ်မှာပဲ အခြေခံထားတဲ့ ဟာသရုပ်ရှင် ဖြစ်ပါတယ်။ ရဲအကယ်ဒမီတခုမှာ တပ်သားအသစ်တွေဖြစ် သင်တန်းတက်ရောက်နေသူတွေနဲ့ နည်းပြတွေ အကြားက အခက်အခဲ၊ အလွဲအချော်တွေကို ဟာသနှောပြီး ရိုက်ကူးထားတာဖြစ်ပါတယ်။

ရဲအရာရှိတွေအဖြစ် ပါဝင်သရုပ်ဆောင်ကြတဲ့သူတဦးချင်းထံမှာလည်း မတူညီတဲ့ စွမ်းရည်တွေနဲ့ ပြည်သူတွေအပေါ် အကာအကွယ်ပေးဖို့ အမြဲအဆင်သင့်ရှိနေကြတဲ့အကြောင်း ဇာတ်အိမ်တည်ထားတာ ဖြစ်ပါတယ်။

Ref: screenrant

The post ကမ္ဘာကျော်ဟာသရုပ်ရှင် “Police Academy” ဇာတ်လမ်းအသစ် မကြာမီလာမည် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...